လႊတ္ေတာ္ဖြံ႕ၿဖိဳးေရးရန္ပံုေငြလုပ္ငန္းမ်ား ကန္ထ႐ိုက္စနစ္ျဖင့္ မလုပ္ရန္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အသိေပး

လႊတ္ေတာ္ဖြံ႕ၿဖိဳးေရးရန္ပံုေငြလုပ္ငန္းမ်ား ကန္ထ႐ိုက္စနစ္ျဖင့္ မလုပ္ရန္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အသိေပး
အောက်တိုဘာ 4, 2016
By Tachileik News Agency

ျပည္ေထာင္စုလႊတ္ေတာ္ဖြံ႕ၿဖိဳးေရးရန္ပံုေငြျဖင့္ ေဒသတြင္းလုပ္ငန္းမ်ားေဖၚေဆာင္ရာတြင္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးမ်ား ကိုယ္တိုင္ဦးစီးလုပ္ကိုင္ၾကရန္ တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ညႊန္ၾကားလိုက္သည္။

"အခုလႊတ္ေတာ္ရန္ပံုေငြနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္တဲ့ေနရာမွာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြကို လုပ္ငန္း အေကာင္အထည္ေဖၚဖို႔ ေပးလိုက္တာ။ အရင္တုန္းကလို ကန္ထ႐ိုက္ေပးၿပီး လုပ္ခုိင္းတဲ့စနစ္နဲ႔ မလုပ္ပါနဲ႔။ ကိုယ့္ေက်းရြာ အက်ိဳးစီးပြားျဖစ္တဲ့အတြက္ ကိုယ္ကိုယ္တိုင္ ဦးစီးၿပီး ေက်းရြာသားေတြရဲ႕ပါ၀င္မႈနဲ႔ တကယ္ ေကာင္းမြန္ၿပီး အရည္အေသြးျပည့္တဲ့ လမ္း၊တံတားနဲ႔ အေဆာက္အဦးေတြကို ေက်းရြာထဲက ပညာရွင္ေတြနဲ႔ တည္ေဆာက္ေပးပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က အဆိုပါ ရန္ပံုေငြေပးအပ္ပြဲတြင္ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ေဒသတြင္း ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားျဖစ္သည့္ လမ္းတံတားႏွင့္ ေရသြယ္ယူမႈလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ ျပည္ေထာင္စုလႊတ္ေတာ္ဖြံ႕ၿဖိဳးေရးရန္ပံုေငြ က်ပ္သိန္းတစ္ေထာင္အား စက္တင္ဘာလ(၂၆)ရက္က တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားအား ေတြ႕ဆံုကာ ေပးအပ္လိုက္ျခင္း ျဖစ္သည္။

ေက်းရြာလမ္းႏွင့္ ေရသြယ္မႈလုပ္ငန္းမ်ားအတြက္ ေငြေၾကးသံုးစြဲရာတြင္ စနစ္တက်သံုးစြဲၿပီး ေက်းရြာ အကူအညီရယူကာ အေသးစိတ္ တြက္ခ်က္ထားမႈ စာရင္းထက္ ပိုမို၍ ရွည္လ်ားသည့္ လမ္းႏွင့္ ေရပိုက္မ်ားအား တည္ေဆာက္ေရးႏွင့္ အရည္အေသြးျပည့္၀သည့္ တည္ေဆာက္မႈမ်ားျပဳလုပ္ရန္၊ စိစစ္ေရးေကာ္မတီအား လိုအပ္သည့္ အၾကံညဏ္မ်ားေတာင္းခံရန္ ၎မွ ညႊန္ၾကားလိုက္ေၾကာင္း သိရသည္။

"အရင္တုန္းက ကန္ထ႐ိုက္ေတြကို ပုတ္ျပတ္ေပးၿပီး ေဆာက္ခဲ့တာေတြရွိခဲ့တယ္။ အဲဒီလို ေပးေဆာက္တဲ့ အတြက္ လႊတ္ေတာ္ရန္ပံုေငြကခ်ေပးတာ က်ပ္သိန္း(၅၀)ဆိုရင္ ကန္ထ႐ိုက္ကို က်ပ္သိန္း(၄၀)နဲ႔ ပုတ္ျပတ္ေပးလိုက္ေတာ့ တကယ္တမ္း စာရင္းစစ္က စစ္တဲ့အခ်ိန္က်ေတာ့ လမ္းက သတ္မွတ္ေပအရွည္ မျပည့္တာေတြ ျဖစ္လာတယ္။ အဲဒီအခါက်ရင္ သတ္မွတ္ခ်က္အတိုင္း အျပည့္ျပန္ၿပီး လမ္းခင္း ေပးရတယ္"ဟု ရပ္/ေက်းအဖြဲ႔၀င္တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အဆိုပါ ရန္ပံုေငြျဖင့္ ေက်းရြာေရရရွိေရးအတြက္ ေရပိုက္သြယ္တန္းမႈ လုပ္ငန္း(၅)ခု၊ ေက်းရြာခ်င္းဆက္လမ္းခင္းသည့္ လုပ္ငန္း (၁၃) ခုႏွင့္ စာသင္ေက်ာင္းအေဆာက္အဦး တည္ေဆာက္မႈ လုပ္ငန္း(၂)ခုတို႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုဇက္


