ၿမိတ္ၿမိဳ႕တြင္ မူးယစ္သတင္းအရ ဝင္ဖမ္းသည့္ ရဲတပ္ဖြဲ႕အား ခုခံျပီးထြက္ေျပးသူမ်ားကို ဖမ္းမမိေသး

ၿမိတ္ၿမိဳ႕တြင္ မူးယစ္သတင္းအရ ဝင္ဖမ္းသည့္ ရဲတပ္ဖြဲ႕အား ခုခံျပီးထြက္ေျပးသူမ်ားကို ဖမ္းမမိေသး
အောက်တိုဘာ 2, 2016
By Tachileik News Agency

တနသၤာရီတို္င္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါး ေရာင္း၀ယ္သံုးစြဲေနသည္ဟု သတင္းရသည့္ ေနအိမ္ၿခံ၀င္း အတြင္း ၀င္ေရာက္ဖမ္းဆီးသည့္ ရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ အသိသက္ေသမ်ားကို ဓားျဖင့္ ျပန္လည္ခုခံကာ ထြက္ေျပးတိမ္းေရွာင္ေနသူအား ဖမ္းဆီးရမိျခင္း မရွိေသးေၾကာင္း သိရသည္။

“မူးယစ္ေဆး၀ါးမ်ား ေရာင္း၀ယ္သံုးစြဲေနတယ္ဆိုတဲ့ သတင္းအရ အသိသက္ေသေတြနဲ႔ သြားေရာက္ ရွာေဖြရာမွာ အိမ္ရွင္အမ်ိဳးသမီးနဲ႔ သားႏွစ္ေယာက္က ဓားးကိုယ္စီနဲ႔ လုိက္ခုတ္ၿပီး ထြက္ေျပးသြားတာပါ”ဟု ၿမိတ္ၿမိဳ႕နယ္ရဲစခန္းမွဴး ၀င္းေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္နယ္ေျမ ၿမိဳ႕မ (၂) ရပ္ကြက္ ပိေတာက္လမ္းရွိ ေနအိမ္ၿခံ၀င္းအတြင္း စက္တင္ဘာလ (၂၆) ရက္ေန႔ နံနက္ (၁၁)နာရီအခ်ိန္ခန္႔တြင္ ရဲတပ္ဖြဲ႔ႏွင့္ အသိသက္ေသမ်ားက ဖမ္း၀ရမ္းျဖင့္ သြားေရာက္ ရွာေဖြစစ္ေဆးရာ အိမ္ရွင္အမ်ိဳးသမီးႏွင့္ သားႏွစ္ဦးက ဓားျဖင့္ခုတ္သျဖင့္ ရဲတပ္ၾကပ္ (၁) ဦးႏွင့္ အသိသက္ (၁) ဦးတို႔ ထိခိုက္ဒဏ္ရာရရွိသြားျခင္းျဖစ္ၿပီး ေနအိမ္ၿခံ၀င္း အတြင္းမွ မူးယစ္ေဆးသံုးစြဲသည့္ ကိရိယာမ်ားႏွင္႔ စိတ္ၾကြေဆးျပား (၁၂ ) ျပားကို သိမ္းဆည္းမိခဲ့ေၾကာင္း သိရသည္။

ထြက္ေျပးသူမ်ားသည္ MDY 7L (4034) HI JET အျဖဴေရာင္ကား အမ်ဳိးအစားျဖင့္ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၿမိတ္ၿမိဳ႕မရဲစခန္းတြင္  အမႈဖြင့္ ေဆာင္ရြက္ထားၿပီး ထြက္ေျပးသြားသူမ်ားအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတို်င်းဒေသကြီး မြိတ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသည်ဟု သတင်းရသည့် နေအိမ်ခြံဝင်း အတွင်း ဝင်ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများကို ဓားဖြင့် ပြန်လည်ခုခံကာ ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

“မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေတယ်ဆိုတဲ့ သတင်းအရ အသိသက်သေတွေနဲ့ သွားရောက် ရှာဖွေရာမှာ အိမ်ရှင်အမျိုးသမီးနဲ့ သားနှစ်ယောက်က ဓားကိုယ်စီနဲ့ လိုက်ခုတ်ပြီး ထွက်ပြေးသွားတာပါ”ဟု မြိတ်မြို့နယ်ရဲစခန်းမှူး ဝင်းဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်တောင်နယ်မြေ မြို့မ (၂) ရပ်ကွက် ပိတောက်လမ်းရှိ နေအိမ်ခြံဝင်းအတွင်း စက်တင်ဘာလ (၂၆) ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့နှင့် အသိသက်သေများက ဖမ်းဝရမ်းဖြင့် သွားရောက် ရှာဖွေစစ်ဆေးရာ အိမ်ရှင်အမျိုးသမီးနှင့် သားနှစ်ဦးက ဓားဖြင့်ခုတ်သဖြင့် ရဲတပ်ကြပ် (၁) ဦးနှင့် အသိသက် (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး နေအိမ်ခြံဝင်း အတွင်းမှ မူးယစ်ဆေးသုံးစွဲသည့် ကိရိယာများနှင့် စိတ်ကြွဆေးပြား (၁၂ ) ပြားကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

ထွက်ပြေးသူများသည် MDY 7L (4034) HI JET အဖြူရောင်ကား အမျိုးအစားဖြင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားပြီး ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~