မိုင္းတံုၿမိဳ႕နယ္မွ နမ့္ေဟာင္ခ်ယ္ ေရသြင္းတူးေျမာင္းကို က်ပ္ (၃၂)သန္းအသံုးျပဳ တူးေဖၚမည္

မိုင္းတံုၿမိဳ႕နယ္မွ နမ့္ေဟာင္ခ်ယ္ ေရသြင္းတူးေျမာင္းကို က်ပ္ (၃၂)သန္းအသံုးျပဳ တူးေဖၚမည္
အောက်တိုဘာ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္မွ လယ္ဧက (၃၇၀)အား ေရေပးေဝေနသည့္ နမ့္ေဟာင္ခ်ယ္ ေရသြင္းတူးေျမာင္းမွ သဲႏုန္းမ်ားတူးေဖာ္ရန္ က်ပ္(၃၂)သန္းအသံုးျပဳရန္ လ်ာထားေၾကာင္း ခရိုင္ဆည္ေျမာင္းဦးစီးဌာနမွ သိရသည္။

"တူးေဖာ္ရမယ့္ ေျမက်င္းခန္႔မွန္း တင္ျပခ်က္အရ က်ပ္(၃၂)သန္း ခြဲေဝခြင့္ျပဳမယ္လို႔ စာလက္ခံ ရရိွထားပါတယ္။ အေသးစိတ္ တြက္ခ်က္ၿပီး ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္မွာ ေဆာင္ရြက္ဖို႔ တင္ျပသြားမွာပါ"ဟု ခ႐ုိင္ဆည္ေျမာင္း ဦးစီးအရာရိွက ေျပာသည္။

မိုင္းဆတ္ခ႐ုိင္ မိုင္းတံုၿမိဳ႕ ဖာခ်ယ္ေက်းရြာႏွင့္ ေဟာင္လီေက်းရြာမ်ားမွ လယ္မ်ားသုိ႔ ေရေပးေဝေနသည့္ နမ့္ေဟာင္ခ်ယ္ ေရသြင္းတူးေျမာင္းမွာ လက္ရိွတြင္ သဲႏုန္းမ်ားပု႔ိခ်ေနသျဖင့္ ေရေပးေဝသည့္ ဧရိယာအားလံုးသို႔ ေရေရာက္ရန္ ခက္ခဲေနေၾကာင္း သိရသည္။

"႐ွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ခရီးစဥ္မွာ ရပ္မိရပ္ဖ တစ္ဦးျဖစ္တ့ဲ ဦးဝင္ႏိုင္ဦးနဲ႔ NLDၿမိဳ႕နယ္ အလုပ္အမႈေဆာင္အဖြဲ႔တို႔ တင္ျပခ်က္အရ ကြင္းဆင္းစစ္ေဆးဖို႔ ၫႊန္ၾကားလာတာန႔ဲ ခ႐ုိင္ဆည္ေျမာင္း ဦးစီးအရာရိွနဲ႔ အဖြဲ႕ရယ္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရယ္၊ ကြၽန္ေတာ္ရယ္ေပါင္းၿပီး ကြင္းဆင္းၾကည့္ရႈခ့ဲရာမွာ သဲႏုန္း ပို႔ခ်မွဳမ်ားလို႔ လယ္ေတြ ေရအျပည့္အဝမရတာေၾကာင့္ တိုင္းတာတြက္ခ်က္ၿပီး ျပန္တင္ျပခ့ဲတယ္" ဟု မုိင္းတံုၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဒုဥကၠဌဦးသန္းစုိးက ေျပာသည္။

နမ့္ေဟာင္ခ်ယ္ေရသြင္းတူးေျမာင္းသည္ နားၫြတ္ေရလႊဲဆည္ေရကို မိုးစပါးလယ္ဧက (၃၇၀)အတြက္ ေရေပးေဝေနေသာ တူးေျမာင္းျဖစ္ၿပီး(၁၀,၈၀၀)ေပ႐ွည္လ်ားကာ အက်ယ္(၁၂)ေပခန္႔ႏွင့္အနက္(၁၀)ေပခန္႔ရိွေၾကာင္း သိရသည္။

အဆိုပါနမ့္ေဟာင္ခ်ယ္ေျမာင္းအား သဲႏုန္းတူးေဖာ္ျပဳျပင္ပါက ေရႀကီးေရလွံ်မွဳမွ ကာကြယ္ႏိုင္ၿပီး လယ္ဧက(၃၇၀)အတြက္ စုိက္ပိ်ဳးေရအျပည့္အဝေပးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မှ လယ်ဧက (၃၇၀)အား ရေပေးဝေနေသည့် နမ့်ဟောင်ချယ် ရေသွင်းတူးမြောင်းမှ သဲနုန်းများတူးဖော်ရန် ကျပ်(၃၂)သန်းအသုံးပြုရန် လျာထားကြောင်း ခရိုင်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

"တူးဖော်ရမယ့် မြေကျင်းခန့်မှန်း တင်ပြချက်အရ ကျပ်(၃၂)သန်း ခွဲဝေခွင့်ပြုမယ်လို့ စာလက်ခံ ရရှိထားပါတယ်။ အသေးစိတ် တွက်ချက်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ဖို့ တင်ပြသွားမှာပါ"ဟု ခရိုင်ဆည်မြောင်း ဦးစီးအရာရှိက ပြောသည်။

မိုင်းဆတ်ခရိုင် မိုင်းတုံမြို့ ဖာချယ်ကျေးရွာနှင့် ဟောင်လီကျေးရွာများမှ လယ်များသို့ ရေပေးဝေနေသည့် နမ့်ဟောင်ချယ် ရေသွင်းတူးမြောင်းမှာ လက်ရှိတွင် သဲနုန်းများပို့ချနေသဖြင့် ရေပေးဝေသည့် ဧရိယာအားလုံးသို့ ရေရောက်ရန် ခက်ခဲနေကြောင်း သိရသည်။

"ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်မှာ ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးဝင်နိုင်ဦးနဲ့ NLDမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တို့ တင်ပြချက်အရ ကွင်းဆင်းစစ်ဆေးဖို့ ညွှန်ကြားလာတာနဲ့ ခရိုင်ဆည်မြောင်း ဦးစီးအရာရှိနဲ့ အဖွဲ့ရယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ကျွန်တော်ရယ်ပေါင်းပြီး ကွင်းဆင်းကြည့်ရှုခဲ့ရာမှာ သဲနုန်း ပို့ချမှုများလို့ လယ်တွေ ရေအပြည့်အဝမရတာကြောင့် တိုင်းတာတွက်ချက်ပြီး ပြန်တင်ပြခဲ့တယ်" ဟု မိုင်းတုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဦးသန်းစိုးက ပြောသည်။

နမ့်ဟောင်ချယ်ရေသွင်းတူးမြောင်းသည် နားညွတ်ရေလွှဲဆည်ရေကို မိုးစပါးလယ်ဧက (၃၇၀)အတွက် ရေပေးဝေနေသော တူးမြောင်းဖြစ်ပြီး(၁၀,၈၀၀)ပေရှည်လျားကာ အကျယ်(၁၂)ပေခန့်နှင့်အနက်(၁၀)ပေခန့်ရှိကြောင်း သိရသည်။

အဆိုပါနမ့်ဟောင်ချယ်မြောင်းအား သဲနုန်းတူးဖော်ပြုပြင်ပါက ရကြေီးရေလျှံမှုမှ ကာကွယ်နိုင်ပြီး လယ်ဧက(၃၇၀)အတွက် စိုက်ပျိုးရေအပြည့်အဝပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~