ေက်ာင္းသားတစ္ဦး ေသဆံုးသြားသည့္ ယာဥ္တိုက္မႈမွ ထြက္ေျပးယာဥ္အား မစစ္ေဆးႏုိင္ေသး

ေက်ာင္းသားတစ္ဦး ေသဆံုးသြားသည့္ ယာဥ္တိုက္မႈမွ ထြက္ေျပးယာဥ္အား မစစ္ေဆးႏုိင္ေသး
အောက်တိုဘာ 24, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ၊ ေခ်ာက္ၿမိဳ႕တြင္ ေအာက္တိုဘာလ (၂) ရက္ေန႔က အလွဴခံယာဥ္တစ္စီးနွင့္ ဆိုင္ကယ္တစ္စီး တုိက္မိရာမွ ေက်ာင္းသားတစ္ဦး ေသဆံုးသြားမႈတြင္ ထြက္ေျပးေနသည့္ အလွဴခံယာဥ္အား ေခ်ာက္ၿမိဳ႕ရဲတပ္ဖြဲ႕က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

 “မႈခင္းကိစၥသာ ျဖစ္ပါတယ္။ မႈခင္းကိစၥကို ေဆာင္ရြက္ရင္း ရပ္ရြာေအးခ်မ္းသာယာေရး၊ တရားဥပေဒ စိုးမိုးေရး၊ တည္ၿငိမ္ေရး ဒါေတြနဲ႔ အမ်ားႀကီးထိန္းညိႇရပါတယ္။ အဲဒီလိုထိန္းညိႇၿပီး ရဲလုပ္ထံုးလုပ္နည္းနဲ႔ က်င္႔ထံုးဥပေဒမွာ ဘာေတြျပဌာန္းထားသလဲ ဘယ္လိုလုပ္ပိုင္ခြင္႔ရိွသလဲ၊ အဲဒါေတြနဲ႔အညီ ေဆာင္ရြက္ ေနပါတယ္”ဟု ယာဥ္တိုက္မႈျဖစ္စဥ္ႏွင္႔ ပတ္သက္၍ ေခ်ာက္ၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴးက ေျပာသည္။

အဆိုပါယာဥ္တိုက္မႈႏွင္႔ပတ္သက္၍ ထြက္ေျပးတိမ္းေရွာင္ေနသည္ဟု  ယူဆရေသာ အလွဴခံယာဥ္အား စစ္ေဆးအေရးယူေပးပါရန္ ေခ်ာက္ၿမိဳ႕ရဲတပ္ဖဲြ႔ထံ သတင္းေပးပို႔အကူအညီေတာင္းခံခဲ႔ေသာ္လည္း စစ္ေဆးျခင္းမရိွေသးေၾကာင္း ေသဆံုးသူ၏မိဘမ်ားက ေအာက္တိုဘာ(၁၈)ရက္ေန႔က သတင္းစာ ရွင္းလင္းပြဲျပဳလုပ္သည္။

“ဖခင္တစ္ေယာက္ရဲ႕ေနရာမွာ ဝင္ေရာက္ခံစားၾကည့္ေစခ်င္ပါတယ္။ သားတစ္ေယာက္လုံး ေသဆုံးရတဲ႔အတြက္ တရားဥပေဒနဲ႔အညီ ေျပာင္းလဲေနတဲ႔ ဒီမိုကေရစီေခတ္ႀကီးမွာ အမႈမွန္အျမန္ဆုံး ေပၚေစခ်င္တာပါပဲ။ သက္ေသေတြလည္း စုံစုံလင္လင္တင္ျပထြက္ဆိုၿပီးရဲ႕သားနဲ႔ ဘာေၾကာင့္ တရားခံကို ဖမ္းဆီးအေရးမယူေသးတာလဲဆိုတာ ခုထိစဥ္းစားလို႔ ကို မရပါဘူး။” ဟု ေသဆံုးသြားသည့္ ေမာင္ေအာင္ေဝယံမင္း၏ ဖခင္ ဦးေစာမင္းဦးက ေျပာသည္။

ေခ်ာက္ၿမိဳ႕ အမွတ္(၈)ရပ္ကြက္မွ အလွဴခံထြက္ေသာယာဥ္ကို ယာဥ္တိုက္မႈမွ ထြက္ေျပး တိမ္းေရွာင္ေနသည္႔ ယာဥ္ဟု သံသယရိွသျဖင္႔ အဆိုပါအလွဴခံယာဥ္အား စစ္ေဆးေပးႏိုင္ပါရန္ သက္ဆိုင္ရာရဲတပ္ဖဲြ႔သို႔ ဆက္သြယ္အကူအညီေတာင္းခံခဲ႔ရာတြင္ အမွတ္(၈)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးႏွင္႔အဖဲြ႔က အဆိုပါကားႏွင္႔ တိုက္မိေၾကာင္း ယာဥ္ေပၚပါသူမ်ားက ထြက္ဆိုမွသာ ရဲစခန္းတြင္ ကားအားအပ္နွံ၍အစစ္ေဆးခံႏိုင္မည္ဟု ေျပာၾကားထားေၾကာင္း သိရသည္။

