ျပည္တြင္းစစ္ ရပ္စဲေပးရန္ ကတုံး တုံး၍ ဆႏၵထုတ္ေဖၚ

ျပည္တြင္းစစ္ ရပ္စဲေပးရန္ ကတုံး တုံး၍ ဆႏၵထုတ္ေဖၚ
အောက်တိုဘာ 28, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနသည့္ စစ္ပြဲမ်ားအတြင္း ေျမစာပင္ျဖစ္ေနရသည့္ ကေလးသူငယ္မ်ားႏွင့္ ေဒသခံမ်ားအား စာနာ နားလည္ေပးသည့္ အေနျဖင့္ စစ္ပြဲမ်ားရပ္တန္႔ေပးရန္ ကယားျပည္နယ္မွ တတ္ၾကြ လႈပ္ရွားသူမ်ားက ေအာက္တိုဘာလ (၂၈)ရက္တြင္ ကတုံးတုံး၍ ဆႏၵေဖၚထုတ္မႈတစ္ခု ျပဳလုပ္လိုက္သည္။

စစ္ပြဲတြင္ အသက္မ်ားစြာ စေတးရျခင္း၊ မိသားစုမ်ား၊ ကေလးသူငယ္မ်ား ဆုံးရႈံးရျခင္းမ်ားကို စာနာ နားလည္ေပးသည့္ အေနျဖင့္ စစ္ပြဲမ်ားရပ္တန္႔ေပးေရး၊ စစ္ပြဲအားလုံးကို ရႈံ႕ခ်သည့္ ရည္ရြယ္ခ်က္ျဖင့္ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ဦးေဆာင္သူ ကိုစစ္မုန္းက ေျပာသည္။

"မိသားစုေတြ ကိုယ့္သားသမီးေတြ ကိုယ္ခ်စ္ခင္ရတဲ့သူေတြ စစ္ပြဲမွာဆုံးရႈံး ကုန္တာေပါ့ေနာ္။ အဲဒီလို ဆုံးရႈံးတာကို ကၽြန္ေတာ္တို႔က စာနာတဲ့အေနနဲ႔ အဓိက ျပသခ်င္တယ္။ အဲဒီလို လူအမ်ားက မလိုလားတဲ့ စစ္ကိုရပ္တန္႕ေပး ေစခ်င္လို႔ ကၽြန္ေတာ္တို႕ ျမတ္ႏိုးတဲ႕ဆံပင္ကို ရိတ္ၿပီး ေတာင္းဆို မႈႈတစ္ခု လုပ္ရျခင္း ျဖစ္ပါတယ္။ ဒါကလည္း ေတာင္းဆိုနည္း တစ္ခုေပါ႔ "ဟု ကိုစစ္မုန္းက Tachileik News Agency(တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

ျပည္နယ္မ်ားတြင္ ျဖစ္ေပၚေနသည့္ စစ္ပြဲမ်ားကို ရပ္တန္႔ၾကရန္ႏွင့္ စစ္ပြဲမ်ား အလိုမရွိေၾကာင္း ကရင္နီျပည္သူလူထုႏွစ္ရာခန္႔က ေအာက္တိုဘာလ(၂၈)ရက္ေန႕တြင္ ဆႏၵေဖၚထုတ္မႈ ျပဳလုပ္ လွ်က္ရွိသည္။

"အခုလို ကိုယ္ပိုင္ဆိုင္တဲ့ ကိုယ္တန္ဖိုး ထားတဲ့ အရာတစ္ခုကို စြန္႔လႊတ္ၿပီး စစ္ပြဲကို ရပ္တန္႔ဖို႔ ေတာင္းဆိုေနမႈမွာ မ်ားစြာဂုဏ္ယူစရာ ျဖစ္ၿပီး ဒီလူထုေတြက စစ္ကို ရပ္တန္႕ဖို႕ဆို ကုိယ္က်ိဳးစြန္႔ဖို႔ ဝန္မေလးဘူး။ စစ္ပြဲေတြကို လုံးဝ အလိုမရွိဘူး ဆိုတာကို ျပတာလို႔ ကၽြန္ေတာ္ျမင္တယ္။ ဒါကလုံးဝ ထူးျခားပါတယ္"ဟု လိြဳင္ေကာ္ၿမိဳ႕မွ ေဒသခံ ကိုစိုးႀကီးက ေျပာသည္။

