မင်းဘူးမြို့မှ ဧရာဝတီမြစ်အတွင်းမှ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ရုတ်တရက်မိုးရွာသဖြင့် ပြိုင်ပွဲရပ်နားထားရ
မင်းဘူးမြို့မှ ဧရာဝတီမြစ်အတွင်းမှ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ရုတ်တရက်မိုးရွာသဖြင့် ပြိုင်ပွဲရပ်နားထားရ
အောကျတိုဘာ 29, 2016
By Tachileik News Agency
မင်းဘူးမြို့၏ အထင်ကရသမိုင်းဝင် ရှင်ပင်စက္ကိန်းတည်းစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ရွှေထီးတော်တင်အောင်ပွဲ အထိမ်းအမှတ် အဖြစ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအား အောက်တိုဘာလ (၂၄)ရက် နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပရန် လျာထားခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် (၁၀)သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
မြန်မာ့ရိုးရာ မပျက်စေရန် အဆိုပါ လှေလှော်ပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ပြီး လောင်းကစား ပြုလုပ်ခြင်းကို တားမြစ်ထားကာ လှေလှော်ပြိုင်ပွဲဝင် အသင်းသားများအား စည်းကမ်းသတ်မှတ်ချက် (၁၇) ချက်ဖြင့် သတ်မှတ်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း လှေလှော်ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲတွင် ဘုရားကြီး၏ သမိုင်းဝင်လှေများဖြစ်သည့် “ဆယ်သိန်း" “ဆယ်သန်း" ပြိုင်လှေ နှစ်စီးကို အသုံးပြု၍ ယှဉ်ပြိုင်လှော်ခတ်စေခြင်းဖြစ်ကြောင်း သိရပြီး ပထမဆု ကျပ်(၃)သိန်း၊ ဒုတိယဆု ကျပ်(၂) သိန်း၊ တတိယဆု ကျပ်(၁)သိန်း၊ ကျန်ပြိုင်ပွဲဝင်အသင်းများအား နှစ်သိမ့်ဆု ကျပ်(၅)သောင်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မင်းဘူးမြို့တွင် နှစ်ပေါင်း (၃၀)ကျော် ပျောက်ကွယ်နေသည့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအား ဧရာဝတီမြစ်အတွင်း ကျင်းပနေရာမှ မိုးရွာလာသဖြင့် အောက်တိုဘာလ (၂၈)ရက်မှစတင်ကာ ယနေ့အထိ ပြိုင်ပွဲ ခေတ္တရပ်နားထားရကြောင်း သိရသည်။
မင်းဘူးမြို့၏ အထင်ကရသမိုင်းဝင် ရှင်ပင်စကိ္ကန်းတည်းစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ရွှေထီးတော်တင်အောင်ပွဲ အထိမ်းအမှတ် အဖြစ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအား အောက်တိုဘာလ (၂၄)ရက် နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပရန် လျာထားခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် (၁၀)သင်း ပါဝင်ယှဉ်ပြိုင်နခြေင်းဖြစ်သည်။
မြန်မာ့ရိုးရာ မပျက်စေရန် အဆိုပါ လှေလှော်ပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ပြီး လောင်းကစား ပြုလုပ်ခြင်းကို တားမြစ်ထားကာ လှေလှော်ပြိုင်ပွဲဝင် အသင်းသားများအား စည်းကမ်းသတ်မှတ်ချက် (၁၇) ချက်ဖြင့် သတ်မှတ်ယှဉ်ပြိုင်စခြေင်းဖြစ်ကြောင်း လှေလှော်ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
“မင်းဘူးမြို့ရဲ့အထင်ကရ သမိုင်းဝင်စကိ္ကန်းတည်းဘုရားကြီးကို ရှေးအစဉ်အလာအဆက်ဆက်က ဘုရားပွဲ တော်ကျင်းပတဲ့ ကာလများမှာ မြန်မာ့ရိုးရာ လှေလှော် သဘင်ပွဲတော်နှင့် နွားအလှ ပြိုင်ပွဲတွေကို ထည့်သွင်း ကျင်းပလေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီပြိုင်ပွဲတွေ တိမ်မြုပ်ပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း သုံးဆယ်နီးပါး ကြာခဲ့ပါပြီ။ ဒီနှစ်မှာတော့ မြန်မာ့ရိုးရာ ရှေးထုံး အစဉ်အလာကို ဖော်ထုတ် တဲ့အနေနဲ့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ပြန်လည်ကျင်းပ ပေးရခြင်းဖြစ်တယ်။"ဟု လှေလှော်ပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးတင်ယု က ပြောပြသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲတွင် ဘုရားကြီး၏ သမိုင်းဝင်လှေများဖြစ်သည့် “ဆယ်သိန်း" “ဆယ်သန်း" ပြိုင်လှေ နှစ်စီးကို အသုံးပြု၍ ယှဉ်ပြိုင်လှော်ခတ်စခြေင်းဖြစ်ကြောင်း သိရပြီး ပထမဆု ကျပ်(၃)သိန်း၊ ဒုတိယဆု ကျပ်(၂) သိန်း၊ တတိယဆု ကျပ်(၁)သိန်း၊ ကျန်ပြိုင်ပွဲဝင်အသင်းများအား နှစ်သိမ့်ဆု ကျပ်(၅)သောင်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~