မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေဆာက္အဦသစ္ ခန္႔မွန္းဘတ္ဂ်က္ထက္ ပိုိမိုကုန္က်ဖြယ္ရိွ

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေဆာက္အဦသစ္ ခန္႔မွန္းဘတ္ဂ်က္ထက္ ပိုိမိုကုန္က်ဖြယ္ရိွ
အောက်တိုဘာ 18, 2016
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး  လႊတ္ေတာ္အေဆာက္အဦသစ္ ေဆာက္လုပ္ရန္လ်ာထားဘတ္ဂ်က္ က်ပ္ေငြသန္း တစ္ေထာင္မွာ လံုေလာက္မႈမရိွႏုိင္၍ ဘတ္ဂ်က္ထပ္မံအဆိုျပဳရဖြယ္ရိွသည္ဟု တိုင္းေဒသႀကီး လႊတ္ေတာ္ ဒုတိယဥကၠဌထံမွ သိရသည္။

“လႊတ္ေတာ္ေဆာက္လုပ္ေရးနဲ႔ ပတ္သက္ၿပီး အစိုးရအဖဲြ႔က ဦးေဆာင္ဖြဲ႔စည္းေပးထားတဲ႔ အဖြဲ႔႐ွိပါတယ္။ ဒီဇိုင္းဆြဲၿပီးလို႔ လႊတ္ေတာ္ထဲမွာလည္း တင္ျပၿပီးသြားၿပီ။ အခု ေလာေလာဆယ္ေတာ့ ေျမစမ္းသပ္တဲ့ အပိုင္းလုပ္ၿပီးသြားၿပီ။ ေနာက္ခန္႔မွန္းေျခ (၄)လေလာက္မွာ စတင္ႏိုင္ဖို႔ ခန္႔မွန္းပါတယ္။ သို႔ေသာ္လည္း အေျခအေန အရပ္ရပ္ေပၚမူတည္ၿပီး ၾကာရင္လည္းၾကာႏိုင္တယ္။ ဒါေပမဲ့  ဒီဘတ္ဂ်က္ႏွစ္မွာပဲ စတင္ႏိုင္ဖို႔ ခန္႔မွန္းတယ္” ဟု လႊတ္ေတာ္ ဒု-ဥကၠဌ ဦးေဇာ္မ်ိဳး၀င္းက ေျပာသည္။

မေကြးၿမိဳ႕၊ နတ္ေမာက္လမ္းေပၚရိွ ေလ႔က်င္႔ေရးေဂါက္ကြင္းေျမေနရာ အက်ယ္အ၀န္း (၇.၄၈) ဧကေပၚ၌ ေဆာက္လုပ္ရန္ အဆိုျပဳထားၿပီး(၄)လအတြင္း စတင္ေဆာက္လုပ္ႏိုင္လိမ့္မည္ဟု တာ၀န္႐ွိသူမ်ားက ခန္႔မွန္းထားသည္။

“အေဆာက္အဦသစ္မွာ ေအာ္ပေရးရွင္းအပိုင္းကေတာ႔ ထူးထူးျခားျခားေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ လႊတ္ေတာ္ လုပ္ငန္းစဥ္က ဒါပဲ႐ွိတာကိုး။ သို႔ေသာ္လည္း  စြမ္းေဆာင္ရည္နဲ႔ လုပ္ကိုင္ႏိုင္မႈ အေပၚမွာေတာ႔ ပိုေကာင္းလာလိမ္႔မယ္လို႔ ကၽြန္ေတာ္တို႔ ျမင္တယ္။ အခန္းေတြက်ယ္က်ယ္၀န္း၀န္း ႐ွိလာတဲ႔အတြက္ မီဒီယာေတြ သတင္းယူရတဲ႔အခါ လြတ္လပ္လာမယ္။  ပိုၿပီးေတာ႔ စည္းကမ္းတက်႐ွိလာမယ္။ ႐ုပ္သံမီဒီယာေတြနဲ႔ ခ်ိတ္ဆက္လို႔ရမယ္ဆိုရင္ ျပည္သူကို တိုက္႐ိုက္ခ်ျပနိင္တဲ႔အထိ အေျခအေနက ဖန္တီးေပးမွာေပါ႔ ။ ဒါဆိုရင္ ျပည္သူေတြနဲ႔ပိုၿပီးေတာ႔ တစ္သားတည္းက်လာမယ္။ စတုတၳမ႑ိဳင္အတြက္ မီဒီယာ အခန္းေတြကလည္း မ႐ွိလို႔မျဖစ္ဘူး”ဟု တိုင္းေဒသႀကီး လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးေဇာ္မ်ိဳး၀င္း က ေျပာသည္။

