ေတာင္ႀကီးမီးပံုးပ်ံပြဲ ကုန္က်စရိတ္ျမင့္လာေသာ္လည္း ယခုႏွစ္ ယွဥ္ၿပိဳင္သူတိုးလာ

ေတာင္ႀကီးမီးပံုးပ်ံပြဲ ကုန္က်စရိတ္ျမင့္လာေသာ္လည္း ယခုႏွစ္ ယွဥ္ၿပိဳင္သူတိုးလာ
အောက်တိုဘာ 23, 2016
By Tachileik News Agency

ေတာင္ႀကီးၿမဳိ႕တြင္ ႏွစ္စဥ္က်င္းပေနသည့္ တန္ေဆာင္တုိင္ မီးပုံးပ်ံပြဲေတာ္တြင္ ကုန္က်စရိတ္ ျမင့္လာေသာ္လည္း ကုမၸဏီမ်ားကပါ ဝင္ေရာက္ယွဥ္ၿပိဳင္လာမႈေၾကာင့္ ၀င္ေရာက္ယွဥ္ၿပဳိင္သူ အေရအတြက္ ႏွစ္စဥ္ထက္တုိးလာေၾကာင္း ေဒသခံ မီးပုံးပ်ံလုပ္ကုိင္ သူမ်ားထံမွ သိရသည္။

“တစ္ႏွစ္ထက္တစ္ႏွစ္ မီးပုံးပ်ံၿပဳိင္ပြဲ၀င္တဲ့ မီးပုံးအေရအတြက္က တုိးလာတယ္။ ဒီႏွစ္ေတာ့ အခုမွစာရင္းစ ေကာက္တုန္းဆုိေတာ့ အေရအတြက္က အတိအက် မသိရေသးဘူး။ ကုမၸဏီေတြကလည္း သူတုိ႔ကုန္ ပစၥည္း ေၾကညာဖုိ႔ စပြန္ဆာေပးၿပီးလုပ္ခုိင္းတာလည္း ရွိ္တယ္။ ကြ်န္ေတာ္တို႔ မိသားစုဆုိရင္ တစ္ႏွစ္ကုိ မီးပုံးပ်ံ (၈)လုံးကေန (၁၀)လုံးအထိလုပ္တယ္။ တစ္လုံးကုိ က်ပ္ႏွစ္သိန္းေလာက္ေတာ့ က်န္တယ္။” ဟု ဆယ္ႏွစ္ေက်ာ္မီးပုံးပ်ံ လုပ္ငန္းလုပ္ကုိင္သူတစ္ဦး ျဖစ္သည့္ ဦးနီက ေျပာသည္။

ယခုႏွစ္ မီးပံုးပ်ံပြဲေတာ္အတြက္ ေအာက္တိုဘာလ (၁၇) ရက္ေန႔က  ရရွိထားေသာစာရင္းအရ ညမီးႀကီး အလံုးေရ (၇၃) လံုး၊ စိန္နားပန္ အလံုးေရ (၃၁) လံုး၊ ေန႔လႊတ္အ႐ုပ္မ်ား ျဖစ္သည့္ ေျခႏွစ္ေခ်ာင္း အလံုးေရ (၈၉) လံုး၊ ေျခေလးေခ်ာင္း အလံုးေရ (၅၈) လံုး၊အုပ္စုဖြဲ႔အ႐ုပ္ အလံုးေရ (၄၃) လံုး စုစုေပါင္း (၂၉၄) လံုး ရွိၿပီ ျဖစ္ေၾကာင္း သိရွိရသည္။

