သိမ္းဆည္းထားေသာ ပိုလွ်ံေျမမ်ားအား စိစစ္ၿပီး အျမန္ေပးအပ္ရန္ ေတာင္သူလယ္သမားမ်ား ေတာင္းဆို

သိမ္းဆည္းထားေသာ ပိုလွ်ံေျမမ်ားအား စိစစ္ၿပီး အျမန္ေပးအပ္ရန္ ေတာင္သူလယ္သမားမ်ား ေတာင္းဆို
အောက်တိုဘာ 30, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံအနွံ႕ အျပားတြင္ စီမံကိန္းမ်ား ျပဳလုပ္ရန္သိမ္းဆည္းထားသည့္ ေျမမ်ားအနက္ ပိုလွ်ံေျမမ်ားအား ေတာင္းဆိုရာတြင္ အစိုးရအေနျဖင့္ ပူးေပါင္းေဆာင္ရြက္ရန္ မႏၱေလးၿမိဳ႕တြင္ က်င္းပခဲ့သည့္ ေတာင္သူလယ္သမား ညီလာခံမွ ေတာင္းဆိုလိုက္သည္။

“ေတာင္သူမ်ား အေနနဲ႔ ကိုယ့္ေျမကို ျပန္လိုခ်င္လို႔ ဆႏၵျပတာကျပပါ။  ဒါေပမဲ့ တည္ၿငိမ္မႈကို မပ်က္ပါေစနဲ႔။ စည္းစနစ္တက် ျပေပးၾကပါ။ လက္ရွိအစိုးက အခက္အခဲမ်ိဳးစံု နဲ႔အုပ္ခ်ဳပ္ေနရတာျဖစ္ပါတယ္။ ေတာင္ သူလယ္သမားမ်ားက အစိုးရနဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္ျခင္းက ေျဖရွင္းနည္း အမွန္ျဖစ္ပါတယ္။” ဟု ျပည္သူ႕လႊတ္ေတာ္ ေတာင္သူလယ္သမားႏွင့္အလုပ္သမားေရးရာေကာ္မတီဥကၠဌ ဦးစိန္၀င္းက ဆိုသည္။

ေတာင္သူမ်ားအေနျဖင့္ ဆႏၵထုတ္ေဖာ္ရာတြင္ တရားဥပေဒႏွင့္အညီလုပ္ေဆာင္ၾကရန္ လုိအပ္ေၾကာင္း ျမန္မာ တစ္ႏိုင္ငံလံုးဆိုင္ရာ ေတာင္သူလယ္သမားကိစၥမ်ားႏွင့္ သိမ္းဆည္းခံ စိုက္ပ်ိဳးေျမမ်ား မူလေတာင္သူမ်ား တရား၀င္လုပ္ပိုင္ခြင့္ ျပန္လည္ရရွိေရးႏွင့္ ျမန္မာနိုင္ငံလံုးဆိုင္ရာ ေတာင္သူလယ္သမား အက်ိဳး ေဆာင္ရြက္ႏုိင္ေရးအတြက္ က်င္းပသည့္ ေတာင္သူလယ္သမားညီလာခံတြင္ ေဆြးေႏြးခဲ့ၾကသည္။

“အဓိက ကၽြန္ေတာ္တို႔ေျမေတြ သိမ္းထားတာ ျပန္ေပးမယ္ဆိုၿပီး ၾကန္႔ၾကာေနတာေတြကို ျမန္ျမန္ေျဖရွင္း ေပးေစခ်င္တာပါ။ အခုလိုျပန္ေပးမယ္ဆိုၿပီး ၾကာေနေတာ့ ဘာလုပ္စားရမွန္းမသိဘူး။ ေတာင္သူ ဆိုတာ လယ္ယာပဲ လုပ္တတ္တာပါ။ ဒီျပႆနာေတြကို ေျဖရွင္းေပးႏိုင္မယ့္ အဖြဲ႔အစည္း ဖြဲ႔ႏိုင္ရင္ေတာ့ အမ်ားႀကီးေကာင္းပါတယ္။” ဟု ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ညီလာခံသို႔လာေရာက္ေသာ ဦးစိုင္းတူးက ေျပာသည္။

