ကယားျပည္နယ္ လြိဳင္ေကာ္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ အရည္အေသြး စိစစ္ေရးေကာ္မတီအား (၁၀)ဦးျဖင့္ ဖြဲ႔စည္း

ကယားျပည္နယ္ လြိဳင္ေကာ္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ အရည္အေသြး စိစစ္ေရးေကာ္မတီအား (၁၀)ဦးျဖင့္ ဖြဲ႔စည္း
အောက်တိုဘာ 3, 2016
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္တကၠသိုလ္၏ ဘြဲ႕ႏွင္းသဘင္ခန္းမပ်က္စီးမွဳႏွင့္ ပတ္သက္၍ ေက်ာင္းသားမ်ား ေတာင္းဆိုထားသည့္ ေလးပြင့္ဆိုင္ေဆြးေႏြးမႈျဖင့္ လြိဳင္ေကာ္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ အရည္အေသြး စိစစ္ေရးေကာ္မတီကို ေလးပြင့္ဆိုင္ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ျပည္နယ္မွာရိွတဲ့ တကၠသိုလ္ႀကီး ခိုင္ခိုင္မာမာနဲ႔ အၿမဲတမ္းေရရွည္တည္တံံ့ခိုင္ၿမဲဖို႔အတြက္ကို ဝိုင္းဝန္း ထိန္းသိမ္းမယ္ဆိုတဲ့ ေပၚလစီတစ္ခုက္ို ဒီေနရာမွာ ေက်ာင္းသူေက်ာင္းသားမ်ားအေနနဲ႔ ဒီလိုဖြဲ႕လိုက္မယ္ဆိုရင္ အဆင္ေျပဆုံးျဖစ္နိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္မယ္လို႔ ျမင္မိတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္”ဟု ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လေဖာင္းရိႈက ဆိုသည္။

လိြဳင္ေကာ္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ ပ်က္စီးေနမႈႏွင့္ပတ္သက္၍ ေက်ာင္းသားမ်ားက ဆႏၵျပ ေတာင္းဆို လုိက္ၿပီးေနာက္ စက္တင္ဘာလ (၃၀)ရက္ေန႔က ျပည္နယ္အစိုးရ႐ုံး၌ အစိုးရအဖြဲ႔ဝင္မ်ား၊ သက္ဆိုင္ရာ ကုမၸဏီအဖြဲ႕ဝင္မ်ား၊ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္မ်ားနွင့္ ေလ့လာေစာင့္ၾကည့္သူမ်ား ပါဝင္သည့္ ေလးပြင့္ဆိုင္ေဆြးေႏြးၿပီး ကိုယ္စားလွယ္ (၁၀)ဦးပါဝင္ေသာ ေစာင့္ၾကည့္ႀကီးၾကပ္ေရး ေကာ္မတီတစ္ရပ္ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္က ဖြဲ႕စည္းေပးလိုက္ျခင္းျဖစ္သည္။

အဆိုပါ ေကာ္မတီတြင္ အစိုးရအဖြဲ႔ဝင္မ်ားကိုယ္စားလွယ္အျဖစ္ အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ လမ္းတံတား ဦးစီးဌာနမွ ဦးခင္ေမာင္ရီ၊ လိြဳင္ေကာ္တကၠသိုလ္မွ ေဒါက္တာေအာင္ဝင္းၾကည္၊ ဦးစိုးလွႏွင့္ လိြဳင္ေကာ္ တကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာေမာင္ေမာင္၊ ဘြဲ႕ႏွင္းသဘင္ခန္းမေဆာက္လုပ္သည့္ ကုမၸဏီမွ ကိုယ္စားလွယ္အျဖစ္ KMG ကုမၸဏီဒါရိုက္တာ ဦးရာဇာလင္း၊ ေက်ာင္းသားမ်ား ကိုယ္စားလွယ္အျဖစ္ ကရင္နီျပည္ေက်ာင္းသားမ်ား သမဂၢအဖြဲ႕ ဥကၠဌ ခြန္ရဲမင္းေက်ာ္၊ မ်ိဳးလိွဳင္ဝင္းႏွင့္ ေမာင္ပ်ားေလး(ခ)ဂြၽန္ေပါ၊ ေလ့လာေစာင့္ၾကည္သူ ကိုယ္စားလွယ္အျဖစ္ ခြန္းအသန္းႏွင့္ ဒီးဒီတို႔ ပါဝင္ေၾကာင္း သိရသည္။

