တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုေက်းရြာ၌ ေက်းရြာေျမငွားဂရန္ ေလွ်ာက္ထားသူ (၂၄၆)ဦးအား ေပးအပ္

တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုေက်းရြာ၌ ေက်းရြာေျမငွားဂရန္ ေလွ်ာက္ထားသူ (၂၄၆)ဦးအား ေပးအပ္
အောက်တိုဘာ 21, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရွိ၊ မုိင္းဖုန္း(က)ေက်းရြာအုပ္စု၊ ဝမ္ပံုေက်းရြာ၌ ေက်းရြာေျမငွားဂရန္ ေလွ်ာက္ထားသူ (၂၄၆) ဦးအား ေျမငွားဂရန္ထုတ္ေပးျခင္းကို ေအာက္တိုဘာလ (၂၁)ရက္ေန႔ ေန႔လယ္ပိုင္းက အခမ္းအနားျဖင့္ ေပးအပ္ပြဲ က်င္းပေၾကာင္း  သိရသည္။

ေျမငွါးဂရန္မ်ား ေလွ်ာက္ထားရာတြင္ အကြက္ႀကီး (၁)ဧရိယာအတြင္း ေလွ်ာက္ထားသူ (၆၅)ဦး၊ အကြက္ႀကီး(၂)ဧရိယာအတြင္း ေလွ်ာက္ထားသူ (၁၁၁)ဦး၊ အကြက္ႀကီး(၃) ဧရိယာအတြင္း ေလွ်ာက္ထားသူ  (၂၈)ဦး ႏွင့္ အကြက္ႀကီး (၅)ဧရိယာအတြင္း ေလွ်ာက္ထားသူ (၄၂)ဦး စုစုေပါင္း(၂၄၆)ဦးရွိေၾကာင္း သိရသည္။

အဆိုပါ ေက်းရြာေျမငွားဂရန္ထုတ္ေပးျခင္း အခမ္းအနားသို႔ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၊ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ တာဝန္ရိွသူမ်ားႏွင့္ ေျမငွားဂရန္ေလွ်ာက္ထားသည့္ ေဒသခံမ်ား   တက္ေရာက္ေၾကာင္း သိရသည္။

ဓါတ္ပံု - ေ၀ယံလင္း ၊ ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ကျေးရွာမြေငှါးဂရန် လျှောက်ထားသူ (၂၄၆) ဦးအား မြေငှါးဂရန်ထုတ်ပေးခြင်းကို အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လယ်ပိုင်းက အခမ်းအနားဖြင့် ပေးအပ်ပွဲ ကျင်းပကြောင်း သိရသည်။

မြေငှါးဂရန်များ လျှောက်ထားရာတွင် အကွက်ကြီး (၁)ဧရိယာအတွင်း လျှောက်ထားသူ (၆၅)ဦး၊ အကွက်ကြီး(၂)ဧရိယာအတွင်း လျှောက်ထားသူ (၁၁၁)ဦး၊ အကွက်ကြီး(၃) ဧရိယာအတွင်း လျှောက်ထားသူ (၂၈)ဦး နှင့် အကွက်ကြီး (၅)ဧရိယာအတွင်း လျှောက်ထားသူ (၄၂)ဦး စုစုပေါင်း(၂၄၆)ဦးရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာမြေငှါးဂရန်ထုတ်ပေးခြင်း အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြေငှါးဂရန်လျှောက်ထားသည့် ဒေသခံများ တက်ရောက်ကြောင်း သိရသည်။

ဓာတ်ပုံ -ေဝယံလင်း၊ မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~