တရုတ္က ေျပာင္းအဝယ္ရပ္လိုက္ၿပီးေနာက္ ေက်ာက္မဲ၌ ၾကက္စာကုန္ၾကမ္း အရည္အေသြး က်ဆင္းလာ

တရုတ္က ေျပာင္းအဝယ္ရပ္လိုက္ၿပီးေနာက္ ေက်ာက္မဲ၌ ၾကက္စာကုန္ၾကမ္း အရည္အေသြး က်ဆင္းလာ
အောက်တိုဘာ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ေမြးျမဴေရး ၾကက္စာအျဖစ္ အသံုးျပဳသည့္ ကုန္ၾကမ္း ေျပာင္းမ်ားကို တရုတ္က အဝယ္ရပ္ထားသျဖင့္ ေျပာင္းဆံအသစ္ အေဟာင္းေရာေႏွာ ေရာင္းခ်လာရာ ေဒသတြင္း ၾကက္စာအရည္ အေသြးက်လာသျဖင့္ ေဒသတြင္း ေမြးျမဴေရးသမားမ်ား ထိခိုက္လာေၾကာင္း သိရသည္။

“မႏွစ္ကေျပာင္းဆံ အေဟာင္းက ဒီႏွစ္ေပၚတ့ဲ ေျပာင္းထက္ ေစ်းပိုရတယ္ေလ။ အဲဒါေၾကာင့္ တခ်ိဳ႕က လူလည္က်တာ။ တရုတ္က အဝယ္ပိတ္ထားေတာ့ ၾကက္ၿခံသမားေတြပဲ သံုးဖို႔ရွိတာ။ အဲဒီလို (ေျပာင္းဆံ) အေဟာင္းနဲ႔အသစ္ ေရာထားတာမိေတာ့ နစ္နာတာေပါ့။ မလုပ္သင့္ ဘူး"ဟု ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာမွ ေျပာင္းဆံ ဝယ္ေရာင္းလုပ္ကိုင္သူ ဦးအိုက္လန္း  က ေျပာသည္။

ၾကက္စာအရည္အေသြးက်ဆင္းမႈေၾကာင့္ ၾကက္မ်ားတြင္ အစာလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ား ပိုမိုျဖစ္ပြား လာေၾကာင္း ေက်ာက္မဲရွိ ေမြးျမဴေရးသမားမ်ား ထံမွသိရသည္။

“ေျပာင္းကလည္း မႏွစ္ကေျပာင္းနဲ႕ ဒီႏွစ္ေျပာင္း ေရာထည့္ခံရတာေတြရွိတယ္။ စိုထိုင္းဆမညီေတာ့ ၾကက္ေတြ အစာလမ္းေၾကာင္းေရာဂါ အျဖစ္မ်ားလာတယ္ “ ဟု ၾကက္ေမြးျမဴေရး လုပ္ကိုင္သူ ကိုေဌးက ေျပာသည္။

အခ်ိဳ႕ေျပာင္းပြဲစားမ်ားက ယခင္ႏွစ္လက္က်န္ ေျပာင္းဆံအေဟာင္းႏွင့္ ယခုႏွစ္ ေျပာင္းဆံအသစ္အား ေရာေႏွာေရာင္းခ်ျခင္းေၾကာင့္ ေျပာင္းဆံစိုထိုင္းဆ မညီမမ်ွျဖစ္ရသျဖင့္ အစာလမ္းေၾကာင္းေရာဂါ ျဖစ္ပြားကာ ၾကက္မ်ားဥႏႈန္း က်ဆင္းျခင္း၊ ေသဆံုးျခင္းမ်ား ျဖစ္ပြားေနေၾကာင္း သိရသည္။

“အရင္ကေတာ့ အစာကို ကိုယ္တိုင္စပ္ၾကတယ္။ အဲဲဒါက သန္႔ေသးတယ္။ အခုက ကိုယ္တိုင္စပ္တာ သိပ္မရွိေတာ့ဘူး။ ဗီယက္နမ္ကဝင္တ့ဲ အစာႏုကို ဒီက ကုန္ၾကမ္းနဲ႕အခ်ိဳးက်ေရာၿပီး ျပန္ေကြ်းရတာ။ အဓိကကုန္ၾကမ္းျဖစ္တ့ဲ ေျပာင္းဆံက အေရာျဖစ္ေနရင္ ခုနက ၾကက္ေရာဂါျဖစ္ေတာ့တာပဲ “ ဟု ေမြးျမဴေရးသမား ကိုရဲလင္း ကေျပာသည္။