ေကာ္မတီဝင္မ်ားမွ လိြဳင္ေကာ္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ ပ်က္စီးေနမႈမ်ားကို အဖြဲ႕ျဖင့္ လိုက္လံ စစ္ေဆးခဲ႔ၿပီး ဘြဲ႕ႏွင္းသဘင္ ေရရွည္ တည္တံ့ေကာင္းမြန္ေရးႏွင့္ ကုမၸဏီမွ အေဆာက္အဦ ထပ္မံ ျပင္ဆင္မႈမ်ား၊ အၿပီးသတ္ လုပ္ေဆာင္မႈမ်ားကို ေစာင့္ၾကည့္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမပျက်စီးမှုနှင့် ပတ်သက်၍ ကျောင်းသားများ တောင်းဆိုထားသည့် လေးပွင့်ဆိုင်ဆွေးနွေးမှုဖြင့် ဘွဲ့နှင်းသဘင်ခန်းမ စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီကို လေးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်ကြီး ခိုင်ခိုင်မာမာနဲ့ အမြဲတမ်းရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ကို ဝိုင်းဝန်း ထိန်းသိမ်းမယ်ဆိုတဲ့ ပေါ်လစီတစ်ခုကို် ဒီနေရာမှာ ကျောင်းသူကျောင်းသားများအနေနဲ့ ဒီလိုဖွဲ့လိုက်မယ်ဆိုရင် အဆင်ပြေဆုံးဖြစ်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်မယ်လို့ မြင်မိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လဖောင်းရှိုက ဆိုသည်။

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးနေမှုနှင့်ပတ်သက်၍ ကျောင်းသားများက ဆန္ဒပြ တောင်းဆို လိုက်ပြီးနောက် စက်တင်ဘာလ (၃၀)ရက်နေ့က ပြည်နယ်အစိုးရရုံး၌ အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကုမ္ပဏီအဖွဲ့ဝင်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် လေ့လာစောင့်ကြည့်သူများ ပါဝင်သည့် လေးပွင့်ဆိုင်ဆွေးနွေးပြီး ကိုယ်စားလှယ် (၁၀)ဦးပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီတစ်ရပ်ကို ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီတွင် အစိုးရအဖွဲ့ဝင်များကိုယ်စားလှယ်အဖြစ် အဖွဲ့ခေါင်းဆောင်ဖြစ်သူ လမ်းတံတား ဦးစီးဌာနမှ ဦးခင်မောင်ရီ၊ လွိုင်ကော်တက္ကသိုလ်မှ ဒေါက်တာအောင်ဝင်းကြည်၊ ဦးစိုးလှနှင့် လွိုင်ကော် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမောင်မောင်၊ ဘွဲ့နှင်းသဘင်ခန်းမဆောက်လုပ်သည့် ကုမ္ပဏီမှ ကိုယ်စားလှယ်အဖြစ် KMG ကုမ္ပဏီဒါရိုက်တာ ဦးရာဇာလင်း၊ ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ကရင်နီပြည်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဌ ခွန်ရဲမင်းကျော်၊ မျိုးလှိုင်ဝင်းနှင့် မောင်ပျားလေး(ခ)ဂျွန်ပေါ၊ လေ့လာစောင့်ကြည်သူ ကိုယ်စားလှယ်အဖြစ် ခွန်းအသန်းနှင့် ဒီးဒီတို့ ပါဝင်ကြောင်း သိရသည်။

ကော်မတီဝင်များမှ လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးနေမှုများကို အဖွဲ့ဖြင့် လိုက်လံ စစ်ဆေးခဲ့ပြီး ဘွဲ့နှင်းသဘင် ရေရှည် တည်တံ့ကောင်းမွန်ရေးနှင့် ကုမ္ပဏီမှ အဆောက်အဦ ထပ်မံ ပြင်ဆင်မှုများ၊ အပြီးသတ် လုပ်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~