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွဖြေင့် ဒေသတွင်းလုပ်ငန်းများဖော်ဆောင်ရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်ဦးစီးလုပ်ကိုင်ကြရန် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားလိုက်သည်။

"အခုလွှတ်တော်ရန်ပုံငွေနဲ့ ဖွံ့ဖြိုးရေးလုပ်တဲ့နေရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လုပ်ငန်း အကောင်အထည်ဖော်ဖို့ ပေးလိုက်တာ။ အရင်တုန်းကလို ကန်ထရိုက်ပေးပြီး လုပ်ခိုင်းတဲ့စနစ်နဲ့ မလုပ်ပါနဲ့။ ကိုယ့်ကျေးရွာ အကျိုးစီးပွားဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ဦးစီးပြီး ကျေးရွာသားတွေရဲ့ပါဝင်မှုနဲ့ တကယ် ကောင်းမွန်ပြီး အရည်အသွေးပြည့်တဲ့ လမ်း၊တံတားနဲ့ အဆောက်အဦးတွေကို ကျေးရွာထဲက ပညာရှင်တွေနဲ့ တည်ဆောက်ပေးပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အဆိုပါ ရန်ပုံငွေပေးအပ်ပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားနှင့် ရေသွယ်ယူမှုလုပ်ငန်းများ လုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင်အား စက်တင်ဘာလ(၂၆)ရက်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံကာ ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ကျေးရွာလမ်းနှင့် ရေသွယ်မှုလုပ်ငန်းများအတွက် ငွေကြေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲပြီး ကျေးရွာ အကူအညီရယူကာ အသေးစိတ် တွက်ချက်ထားမှု စာရင်းထက် ပိုမို၍ ရှည်လျားသည့် လမ်းနှင့် ရေပိုက်များအား တည်ဆောက်ရေးနှင့် အရည်အသွေးပြည့်ဝသည့် တည်ဆောက်မှုများပြုလုပ်ရန်၊ စိစစ်ရေးကော်မတီအား လိုအပ်သည့် အကြံညဏ်များတောင်းခံရန်၎င်းမှ ညွှန်ကြားလိုက်ကြောင်း သိရသည်။

"အရင်တုန်းက ကန်ထရိုက်တွေကို ပုတ်ပြတ်ပေးပြီး ဆောက်ခဲ့တာတွေရှိခဲ့တယ်။ အဲဒီလို ပေးဆောက်တဲ့ အတွက် လွှတ်တော်ရန်ပုံငွေကချပေးတာ ကျပ်သိန်း(၅၀)ဆိုရင် ကန်ထရိုက်ကို ကျပ်သိန်း(၄၀)နဲ့ ပုတ်ပြတ်ပေးလိုက်တော့ တကယ်တမ်း စာရင်းစစ်က စစ်တဲ့အချိန်ကျတော့ လမ်းက သတ်မှတ်ပေအရှည် မပြည့်တာတွေ ဖြစ်လာတယ်။ အဲဒီအခါကျရင် သတ်မှတ်ချက်အတိုင်း အပြည့်ပြန်ပြီး လမ်းခင်း ပေးရတယ်"ဟု ရပ်/ကျေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း အဆိုပါ ရန်ပုံငွဖြေင့် ကျေးရွာရေရရှိရေးအတွက် ရေပိုက်သွယ်တန်းမှု လုပ်ငန်း(၅)ခု၊ ကျေးရွာချင်းဆက်လမ်းခင်းသည့် လုပ်ငန်း (၁၃) ခုနှင့် စာသင်ကျောင်းအဆောက်အဦး တည်ဆောက်မှု လုပ်ငန်း(၂)ခုတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~