ထိုင္းႏိုင္ငံ မယ္ဆိုင္၌ ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ ျမန္မာ-ထိုင္းမခြဲျခား စစ္ေဆးမႈမ်ား ျပဳလုပ္

ထိုင္းႏိုင္ငံ မယ္ဆိုင္၌ ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ ျမန္မာ-ထိုင္းမခြဲျခား စစ္ေဆးမႈမ်ား ျပဳလုပ္
အောက်တိုဘာ 5, 2016
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ မယ္ဆုိင္ရဲစခန္းေရွ႕တြင္ ထုိင္းရဲတပ္ဖြဲ႔မွ ယာဥ္/လမ္း စည္းကမ္း ႏွင့္ ပတ္သက္၍ စစ္ေဆးမႈမ်ားကို ျမန္မာ - ထိုင္းမေရြး အေရးယူေဆာင္ရြက္ေနၿပီး ၎တို႔၏ ယာဥ္/လမ္းစည္းကမ္း ဥပေဒႏွင့္ ပတ္သက္၍ လိုက္နာျခင္း မရွိသူမ်ားကို ထိေရာက္စြာ အေရးယူ ေဆာင္ရြက္မႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

ယေန႔ ေအာက္တိုဘာလ(၅)ရက္ေန႔ နံနက္ပိုင္းတြင္ မယ္ဆိုင္ၿမိဳ႕ရွိ မယ္ဆိုင္ရဲစခန္းေရွ႕တြင္ ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ ထိုင္းရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနျခင္း ျဖစ္သည္။

"ေန႔တိုင္းေတာ့ မဖမ္းဘူး၊ ရက္ျခားလိုလိုေတာ့ စစ္ေဆး ဖမ္းဆီးတာေတြေတြ လုပ္ေနတယ္၊ ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းတာ၊ ယာဥ္ေမာင္းလိုင္စင္မပါတာေတြ အျပင္ ျမန္မာနံပါတ္တပ္ဆင္ထားတဲ့ ယာဥ္ေတြကိုလည္း တံတားက ျဖတ္လာတဲ့ စေတကာ နဲ႔ စာရြက္စာတမ္း အျပည့္အစံုမပါရင္ ဖမ္းတယ္၊ တာခ်ီလိတ္က လာတဲ့ ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ သတိထား လိုက္နာဖို႔ လိုပါတယ္"ဟု မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေပးေနသည့္ ဦးထြန္း(မယ္ဆိုင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ဆိုင္တြင္ ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ စစ္ေဆးမႈကို မယ္ဆိုင္ရဲစခန္းေရွ႕တြင္ နံနက္ပိုင္းႏွင့္ ညေနပိုင္းတို႔တြင္ ျပဳလုပ္ေလ့ရွိေၾကာင္း ႏွင့္ ရက္ျခား၍ ေဆာင္ရြက္ေလ့ရွိေၾကာင္း သိရသည္။

"တစ္ခ်ဳိ႕ ဆိုင္ကယ္စေတကာ သက္တမ္းကုန္ေနၿပီး မတိုးတဲ့ ဆိုင္ကယ္ေတြလည္း မယ္ဆိုင္ထဲမွာ စီးေနတာေတြရွိတယ္။ အဲ့လို ဆိုင္ကယ္ေတြအေနနဲ႔ အခုလို စစ္ေဆးမႈမ်ဳိးနဲ႔ တိုးရင္ေတာ့ ဖမ္းဆီးခံရႏိုင္ပါတယ္။"ဟု ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕အတြင္း ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ စစ္ေဆးမႈမ်ားကို ထိုင္းႏိုင္ငံသားျဖစ္ေစ၊ ျမန္မာႏိုင္ငံသားျဖစ္ေစ စစ္ေဆးမႈမ်ားကို ဆက္လက္ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
ဓာတ္ပံု - ဦးထြန္း(မယ္ဆိုင္)

မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မယ်ဆိုင်ရဲစခန်းရှေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ယာဉ်/လမ်း စည်းကမ်း နှင့် ပတ်သက်၍ စစ်ဆေးမှုများကို မြန်မာ - ထိုင်းမရွေး အရေးယူဆောင်ရွက်နပြေီး၎င်းတို့၏ ယာဉ်/လမ်းစည်းကမ်း ဥပဒေနှင့် ပတ်သက်၍ လိုက်နာခြင်း မရှိသူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် မယ်ဆိုင်မြို့ရှိ မယ်ဆိုင်ရဲစခန်းရှေ့တွင် ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နခြေင်း ဖြစ်သည်။

"နေ့တိုင်းတော့ မဖမ်းဘူး၊ ရက်ခြားလိုလိုတော့ စစ်ဆေး ဖမ်းဆီးတာတွေတွေ လုပ်နေတယ်၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတာ၊ ယာဉ်မောင်းလိုင်စင်မပါတာတွေ အပြင် မြန်မာနံပါတ်တပ်ဆင်ထားတဲ့ ယာဉ်တွေကိုလည်း တံတားက ဖြတ်လာတဲ့ စတေကာ နဲ့ စာရွက်စာတမ်း အပြည့်အစုံမပါရင် ဖမ်းတယ်၊ တာချီလိတ်က လာတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ သတိထား လိုက်နာဖို့ လိုပါတယ်"ဟု မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်တွင် ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ စစ်ဆေးမှုကို မယ်ဆိုင်ရဲစခန်းရှေ့တွင် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ပြုလုပ်လေ့ရှိကြောင်း နှင့် ရက်ခြား၍ ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

"တစ်ချို့ ဆိုင်ကယ်စတေကာ သက်တမ်းကုန်နပြေီး မတိုးတဲ့ ဆိုင်ကယ်တွေလည်း မယ်ဆိုင်ထဲမှာ စီးနေတာတွေရှိတယ်။ အဲ့လို ဆိုင်ကယ်တွေအနေနဲ့ အခုလို စစ်ဆေးမှုမျိုးနဲ့ တိုးရင်တော့ ဖမ်းဆီးခံရနိုင်ပါတယ်။"ဟု ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ထိုင်းနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားဖြစ်စေ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~