ဆႏၵထုတ္ေဖၚေနသည့္ ကရင္နီျပည္ လူထု အင္အား ႏွစ္ရာေက်ာ္သည္ လိြဳင္ေကာ္ၿမိဳ႕ေပၚရွိ ေဒသကြပ္ကဲေရး စစ္ဌာနခ်ဳပ္ အပါအဝင္ တပ္မေတာ္ တပ္ရင္းမ်ားေရွ႕ႏွင့္ လိြဳင္ေကာ္ၿမိဳ႕ထဲတြင္ ယေန႔ တစ္ေနကုန္ ဆႏၵထုတ္ေဖၚသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအတွင်း မြေစာပင်ဖြစ်နေရသည့် ကလေးသူငယ်များနှင့် ဒေသခံများအား စာနာ နားလည်ပေးသည့် အနဖြေင့် စစ်ပွဲများရပ်တန့်ပေးရန် ကယားပြည်နယ်မှ တတ်ကြွ လှုပ်ရှားသူများက အောက်တိုဘာလ (၂၈)ရက်တွင် ကတုံးတုံး၍ ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်လိုက်သည်။

စစ်ပွဲတွင် အသက်များစွာ စတေးရခြင်း၊ မိသားစုများ၊ ကလေးသူငယ်များ ဆုံးရှုံးရခြင်းများကို စာနာ နားလည်ပေးသည့် အနဖြေင့် စစ်ပွဲများရပ်တန့်ပေးရေး၊ စစ်ပွဲအားလုံးကို ရှုံ့ချသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူ ကိုစစ်မုန်းက ပြောသည်။

"မိသားစုတွေ ကိုယ့်သားသမီးတွေ ကိုယ်ချစ်ခင်ရတဲ့သူတွေ စစ်ပွဲမှာဆုံးရှုံး ကုန်တာပေါ့နော်။ အဲဒီလို ဆုံးရှုံးတာကို ကျွန်တော်တို့က စာနာတဲ့အနေနဲ့ အဓိက ပြသချင်တယ်။ အဲဒီလို လူအများက မလိုလားတဲ့ စစ်ကိုရပ်တန့်ပေး စေချင်လို့ ကျွန်တော်တို့ မြတ်နိုးတဲ့ဆံပင်ကို ရိတ်ပြီး တောင်းဆို မှုတစ်ခု လုပ်ရခြင်း ဖြစ်ပါတယ်။ ဒါကလည်း တောင်းဆိုနည်း တစ်ခုပေါ့ "ဟု ကိုစစ်မုန်းက Tachileik News Agency(တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

ပြည်နယ်များတွင် ဖြစ်ပေါ်နေသည့် စစ်ပွဲများကို ရပ်တန့်ကြရန်နှင့် စစ်ပွဲများ အလိုမရှိကြောင်း ကရင်နီပြည်သူလူထုနှစ်ရာခန့်က အောက်တိုဘာလ(၂၈)ရက်နေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ် လျှက်ရှိသည်။

"အခုလို ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ်တန်ဖိုး ထားတဲ့ အရာတစ်ခုကို စွန့်လွှတ်ပြီး စစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုနေမှုမှာ များစွာဂုဏ်ယူစရာ ဖြစ်ပြီး ဒီလူထုတွေက စစ်ကို ရပ်တန့်ဖို့ဆို ကိုယ်ကျိုးစွန့်ဖို့ ဝန်မလေးဘူး။ စစ်ပွဲတွေကို လုံးဝ အလိုမရှိဘူး ဆိုတာကို ပြတာလို့ ကျွန်တော်မြင်တယ်။ ဒါကလုံးဝ ထူးခြားပါတယ်"ဟု လွိုင်ကော်မြို့မှ ဒေသခံ ကိုစိုးကြီးက ပြောသည်။

ဆန္ဒထုတ်ဖော်နေသည့် ကရင်နီပြည် လူထု အင်အား နှစ်ရာကျော်သည် လွိုင်ကော်မြို့ပေါ်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် အပါအဝင် တပ်မတော် တပ်ရင်းများရှေ့နှင့် လွိုင်ကော်မြို့ထဲတွင် ယနေ့ တစ်နေကုန် ဆန္ဒထုတ်ဖော်သွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~