လတ္တေလာတြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔႐ံုး၀န္းအတြင္း႐ွိ တိုင္းေဒသႀကီးလႊတ္ေတာ္မွာ အစည္းအေ၀း ခန္းမ က်ဥ္းေနသျဖင့္ မီဒီယာမ်ားသတင္းရယူရာတြင္လည္း အဆင္မေျပမႈမ်ားျဖစ္ေနျခင္း၊ ေရးရာ ေကာ္မတီ႐ံုးခန္းမ်ား လံုေလာက္မႈမ႐ွိျခင္းတို႔နွင့္ ႀကံဳေနရေၾကာင္း သိရသည္။

“ခုဆိုရင္ေတာ့ ျမင္တဲ့အတိုင္းပဲ ေကာ္မတီ႐ံုးခန္းက တစ္ခန္းပဲ႐ွိတယ္။ စာၾကည္႔တိုက္ကို ေကာ္မတီ႐ံုးခန္း လုပ္ေနရတာ။ ေကာ္မတီက(၁၁)ခု႐ွိတယ္။ တစ္ခုက သက္တမ္းကုန္ေနတယ္ဆိုေတာ့ လက္႐ွိ(၁၀)ခုကို ဒီတစ္ခန္းထဲ သံုးေနရတာ။ ေရ႐ွည္လုပ္ႏုိင္စြမ္းၾကေတာ႔  ဒါေတြက စကားေျပာတယ္။ ေနာက္ေဆာက္တဲ႔ လႊတ္ေတာ္မွာ ပိုေကာင္းလာမယ္။ လုပ္ခ်င္ကိုင္ခ်င္စိတ္လည္းျမင္႔ လာမယ္။ လက္႐ွိလႊတ္ေတာ္က က်ဥ္းေနေတာ႔ ဧည္႔သည္ဖိတ္ခ်င္တာ ဖိတ္မရဘူး ။ ကိုယ္႔မဲဆႏၵနယ္ေျမက သူေတြဖိတ္ခ်င္တာဖိတ္မရဘူး ”ဟု လႊတ္ေတာ္တာ၀န္႐ွိသူတစ္ဦးက ဆိုသည္။

လႊတ္ေတာ္အေဆာက္အဦသစ္တြင္ လႊတ္ေတာ္အစည္းအေ၀းခန္းမႀကီး ၊ ေရးရာေကာ္မတီ႐ံုးမ်ား ၊ မီဒီယာခန္းမ်ား ပါ၀င္လာမည္ျဖစ္ၿပီး ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ အၿပီး ေဆာက္လုပ္ရန္ ခန္႔မွန္းထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
( မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေဆာက္အဦ ) 
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦသစ် ဆောက်လုပ်ရန်လျာထားဘတ်ဂျက် ကျပ်ငွေသန်း တစ်ထောင်မှာ လုံလောက်မှုမရှိနိုင်၍ ဘတ်ဂျက်ထပ်မံအဆိုပြုရဖွယ်ရှိသည်ဟု တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌထံမှ သိရသည်။

“လွှတ်တော်ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ရှိပါတယ်။ ဒီဇိုင်းဆွဲပြီးလို့ လွှတ်တော်ထဲမှာလည်း တင်ပြပြီးသွားပြီ။ အခု လောလောဆယ်တော့ မြေစမ်းသပ်တဲ့ အပိုင်းလုပ်ပြီးသွားပြီ။ နောက်ခန့်မှန်းခြေ (၄)လလောက်မှာ စတင်နိုင်ဖို့ ခန့်မှန်းပါတယ်။ သို့သော်လည်း အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ကြာရင်လည်းကြာနိုင်တယ်။ ဒါပေမဲ့ ဒီဘတ်ဂျက်နှစ်မှာပဲ စတင်နိုင်ဖို့ ခန့်မှန်းတယ်” ဟု လွှတ်တော် ဒု-ဥက္ကဌ ဦးဇော်မျိုးဝင်းက ပြောသည်။