“မီးပုံးပ်ံၿပဳိင္ပြဲက ေဒသခံေတြအတြက္ အရမ္းတန္ဖုိးထားရတဲ့ ပြဲေတာ္တစ္ခုပါ။ ဆုရတာ/မရတာကုိ သိပ္အေရး ဂရုမစိုက္ၾကသလုိ ဒီအခ်ိန္ေရာက္ရင္ လူႀကီး/လူငယ္ေတြ အေနနဲ႔ မီးပုံးလုပ္ရတာကုိ ၀ါသနာတစ္ခုလုိ စြဲေနၾကတာပါ။ အရင္းအႏွီးလည္း မ်ားသလုိ ျပန္ရတယ္ဆုိတာလည္း မရွိေပမဲ့ အရႈံးခံၿပီးလုပ္ေနၾကတာ” ဟု ႏွစ္စဥ္ မီးပုံးပ်ံ လုပ္ကုိင္ေနသူ ကုိေဇာ္ျမင့္က ေျပာသည္။

၂၀၁၅ ခုႏွစ္ တန္ေဆာင္တုိင္မီးပုံးပြဲေတာ္အတြင္းသုိ႔ ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့သည့္ မီးပုံးပ်ံအေရအတြက္မွာ ညမီးႀကီးမီးပုံး အလုံးေရ(၁၀၀)၊ စိန္နားပန္မီးပုံး အလုံးေရ(၈၀) ႏွင့္ေန႔လႊတ္အရုပ္မီးပုံးအေရအတြက္မွာ (၆၀၀)၀န္းက်င္အထိရွိေၾကာင္းသိရၿပီး ရွမ္းျပည္နယ္မီးပုံးပ်ံျဖစ္ေျမာက္ေရးေကာ္မတီမွ တာ၀န္ယူက်င္းပေပးျခင္းျဖစ္ကာ အကဲျဖတ္ဒုိင္(၉၀)၀န္းက်င္ျဖင့္ အမွတ္ေပးဆုံးျဖတ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ကုန္က်စရိတ္အေနျဖင့္ စိန္နားပန္မီးပုံးတစ္လုံးလ်ွင္ က်ပ္ (၁၅)သိန္း၀န္းက်င္၊ ညမီးႀကီးမီးပုံးတစ္လံုးလ်ွင္ က်ပ္သိန္း (၄၀) ၀န္းက်င္ႏွင့္ေန႔လႊတ္အရုပ္ မီးပုံးတစ္လုံးလ်ွင္ က်ပ္ (၅)သိန္း၀န္းက်င္ ကုန္က်ေၾကာင္းႏွင့္ ဆုေပးႏႈန္းမ်ားမွာ စိန္နားပန္ မီးပုံးဆုေၾကးမွာ က်ပ္သိန္း(၂၀)၊ ညမီးႀကီးမီးပုံးဆုေၾကးမွာ (၆၅)သိန္းႏွင့္ ေန႔လႊတ္အရုပ္မီးပုံးဆုေၾကးမွာ အရုပ္ေပၚမႈတည္ၿပီး က်ပ္ ၃ သိန္းမွ ၇ သိန္းအထိ သတ္မွတ္ထားေၾကာင္း သိရသည္။

