ၿမိတ္ၿမိဳ႕၏ သီတင္းကြ်တ္ကာလအတြင္း ဓါးကိုင္ေဆာင္သည့္ လူငယ္ကို ဖမ္းဆီး အေရးယူ

ၿမိတ္ၿမိဳ႕၏ သီတင္းကြ်တ္ကာလအတြင္း ဓါးကိုင္ေဆာင္သည့္ လူငယ္ကို ဖမ္းဆီး အေရးယူ
အောက်တိုဘာ 18, 2016
By Tachileik News Agency

ၿမိတ္ၿမိဳ႕၏ သီတင္းကြ်တ္လျပည့္ေက်ာ္ (၁)ရက္ေန႔က လမ္းမႀကီးေပၚတြင္ ဓါးရွည္တစ္ေခ်ာင္း ကိုင္ေဆာင္လာသူ လူငယ္တစ္ဦးကို လွည့္ကြင္းအဖြဲ႔က ေတြ႕ရွိကာ ဖမ္းဆီးအေရးယူလိုက္ေၾကာင္း သိရသည္။

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ ၿမိတ္ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ထြန္းထြန္းႏိုင္ ႏွင့္အဖြဲ႔သည္ ေအာက္တိုဘာလ (၁၇) ရက္ေန႔ ညပိုင္းက  လွည့္ကင္း ေဆာင္ရြက္ေနစဥ္ ၿမိတ္ေတာင္ေက်းရြာ အုပ္စု၊ ကုန္းေဖာက္ လမ္းမႀကီး၊ အေဝးေျပး ကားဝင္းသစ္ လမ္းမႀကီးေပၚ လူငယ္တစ္ဦးမွ ဓါးရွည္တစ္ေခ်ာင္း ကိုင္ေဆာင္လာသည့္ကို ေတြ႕ရွိရ၍ ရဲတပ္ဖြဲ႔မွ ဖမ္းဆီးလိုက္ျခင္း ျဖစ္သည္။

ၿမိတ္ၿမိဳ႕တြင္ အမ်ားသူငွါ သီတင္းကြ်တ္ မီးထြန္းပြဲေတာ္ကာလအတြင္း ေပ်ာ္ရႊင္စြာ က်င္းပေနစဥ္ အသက္(၂၃)ႏွစ္ရွိ ေမာင္ငယ္သည္ အ႐ိုး (၈) လက္မ၊ အသြား (၂၂) လက္မ၊ အ႐ိုးအသြား (၃၀) လက္မခန္႔႐ွိေသာ သံ႐ိုးတပ္တစ္ဖက္သြား ထိပ္ဦးခြၽန္ ဓား႐ွည္တစ္ေခ်ာင္းအား အနက္ခံတြင္ အဝါစိပ္မ်ားပါ႐ွိ ေသာ ပုဆိုးျဖင့္ပတ္လ်က္ ကိုင္ေဆာင္လာသည္ကို ေတြ႔႐ွိရသျဖင့္ ဖမ္းဆီးသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဓားအား ကိုင္ေဆာင္သူ ေမာင္ငယ္အား အေရးယူေပးရန္ ဒုရဲအုပ္ ထြန္းထြန္းႏိုင္မွ တရားလို ျပဳလုပ္ တိုင္တန္းသျဖင့္ ၿမိတ္ၿမိဳ႕မရဲစခန္း(ပ) ၁၈၄၁/၂၀၁၆၊ လက္နက္ဥပေဒပုဒ္မ ၁၉ (င) အရ အမွဳ ဖြင့္လွစ္ၿပီး အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မြိတ်မြို့၏ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့က လမ်းမကြီးပေါ်တွင် ဓားရှည်တစ်ချောင်း ကိုင်ဆောင်လာသူ လူငယ်တစ်ဦးကို လှည့်ကွင်းအဖွဲ့က တွေ့ရှိကာ ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင် နှင့်အဖွဲ့သည် အောက်တိုဘာလ (၁၇) ရက်နေ့ ညပိုင်းက လှည့်ကင်း ဆောင်ရွက်နေစဉ် မြိတ်တောင်ကျေးရွာ အုပ်စု၊ ကုန်းဖောက် လမ်းမကြီး၊ အဝေးပြေး ကားဝင်းသစ် လမ်းမကြီးပေါ် လူငယ်တစ်ဦးမှ ဓားရှည်တစ်ချောင်း ကိုင်ဆောင်လာသည့်ကို တွေ့ရှိရ၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

မြိတ်မြို့တွင် အများသူငှါ သီတင်းကျွတ် မီးထွန်းပွဲတော်ကာလအတွင်း ပျော်ရွှင်စွာ ကျင်းပနေစဉ် အသက်(၂၃)နှစ်ရှိ မောင်ငယ်သည် အရိုး (၈) လက်မ၊ အသွား (၂၂) လက်မ၊ အရိုးအသွား (၃၀) လက်မခန့်ရှိသော သံရိုးတပ်တစ်ဖက်သွား ထိပ်ဦးချွန် ဓားရှည်တစ်ချောင်းအား အနက်ခံတွင် အဝါစိပ်များပါရှိ သော ပုဆိုးဖြင့်ပတ်လျက် ကိုင်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားအား ကိုင်ဆောင်သူ မောင်ငယ်အား အရေးယူပေးရန် ဒုရဲအုပ် ထွန်းထွန်းနိုင်မှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်း(ပ) ၁၈၄၁/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င) အရ အမှု ဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~