ငလ်င္ဒဏ္သင့္ က်ီေတာ္ကုန္းေစတီၿပိဳက်သျဖင့္ သက္ဆိုင္ရာသို႔ တင္ျပထား

ငလ်င္ဒဏ္သင့္ က်ီေတာ္ကုန္းေစတီၿပိဳက်သျဖင့္ သက္ဆိုင္ရာသို႔ တင္ျပထား
အောက်တိုဘာ 23, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ေတာင္ဘုိေက်းရြာမွ က်ီေတာ္ကုန္းေစတီမွာ ငလ်င္လႈပ္စဥ္က အက္ကြဲေၾကာင္းျဖစ္သြားသည့္ေနရာတြင္ မိုးေရဝင္ၿပီး တျခမ္းပဲ့ ၿပိဳက်သြားရာ ေရွးေဟာင္းေစတီျဖစ္သျဖင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပထားေၾကာင္း သိရသည္။

“ၿပိဳက်တဲ့ဘုရားက ဌာပနာေတြျဖစ္တဲ့ ဘုရားရုပ္ပြားေတာ္နဲ႕ ဓါတ္ေတာ္ေမြေတာ္ေတြကုိ ဘုန္းႀကီးေက်ာင္းမွာ ထိန္းသိမ္းထားပါတယ္။ ျပန္ျပင္ဖို႔က ရြာအေနနဲ႔  အလွဴေငြ ခက္သလုိ ေရွးေဟာင္းလုိ႔ ေျပာေနၾကေတာ့ သက္ဆိုင္ရာခြင့္ျပဳမွျဖစ္မယ္။ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးကုိေတာ့ တင္ျပထားပါတယ္” ဟု ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ေအးက ေျပာသည္။

အဆိုပါ ေစတီႏွင့္ပတ္သက္၍ သမိုင္းအေထာက္အထား မသိရေသာ္လည္း ေက်းရြာမွ အသက္အရြယ္ ႀကီးသူမ်ား၏ လက္ဆင့္ကမ္းစကားအရ ေရွးေဟာင္းေစတီဟု သတ္မွတ္ထားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ့္မိဘေတြ ကေလးဘဝထဲကသူတို႔ အေဖအေမေတြကုိ ဒီဘုရားသမိုင္းေၾကာင္း ေမးခ့ဲဖူးတယ္။ မေျပာျပနိုင္ဖူးလုိ႔ ကၽြန္ေတာ္ေမးေတာ့ ေျပာျပတယ္။ ဘယ္ခုႏွစ္လုိ႔ မသိရေပမဲ့ ပုဂံေခတ္က ဘုရားေစတီေတြနဲ႔ တူေနလုိ႔ ဗုဒၶသာသနာ ထြန္းကားတဲ့ ပုဂံေခတ္လုိ႔ပဲ ေအာက္ေမ့တယ္”ဟု အသက္ အသက္ (၇၈) နွစ္အရြယ္ ေတာင္ဘုိရြာမွ ဦးေအာင္သိန္းက ေျပာသည္။

အဆိုပါေစတီမွာ ေအာက္တိုဘာလ (၂၁) ရက္က ၿပိဳက်သြားသျဖင့္ ေျမပံုေရးဆြဲၿပီး အုပ္ခ်ဳပ္ေရးဌာနသို႔ တင္ျပအစီရင္ခံထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တောင်ဘိုကျေးရွာမှ ကျီတော်ကုန်းစေတီမှာ ငလျင်လှုပ်စဉ်က အက်ကွဲကြောင်းဖြစ်သွားသည့်နေရာတွင် မိုးရေဝင်ပြီး တခြမ်းပဲ့ ပြိုကျသွားရာ ရှေးဟောင်းစေတီဖြစ်သဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

“ပြိုကျတဲ့ဘုရားက ဌာပနာတွဖြေစ်တဲ့ ဘုရားရုပ်ပွားတော်နဲ့ ဓာတ်တော်မွေတော်တွေကို ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားပါတယ်။ ပြန်ပြင်ဖို့က ရွာအနေနဲ့ အလှူငွေ ခက်သလို ရှေးဟောင်းလို့ ပြောနကြေတော့ သက်ဆိုင်ရာခွင့်ပြုမှဖြစ်မယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးကိုတော့ တင်ပြထားပါတယ်” ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။

အဆိုပါ စေတီနှင့်ပတ်သက်၍ သမိုင်းအထောက်အထား မသိရသော်လည်း ကျေးရွာမှ အသက်အရွယ် ကြီးသူများ၏ လက်ဆင့်ကမ်းစကားအရ ရှေးဟောင်းစေတီဟု သတ်မှတ်ထားကြခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်မိဘတွေ ကလေးဘဝထဲကသူတို့ အဖေအမေတွေကို ဒီဘုရားသမိုင်းကြောင်း မေးခဲ့ဖူးတယ်။ မပြောပြနိုင်ဖူးလို့ ကျွန်တော်မေးတော့ ပြောပြတယ်။ ဘယ်ခုနှစ်လို့ မသိရပေမဲ့ ပုဂံခေတ်က ဘုရားစေတီတွေနဲ့ တူနေလို့ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ ပုဂံခေတ်လို့ပဲ အောက်မေ့တယ်”ဟု အသက် အသက် (၇၈) နှစ်အရွယ် တောင်ဘိုရွာမှ ဦးအောင်သိန်းက ပြောသည်။

အဆိုပါစေတီမှာ အောက်တိုဘာလ (၂၁) ရက်က ပြိုကျသွားသဖြင့် မြေပုံရေးဆွဲပြီး အုပ်ချုပ်ရေးဌာနသို့ တင်ပြအစီရင်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~