ကယားျပည္နယ္ လြိဳင္ေကာ္၌ ခ်ဲဒိုင္အား ဖမ္းဆီးအေရးယူ

ကယားျပည္နယ္ လြိဳင္ေကာ္၌ ခ်ဲဒိုင္အား ဖမ္းဆီးအေရးယူ
အောက်တိုဘာ 15, 2016
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္ရွိေနာင္ယား(က)ရပ္ကြက္တြင္ ထိုင္း(၃)လံုးတိုက္ထီ (ခ်ဲ) ေလာင္းကစားဒိုင္အား ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

ေအာက္တိုဘာလ (၁၅)ရက္ေန႔ နံနက္ (၁၀း၃၀) နာရီအခ်ိန္တြင္ ေလာင္းကစား ျပဳလုပ္ေနေၾကာင္း သတင္းရရွိသည့္ အတြက္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕မ်ားက ေနာင္ယား(က)ရပ္ကြက္တြင္ ေနထိုင္သည့္ ဦးတင္လွႏွင့္ ဇနီးျဖစ္သူ ေဒၚေအးေအးဝင္းတို႔ အိမ္အား ေလာင္းကစား ဖမ္းဝရမ္းအမွတ္(၂/၂၀၁၆)ျဖင့္ ဝင္ေရာက္ ရွာေဖြခဲ့ရာ အမွတ္စဥ္ (၁)မွ (၁၂)အထိပါဝင္ေသာ ထိုင္းႏိုင္ငံမွ သံုးလုံးတိုက္ထီ ေလာင္းကစားရာတြင္ အသုံးျပဳေသာ စာရြက္စာတမ္းမ်ား၊ လယ္ဂ်ာစာအုပ္မ်ား၊ ေဘာင္ခ်ာစာအုပ္ ျဖတ္ပိုင္းမ်ားႏွင့္ ေလာင္းေၾကးေငြ(၃၄၃,၀၀၀)က်ပ္ ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြ သိမ္းဆည္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်ဲထီေလာင္းကစားဒိုင္ျပဳလုပ္သည့္ ဦးတင္လွႏွင့္ ဇနီး ေဒၚေအးေအးဝင္းတို႔အား ဥပေဒအရ အေရးယူသြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိနောင်ယား(က)ရပ်ကွက်တွင် ထိုင်း(၃)လုံးတိုက်ထီ (ချဲ) လောင်းကစားဒိုင်အား ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းရရှိသည့် အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက နောင်ယား(က)ရပ်ကွက်တွင် နေထိုင်သည့် ဦးတင်လှနှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးဝင်းတို့ အိမ်အား လောင်းကစား ဖမ်းဝရမ်းအမှတ်(၂/၂၀၁၆)ဖြင့် ဝင်ရောက် ရှာဖွေခဲ့ရာ အမှတ်စဉ် (၁)မှ (၁၂)အထိပါဝင်သော ထိုင်းနိုင်ငံမှ သုံးလုံးတိုက်ထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ လယ်ဂျာစာအုပ်များ၊ ဘောင်ချာစာအုပ် ဖြတ်ပိုင်းများနှင့် လောင်းကြေးငွေ(၃၄၃,ဝဝဝ)ကျပ် နှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချဲထီလောင်းကစားဒိုင်ပြုလုပ်သည့် ဦးတင်လှနှင့် ဇနီး ဒေါ်အေးအေးဝင်းတို့အား ဥပဒေအရ အရေးယူသွားရန် စီစဉ်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~