မကွေးမြို့၊ နတ်မောက်လမ်းပေါ်ရှိ လေ့ကျင့်ရေးဂေါက်ကွင်းမြေနေရာ အကျယ်အဝန်း (၇.၄၈) ဧကပေါ်၌ ဆောက်လုပ်ရန် အဆိုပြုထားပြီး(၄)လအတွင်း စတင်ဆောက်လုပ်နိုင်လိမ့်မည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။

“အဆောက်အဦသစ်မှာ အော်ပရေးရှင်းအပိုင်းကတော့ ထူးထူးခြားခြားပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လွှတ်တော် လုပ်ငန်းစဉ်က ဒါပဲရှိတာကိုး။ သို့သော်လည်း စွမ်းဆောင်ရည်နဲ့ လုပ်ကိုင်နိုင်မှု အပေါ်မှာတော့ ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော်တို့ မြင်တယ်။ အခန်းတွေကျယ်ကျယ်ဝန်းဝန်း ရှိလာတဲ့အတွက် မီဒီယာတွေ သတင်းယူရတဲ့အခါ လွတ်လပ်လာမယ်။ ပိုပြီးတော့ စည်းကမ်းတကျရှိလာမယ်။ ရုပ်သံမီဒီယာတွေနဲ့ ချိတ်ဆက်လို့ရမယ်ဆိုရင် ပြည်သူကို တိုက်ရိုက်ချပြနိင်တဲ့အထိ အခြေအနေက ဖန်တီးပေးမှာပေါ့။ ဒါဆိုရင် ပြည်သူတွေနဲ့ပိုပြီးတော့ တစ်သားတည်းကျလာမယ်။ စတုတ္ထမဏ္ဍိုင်အတွက် မီဒီယာ အခန်းတွေကလည်း မရှိလို့မဖြစ်ဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း က ပြောသည်။

လတ်တလောတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ တိုင်းဒေသကြီးလွှတ်တော်မှာ အစည်းအေဝး ခန်းမ ကျဉ်းနေသဖြင့် မီဒီယာများသတင်းရယူရာတွင်လည်း အဆင်မပြေမှုများဖြစ်နခြေင်း၊ ရေးရာ ကော်မတီရုံးခန်းများ လုံလောက်မှုမရှိခြင်းတို့နှင့် ကြုံနေရကြောင်း သိရသည်။

“ခုဆိုရင်တော့ မြင်တဲ့အတိုင်းပဲ ကော်မတီရုံးခန်းက တစ်ခန်းပဲရှိတယ်။ စာကြည့်တိုက်ကို ကော်မတီရုံးခန်း လုပ်နေရတာ။ ကော်မတီက(၁၁)ခုရှိတယ်။ တစ်ခုက သက်တမ်းကုန်နေတယ်ဆိုတော့ လက်ရှိ(၁၀)ခုကို ဒီတစ်ခန်းထဲ သုံးနေရတာ။ ရေရှည်လုပ်နိုင်စွမ်းကြတော့ ဒါတွေက စကားပြောတယ်။ နောက်ဆောက်တဲ့ လွှတ်တော်မှာ ပိုကောင်းလာမယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်းမြင့် လာမယ်။ လက်ရှိလွှတ်တော်က ကျဉ်းနေတော့ ဧည့်သည်ဖိတ်ချင်တာ ဖိတ်မရဘူး။ ကိုယ့်မဲဆန္ဒနယ်မြေက သူတွေဖိတ်ချင်တာဖိတ်မရဘူး ”ဟု လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လွှတ်တော်အဆောက်အဦသစ်တွင် လွှတ်တော်အစည်းအေဝးခန်းမကြီး၊ ရေးရာကော်မတီရုံးများ၊ မီဒီယာခန်းများ ပါဝင်လာမည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အပြီး ဆောက်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~