“အရင္ႏွစ္က ဒီအခ်ိန္ဆိုရင္ စာရင္းအရ မီးပံုးအလံုးေရ (၈၀) ေလာက္ပဲ ရွိေသးတယ္။ အခုက (၁၀၀) ေက်ာ္ေနၿပီ။ အမ်ားစုကေတာ့ ေန႕ခင္းလႊတ္တဲ႔ အလွျပအရုပ္ကိုလႊတ္ၾကတယ္။ သူကကုန္က်စရိတ္လည္း သိပ္မမ်ားဘူး။ ၀ါသနာအရ လႊတ္ခ်င္တဲ့သူေတြလည္း အဆင္ေျပတယ္။ အလွရုပ္လႊတ္တဲ့သူေတြလည္း ႏွစ္တိုင္းမ်ားလာတယ္။”ဟု မီးပံုးပ်ံ စာရင္းလက္ခံဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ေတာင္ႀကီးတန္ေဆာင္တုိင္မီးပုံးပ်ံပြဲေတာ္အတြင္း  မီးပုံးပ်ံျပိဳင္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပဳိင္သည့္ မီးပုံးပ်ံ အမ်ိဳးအစားမ်ားမွာ မီးပုံးေလးမ်ားျဖင့္ အလွဆင္သည့္ စိန္နားပန္မီးပုံး၊ ယမ္းအလွမ်ားျဖင့္ ယွဥ္ၿပဳိင္ရသည့္ ညမီးႀကီးမီးပုံးႏွင့္ ေန႔ခင္းတြင္လႊတ္တင္ရသည့္ ေန႔လႊတ္အရုပ္မီးပုံးဟူ၍ သုံးမ်ိဳးရွိကာ ညမီးႀကီးမီးပုံးမွာ ကုန္က်စရိတ္ အမ်ားဆုံးႏွင့္လုပ္ကုိင္ခ်ိန္ၾကာျမင့္ဆံုးျဖစ္ေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္၊ ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပနေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ကုန်ကျစရိတ် မြင့်လာသော်လည်း ကုမ္ပဏီများကပါ ဝင်ရောက်ယှဉ်ပြိုင်လာမှုကြောင့် ဝင်ရောက်ယှဉ်ပြိုင်သူ အရေအတွက် နှစ်စဉ်ထက်တိုးလာကြောင်း ဒေသခံ မီးပုံးပျံလုပ်ကိုင် သူများထံမှ သိရသည်။

“တစ်နှစ်ထက်တစ်နှစ် မီးပုံးပျံပြိုင်ပွဲဝင်တဲ့ မီးပုံးအရေအတွက်က တိုးလာတယ်။ ဒီနှစ်တော့ အခုမှစာရင်းစ ကောက်တုန်းဆိုတော့ အရေအတွက်က အတိအကျ မသိရသေးဘူး။ ကုမ္ပဏီတွေကလည်း သူတို့ကုန် ပစ္စည်း ကြေညာဖို့ စပွန်ဆာပေးပြီးလုပ်ခိုင်းတာလည်း ရှိ်တယ်။ ကျွန်တော်တို့ မိသားစုဆိုရင် တစ်နှစ်ကို မီးပုံးပျံ (၈)လုံးကနေ (၁၀)လုံးအထိလုပ်တယ်။ တစ်လုံးကို ကျပ်နှစ်သိန်းလောက်တော့ ကျန်တယ်။” ဟု ဆယ်နှစ်ကျော်မီးပုံးပျံ လုပ်ငန်းလုပ်ကိုင်သူတစ်ဦး ဖြစ်သည့် ဦးနီက ပြောသည်။

ယခုနှစ် မီးပုံးပျံပွဲတော်အတွက် အောက်တိုဘာလ (၁၇) ရက်နေ့က ရရှိထားသောစာရင်းအရ ညမီးကြီး အလုံးရေ (၇၃) လုံး၊ စိန်နားပန် အလုံးရေ (၃၁) လုံး၊ နေ့လွှတ်အရုပ်များ ဖြစ်သည့် ခြေနှစ်ချောင်း အလုံးရေ (၈၉) လုံး၊ ခြေလေးချောင်း အလုံးရေ (၅၈) လုံး၊အုပ်စုဖွဲ့အရုပ် အလုံးရေ (၄၃) လုံး စုစုပေါင်း (၂၉၄) လုံး ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

“မီးပုံးပျံပြိုင်ပွဲက ဒေသခံတွေအတွက် အရမ်းတန်ဖိုးထားရတဲ့ ပွဲတော်တစ်ခုပါ။ ဆုရတာ/မရတာကို သိပ်အရေး ဂရုမစိုက်ကြသလို ဒီအချိန်ရောက်ရင် လူကြီး/လူငယ်တွေ အနေနဲ့ မီးပုံးလုပ်ရတာကို ဝါသနာတစ်ခုလို စွဲနကြေတာပါ။ အရင်းအနှီးလည်း များသလို ပြန်ရတယ်ဆိုတာလည်း မရှိပေမဲ့ အရှုံးခံပြီးလုပ်နကြေတာ” ဟု နှစ်စဉ် မီးပုံးပျံ လုပ်ကိုင်နေသူ ကိုဇော်မြင့်က ပြောသည်။