ေခ်ာက္ၿမိဳ႕ တမာတန္းရပ္၌ ေအာက္တိုဘာ(၂)ရက္ ညေန (၆)နာရီအခ်ိန္ခန္႔တြင္ ယာဥ္တစ္စီးႏွင္႔ တိုက္မိ သျဖင္႔ ဆိုင္ကယ္စီးသူ နဝမတန္းေက်ာင္းသား ေမာင္ေအာင္ေဝယံမင္းမွာ  ျပင္းထန္ေသာ ဒဏ္ရာရရိွၿပီး ေခ်ာက္ၿမိဳ႕ျပည္သူ႔ေဆးရံုမွတစ္ဆင္႔ မေကြးၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စဥ္ လမ္းခုလတ္တြင္ ေသဆံုး ခဲ႔ရသည္႔ျဖစ္စဥ္အား ေခ်ာက္ၿမိဳ႕မရဲစခန္းက ယာဥ္(ပ)၃၀/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-ကျဖင္႔ အမႈေရးဖြင္႔ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် အောက်တိုဘာလ (၂) ရက်နေ့က အလှူခံယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိရာမှ ကျောင်းသားတစ်ဦး သေဆုံးသွားမှုတွင် ထွက်ပြေးနေသည့် အလှူခံယာဉ်အား ချောက်မြို့ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 “မှုခင်းကိစ္စသာ ဖြစ်ပါတယ်။ မှုခင်းကိစ္စကို ဆောင်ရွက်ရင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်ရေး ဒါတွေနဲ့ အများကြီးထိန်းညှိရပါတယ်။ အဲဒီလိုထိန်းညှိပြီး ရဲလုပ်ထုံးလုပ်နည်းနဲ့ ကျင့်ထုံးဥပဒေမှာ ဘာတွပြေဌာန်းထားသလဲ ဘယ်လိုလုပ်ပိုင်ခွင့်ရှိသလဲ၊ အဲဒါတွေနဲ့အညီ ဆောင်ရွက် နေပါတယ်”ဟု ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ချောက်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ယူဆရသော အလှူခံယာဉ်အား စစ်ဆေးအရေးယူပေးပါရန် ချောက်မြို့ရဲတပ်ဖွဲ့ထံ သတင်းပေးပို့အကူအညီတောင်းခံခဲ့သော်လည်း စစ်ဆေးခြင်းမရှိသေးကြောင်း သေဆုံးသူ၏မိဘများက အောက်တိုဘာ(၁၈)ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည်။

“ဖခင်တစ်ယောက်ရဲ့နေရာမှာ ဝင်ရောက်ခံစားကြည့်စေချင်ပါတယ်။ သားတစ်ယောက်လုံး သေဆုံးရတဲ့အတွက် တရားဥပဒေနဲ့အညီ ပြောင်းလဲနေတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ အမှုမှန်အမြန်ဆုံး ပေါ်စေချင်တာပါပဲ။ သက်သေတွေလည်း စုံစုံလင်လင်တင်ပြထွက်ဆိုပြီးရဲ့သားနဲ့ ဘာကြောင့် တရားခံကို ဖမ်းဆီးအရေးမယူသေးတာလဲဆိုတာ ခုထိစဉ်းစားလို့ ကို မရပါဘူး။” ဟု သေဆုံးသွားသည့် မောင်အောင်ဝေယံမင်း၏ ဖခင် ဦးစောမင်းဦးက ပြောသည်။

ချောက်မြို့ အမှတ်(၈)ရပ်ကွက်မှ အလှူခံထွက်သောယာဉ်ကို ယာဉ်တိုက်မှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် ယာဉ်ဟု သံသယရှိသဖြင့် အဆိုပါအလှူခံယာဉ်အား စစ်ဆေးပေးနိုင်ပါရန် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာတွင် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အဆိုပါကားနှင့် တိုက်မိကြောင်း ယာဉ်ပေါ်ပါသူများက ထွက်ဆိုမှသာ ရဲစခန်းတွင် ကားအားအပ်နှံ၍အစစ်ဆေးခံနိုင်မည်ဟု ပြောကြားထားကြောင်း သိရသည်။

ချောက်မြို့ တမာတန်းရပ်၌ အောက်တိုဘာ(၂)ရက် ညနေ (၆)နာရီအချိန်ခန့်တွင် ယာဉ်တစ်စီးနှင့် တိုက်မိ သဖြင့် ဆိုင်ကယ်စီးသူ နဝမတန်းကျောင်းသား မောင်အောင်ဝေယံမင်းမှာ ပြင်းထန်သော ဒဏ်ရာရရှိပြီး ချောက်မြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် မကွေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံး ခဲ့ရသည့်ဖြစ်စဉ်အား ချောက်မြို့မရဲစခန်းက ယာဉ်(ပ)၃၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~