ရွမ္းျပည္နယ္အတြင္း ဥစားၾကက္၊ အသားစား ၾကက္ ေမြးျမဴေရးလုပ္ငန္းကို ေတာင္ႀကီးႏွင့္ ေက်ာက္မဲ ၿမိဳ႕မ်ား၌ အမ်ားဆံုးလုပ္ကိုင္ၿပီး ရွမ္းျပည္နယ္မွထြက္ရွိသည့္ ၾကက္ဥမ်ားမွာ ျပည္တြင္း၌ အရည္အေသြး အေကာင္းမြန္ဆံုး ဟု အသိအမွတ္ျပဳခံထားရေၾကာင္း ေမြးျမဴေရးသမားမ်ားထံမွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် မွေးမြူရေး ကြက်စာအဖြစ် အသုံးပြုသည့် ကုန်ကြမ်း ပြောင်းများကို တရုတ်က အဝယ်ရပ်ထားသဖြင့် ပြောင်းဆံအသစ် အဟောင်းရောနှော ရောင်းချလာရာ ဒေသတွင်း ကြက်စာအရည် အသွေးကျလာသဖြင့် ဒေသတွင်း မွေးမြူရေးသမားများ ထိခိုက်လာကြောင်း သိရသည်။

“မနှစ်ကပြောင်းဆံ အဟောင်းက ဒီနှစ်ပေါ်တဲ့ ပြောင်းထက် ဈေးပိုရတယ်လေ။ အဲဒါကြောင့် တချို့က လူလည်ကျတာ။ တရုတ်က အဝယ်ပိတ်ထားတော့ ကြက်ခြံသမားတွေပဲ သုံးဖို့ရှိတာ။ အဲဒီလို (ပြောင်းဆံ) အဟောင်းနဲ့အသစ် ရောထားတာမိတော့ နစ်နာတာပေါ့။ မလုပ်သင့် ဘူး"ဟု ကျောက်မဲမြို့ ခိုမုန်းကျေးရွာမှ ပြောင်းဆံ ဝယ်ရောင်းလုပ်ကိုင်သူ ဦးအိုက်လန်း က ပြောသည်။

ကြက်စာအရည်အသွေးကျဆင်းမှုကြောင့် ကြက်များတွင် အစာလမ်းကြောင်းဆိုင်ရာရောဂါများ ပိုမိုဖြစ်ပွား လာကြောင်း ကျောက်မဲရှိ မွေးမြူရေးသမားများ ထံမှသိရသည်။

“ပြောင်းကလည်း မနှစ်ကပြောင်းနဲ့ ဒီနှစ်ပြောင်း ရောထည့်ခံရတာတွေရှိတယ်။ စိုထိုင်းဆမညီတော့ ကြက်တွေ အစာလမ်းကြောင်းရောဂါ အဖြစ်များလာတယ် “ ဟု ကြက်မွေးမြူရေး လုပ်ကိုင်သူ ကိုဌေးက ပြောသည်။

အချို့ပြောင်းပွဲစားများက ယခင်နှစ်လက်ကျန် ပြောင်းဆံအဟောင်းနှင့် ယခုနှစ် ပြောင်းဆံအသစ်အား ရောနှောရောင်းချခြင်းကြောင့် ပြောင်းဆံစိုထိုင်းဆ မညီမမျှဖြစ်ရသဖြင့် အစာလမ်းကြောင်းရောဂါ ဖြစ်ပွားကာ ကြက်များဥနှုန်း ကျဆင်းခြင်း၊ သေဆုံးခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။

“အရင်ကတော့ အစာကို ကိုယ်တိုင်စပ်ကြတယ်။ အဲဒါက သန့်သေးတယ်။ အခုက ကိုယ်တိုင်စပ်တာ သိပ်မရှိတော့ဘူး။ ဗီယက်နမ်ကဝင်တဲ့ အစာနုကို ဒီက ကုန်ကြမ်းနဲ့အချိုးကျရောပြီး ပြန်ကျွေးရတာ။ အဓိကကုန်ကြမ်းဖြစ်တဲ့ ပြောင်းဆံက အရောဖြစ်နေရင် ခုနက ကြက်ရောဂါဖြစ်တော့တာပဲ “ ဟု မွေးမြူရေးသမား ကိုရဲလင်း ကပြောသည်။

ရှမ်းပြည်နယ်အတွင်း ဥစားကြက်၊ အသားစား ကြက် မွေးမြူရေးလုပ်ငန်းကို တောင်ကြီးနှင့် ကျောက်မဲ မြို့များ၌ အများဆုံးလုပ်ကိုင်ပြီး ရှမ်းပြည်နယ်မှထွက်ရှိသည့် ကြက်ဥများမှာ ပြည်တွင်း၌ အရည်အသွေး အကောင်းမွန်ဆုံး ဟု အသိအမှတ်ပြုခံထားရကြောင်း မွေးမြူရေးသမားများထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~