ဇနီးျဖစ္သူ အိမ္လည္သည့္ကိစၥႏွင့္ ပတ္သက္၍ စကားမ်ားၿပီး ဓါးခုတ္မႈ ၀မ္းတြင္း၌ ျဖစ္ပြား

ဇနီးျဖစ္သူ အိမ္လည္သည့္ကိစၥႏွင့္ ပတ္သက္၍ စကားမ်ားၿပီး ဓါးခုတ္မႈ ၀မ္းတြင္း၌ ျဖစ္ပြား
အောက်တိုဘာ 17, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္ ဘုရားစုေက်းရြာအုပ္စု ေက်ာက္ကန္ေက်းရြာတြင္ အလုပ္မွျပန္လာသည့္ ခင္ပြန္းျဖစ္သူက အိမ္လည္ျပန္လာသည့္ ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး ဓါးျဖင့္ ခုတ္လိုက္သျဖင့္ ဒဏ္ရာရသြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္ရပ္မွာ ေအာက္တိုဘာလ(၁၆)ရက္ေန႔က ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး၊ အလုပ္မွျပန္လာသည့္ ခင္ပြန္းျဖစ္သူက ထမင္းစားရန္ ျပင္ဆင္ ေပးေစလိုေသာ္လည္း ဇနိီးျဖစ္သူက အိမ္လည္ေနသျဖင့္ ေဒါသထြက္ကာ ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး ဓါးျဖင့္ ခုတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါးျဖင့္ခုတ္ခံရသည့္ အသက္ (၃၁)ႏွစ္အရြယ္ မဆန္းေဌးဝင္းမွာ ဦးေခါင္းဝဲဘက္တြင္ ျပတ္ရွဒဏ္ရာ ရရိွသြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ ပတ္သက္၍ ခင္ပြန္းျဖစ္သူ အသက္ (၃၂)ႏွစ္အရြယ္ ေအာင္ေက်ာ္ဦး(ခ) တရုတ္ႀကီးအား ဝမ္းတြင္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉၃/၂၀၁၆ တစ္ဖက္သားအား သာမန္ဒဏ္ရာရရိွေစမႈျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာအုပ်စု ကျောက်ကန်ကျေးရွာတွင် အလုပ်မှပြန်လာသည့် ခင်ပွန်းဖြစ်သူက အိမ်လည်ပြန်လာသည့် ဇနီးဖြစ်သူနှင့် စကားများပြီး ဓားဖြင့် ခုတ်လိုက်သဖြင့် ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ အောက်တိုဘာလ(၁၆)ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ အလုပ်မှပြန်လာသည့် ခင်ပွန်းဖြစ်သူက ထမင်းစားရန် ပြင်ဆင် ပေးစေလိုသော်လည်း ဇနိီးဖြစ်သူက အိမ်လည်နေသဖြင့် ဒေါသထွက်ကာ ဇနီးဖြစ်သူနှင့် စကားများပြီး ဓားဖြင့် ခုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ခုတ်ခံရသည့် အသက် (၃၁)နှစ်အရွယ် မဆန်းဌေးဝင်းမှာ ဦးခေါင်းဝဲဘက်တွင် ပြတ်ရှဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူ အသက် (၃၂)နှစ်အရွယ် အောင်ကျော်ဦး(ခ) တရုတ်ကြီးအား ဝမ်းတွင်မြို့မရဲစခန်းတွင် (ပ)၁၉၃/၂၀၁၆ တစ်ဖက်သားအား သာမန်ဒဏ်ရာရရှိစေမှုဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~