၂၀၁၅ ခုနှစ် တန်ဆောင်တိုင်မီးပုံးပွဲတော်အတွင်းသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မီးပုံးပျံအရေအတွက်မှာ ညမီးကြီးမီးပုံး အလုံးရေ(၁၀၀)၊ စိန်နားပန်မီးပုံး အလုံးရေ(၈၀) နှင့်နေ့လွှတ်အရုပ်မီးပုံးအရေအတွက်မှာ (၆၀၀)ဝန်းကျင်အထိရှိကြောင်းသိရပြီး ရှမ်းပြည်နယ်မီးပုံးပျံဖြစ်မြောက်ရေးကော်မတီမှ တာဝန်ယူကျင်းပပေးခြင်းဖြစ်ကာ အကဲဖြတ်ဒိုင်(၉၀)ဝန်းကျင်ဖြင့် အမှတ်ပေးဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ကျစရိတ်အနဖြေင့် စိန်နားပန်မီးပုံးတစ်လုံးလျှင် ကျပ် (၁၅)သိန်းဝန်းကျင်၊ ညမီးကြီးမီးပုံးတစ်လုံးလျှင် ကျပ်သိန်း (၄၀) ဝန်းကျင်နှင့်နေ့လွှတ်အရုပ် မီးပုံးတစ်လုံးလျှင် ကျပ် (၅)သိန်းဝန်းကျင် ကုန်ကျကြောင်းနှင့် ဆုပေးနှုန်းများမှာ စိန်နားပန် မီးပုံးဆုကြေးမှာ ကျပ်သိန်း(၂၀)၊ ညမီးကြီးမီးပုံးဆုကြေးမှာ (၆၅)သိန်းနှင့် နေ့လွှတ်အရုပ်မီးပုံးဆုကြေးမှာ အရုပ်ပေါ်မှုတည်ပြီး ကျပ် ၃ သိန်းမှ ၇ သိန်းအထိ သတ်မှတ်ထားကြောင်း သိရသည်။

“အရင်နှစ်က ဒီအချိန်ဆိုရင် စာရင်းအရ မီးပုံးအလုံးရေ (၈၀) လောက်ပဲ ရှိသေးတယ်။ အခုက (၁၀၀) ကျော်နပြေီ။ အများစုကတော့ နေ့ခင်းလွှတ်တဲ့ အလှပြအရုပ်ကိုလွှတ်ကြတယ်။ သူကကုန်ကျစရိတ်လည်း သိပ်မများဘူး။ ဝါသနာအရ လွှတ်ချင်တဲ့သူတွေလည်း အဆင်ပြေတယ်။ အလှရုပ်လွှတ်တဲ့သူတွေလည်း နှစ်တိုင်းများလာတယ်။”ဟု မီးပုံးပျံ စာရင်းလက်ခံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွင်း မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မီးပုံးပျံ အမျိုးအစားများမှာ မီးပုံးလေးများဖြင့် အလှဆင်သည့် စိန်နားပန်မီးပုံး၊ ယမ်းအလှများဖြင့် ယှဉ်ပြိုင်ရသည့် ညမီးကြီးမီးပုံးနှင့် နေ့ခင်းတွင်လွှတ်တင်ရသည့် နေ့လွှတ်အရုပ်မီးပုံးဟူ၍ သုံးမျိုးရှိကာ ညမီးကြီးမီးပုံးမှာ ကုန်ကျစရိတ် အများဆုံးနှင့်လုပ်ကိုင်ချိန်ကြာမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

သတင်း - ရွှေဇော်၊ နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~