ယင္းအျပင္ သိမ္းဆည္းခံေျမမ်ားအတြက္ သီးႏွံေလ်ာ္ေၾကးသာရရွိၿပီး ကာလေပါက္ေစ်းအတိုင္း ေပးေလ်ာ္ျခင္း မရွိသည့္ ကိစၥမ်ားကိုလည္း ေျဖရွင္းေပးေစလိုေၾကာင္း ေတာင္သူမ်ားက ေဆြးေႏြးခဲ့ၾကသည္။

ေအာက္တိုဘာလ ၂၃ ႐က္က က်င္းပသည့္ အဆိုပါညီလာခံသို႔ ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ႏွင့္ (ေျမာက္ပိုင္း)၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင္႔ မႏၲေလးတိုင္းေဒသႀကီးတို႔မွ ေတာင္သူ လယ္သမား (၃၀၀၀)ခန္႔ ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဥပေဒေရးရာပညာရွင္မ်ား၊ အရပ္ဖက္လူ႕အဖြဲ႔အစည္းမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေရႊေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံအနှံ့ အပြားတွင် စီမံကိန်းများ ပြုလုပ်ရန်သိမ်းဆည်းထားသည့် မြေများအနက် ပိုလျှံမြေများအား တောင်းဆိုရာတွင် အစိုးရအနဖြေင့် ပူးပေါင်းဆောင်ရွက်ရန် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် တောင်သူလယ်သမား ညီလာခံမှ တောင်းဆိုလိုက်သည်။

“တောင်သူများ အနေနဲ့ ကိုယ့်မြေကို ပြန်လိုချင်လို့ ဆန္ဒပြတာကပြပါ။ ဒါပေမဲ့ တည်ငြိမ်မှုကို မပျက်ပါစေနဲ့။ စည်းစနစ်တကျ ပြပေးကြပါ။ လက်ရှိအစိုးက အခက်အခဲမျိုးစုံ နဲ့အုပ်ချုပ်နေရတာဖြစ်ပါတယ်။ တောင် သူလယ်သမားများက အစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခြင်းက ဖြေရှင်းနည်း အမှန်ဖြစ်ပါတယ်။” ဟု ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီဥက္ကဌ ဦးစိန်ဝင်းက ဆိုသည်။

တောင်သူများအနဖြေင့် ဆန္ဒထုတ်ဖော်ရာတွင် တရားဥပဒေနှင့်အညီလုပ်ဆောင်ကြရန် လိုအပ်ကြောင်း မြန်မာ တစ်နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားကိစ္စများနှင့် သိမ်းဆည်းခံ စိုက်ပျိုးမြေများ မူလတောင်သူများ တရားဝင်လုပ်ပိုင်ခွင့် ပြန်လည်ရရှိရေးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အကျိုး ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပသည့် တောင်သူလယ်သမားညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။

“အဓိက ကျွန်တော်တို့မြေတွေ သိမ်းထားတာ ပြန်ပေးမယ်ဆိုပြီး ကြန့်ကြာနေတာတွေကို မြန်မြန်ဖြေရှင်း ပေးစေချင်တာပါ။ အခုလိုပြန်ပေးမယ်ဆိုပြီး ကြာနေတော့ ဘာလုပ်စားရမှန်းမသိဘူး။ တောင်သူ ဆိုတာ လယ်ယာပဲ လုပ်တတ်တာပါ။ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အဖွဲ့အစည်း ဖွဲ့နိုင်ရင်တော့ အများကြီးကောင်းပါတယ်။” ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ညီလာခံသို့လာရောက်သော ဦးစိုင်းတူးက ပြောသည်။

ယင်းအပြင် သိမ်းဆည်းခံမြေများအတွက် သီးနှံလျော်ကြေးသာရရှိပြီး ကာလပေါက်ဈေးအတိုင်း ပေးလျော်ခြင်း မရှိသည့် ကိစ္စများကိုလည်း ဖြေရှင်းပေးစေလိုကြောင်း တောင်သူများက ဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာလ ၂၃ ရက်က ကျင်းပသည့် အဆိုပါညီလာခံသို့ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် (မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူ လယ်သမား (၃၀၀၀)ခန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေရေးရာပညာရှင်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~