ကြမ္းသီးေျခာက္မ်ားကို မီးအပူေပးရာမွ လူေနအိမ္တစ္လံုး မီးေလာင္မႈ ကြ်န္းစု၌ ျဖစ္ပြား

ကြမ္းသီးေျခာက္မ်ားကို မီးအပူေပးရာမွ လူေနအိမ္တစ္လံုး မီးေလာင္မႈ ကြ်န္းစု၌ ျဖစ္ပြား
အောက်တိုဘာ 4, 2016
By Tachileik News Agency

ကြမ္းသီးေျခာက္မ်ားအား အပူေပးရာမွ လူေနအိမ္တစ္လံုး မီးေလာင္မႈ ေအာက္တိုဘာလ(၃)ရက္ေန႔က ၿမိတ္ခရိုင္၊ ကြ်န္းစုၿမိဳ႕နယ္၊ ကတၱလူေက်းရြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၿမိတ္ခရိုင္၊ ကြ်န္းစုၿမိဳ႕နယ္၊ ကတၱလူေက်းရြာ န၀ရတ္ေရအိုင္အနီးတြင္ ေအာက္တိုဘာလ (၃) ရက္ေန႔ မြန္းလြဲ(၁) နာရီအခ်ိန္ခန္႔႔က အိမ္ရွင္ ေဒၚသန္းျမင့္ ပိုင္ဆိုင္သည့္ (၂၀ × ၄၀ × ၁၈ )ေပ ႐ွိ ပ်ဥ္ခင္း၊ ထရံကာ၊ ဓနိမိုး၊ (၂) ထပ္အိမ္၏ ေအာက္ထပ္တြင္ ကြမ္းသီးေျခာက္မ်ားအား အပူေပးရာမွ မီးကူးစက္ ေလာင္ကြ်မ္းကာ လူေနအိမ္တစ္လံုး မီးေလာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ကြ်န္းစုၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနရံုးမွ သိရသည္။

မီးေလာင္မႈျဖစ္ပြားသည့္ လူေနအိမ္အတြင္း ေနထိုင္ေသာ ဦးေသာင္းေဌးသည္ ဥယ်ာဥ္ အလုပ္ လုပ္ကိုင္ေနသူျဖစ္ၿပီး ဇနီး ျဖစ္သူႏွင့္အတူ ေနအိမ္ ေျခရင္းဘက္ရွိ ေလွကားအနီး ကြမ္းသီးေျခာက္မ်ားကို အေျခာက္ခံ ၾကပ္တိုက္သည့္ ေနရာ၌ ကြမ္းသီးမ်ားအား မီးျဖင့္ ၾကပ္တိုက္ထားစဥ္ မီးကူးစက္ေလာင္ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ ကြမ္းသီးမ်ားအား မီးစြဲေလာင္ရာမွ ေနအိမ္ေျခရင္း ပ်ဥ္ကာကို ကူးစက္ကာ ဓနိအမိုးမ်ားထိေလာင္ကြၽမ္းခဲ့တာျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈႏွင့္ ပတ္သက္၍ မီးေပါ့ဆစြာ သံုးစြဲသူ မခ်ိဳမာလြင္အား ဥပေဒအရ အေရးယူႏိုင္ရန္ ကြၽန္းစုၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဒုဦးစီးမွဴး ဦးေအာင္ေဇာ္ဦး က တရားလိုျပဳလုပ္ကာ တိုင္တန္းသျဖင့္ ကြၽန္းစုၿမိဳ႕မရဲစခန္းတြင္ (ပ) ၇၅/ ၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ (၂၈၅) အရ အမွဳဖြင့္လွစ္ထားေၾကာင္း သိရွိရသည္။

သတင္း - #ေဇာ္ေဇာ္(ၿမိတ္)
ဓာတ္ပံု - ၿမိတ္ခရိုင္ရဲတပ္ဖြဲ႔

ကွမ်းသီးခြောက်များအား အပူပေးရာမှ လူနေအိမ်တစ်လုံး မီးလောင်မှု အောက်တိုဘာလ(၃)ရက်နေ့က မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာ နဝရတ်ရေအိုင်အနီးတွင် အောက်တိုဘာလ (၃) ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်ခန့်က အိမ်ရှင် ဒေါ်သန်းမြင့် ပိုင်ဆိုင်သည့် (၂၀ × ၄၀ × ၁၈ )ပေ ရှိ ပျဉ်ခင်း၊ ထရံကာ၊ ဓနိမိုး၊ (၂) ထပ်အိမ်၏ အောက်ထပ်တွင် ကွမ်းသီးခြောက်များအား အပူပေးရာမှ မီးကူးစက် လောင်ကျွမ်းကာ လူနေအိမ်တစ်လုံး မီးလောင်သွားခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် လူနေအိမ်အတွင်း နေထိုင်သော ဦးသောင်းဌေးသည် ဥယျာဉ် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ဇနီး ဖြစ်သူနှင့်အတူ နေအိမ် ခြေရင်းဘက်ရှိ လှေကားအနီး ကွမ်းသီးခြောက်များကို အခြောက်ခံ ကြပ်တိုက်သည့် နေရာ၌ ကွမ်းသီးများအား မီးဖြင့် ကြပ်တိုက်ထားစဉ် မီးကူးစက်လောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကွမ်းသီးများအား မီးစွဲလောင်ရာမှ နေအိမ်ခြေရင်း ပျဉ်ကာကို ကူးစက်ကာ ဓနိအမိုးများထိလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ မချိုမာလွင်အား ဥပဒေအရ အရေးယူနိုင်ရန် ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ဇော်ဦး က တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် ကျွန်းစုမြို့မရဲစခန်းတွင် (ပ) ၇၅/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅) အရ အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။
သတင်း - #ဇော်ဇော်(မြိတ်)
ဓာတ်ပုံ - မြိတ်ခရိုင်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~