အျမန္ေရယာဥ္ တိမ္းေမွာက္မႈမွ ေသဆံုးသူ ရုပ္အေလာင္း ၆၈ ေလာင္းဆယ္ယူၿပီး

အျမန္ေရယာဥ္ တိမ္းေမွာက္မႈမွ ေသဆံုးသူ ရုပ္အေလာင္း ၆၈ ေလာင္းဆယ္ယူၿပီး
အောက်တိုဘာ 20, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ မိေက်ာင္းတြင္းေက်းရြာအနီး ခ်င္းတြင္းျမစ္အတြင္း အျမန္ေရယာဥ္ တိမ္းေမွာက္မႈတြင္ ေသဆံုးသြားသူမ်ား၏ ရုပ္အေလာင္းမ်ားအား ရွာေဖြဆယ္ယူေနရာ ေအာက္တိုဘာလ (၂၀)ရက္ေန႔ နံနက္ပိုင္းအထိ ရုပ္အေလာင္း (၆၈)ေလာင္း ဆယ္ယူၿပီးျဖစ္ေၾကာင္း ကနီလႊတ္ေတာ္ကိုယ္စားလွယ္ထံမွ သိရသည္။

"အခု မနက္ပိုင္းအထိ စာရင္းအရ စုစုေပါင္း အေလာင္း (၆၈)ေလာင္း ေတြ႕ရိွရတယ္။ ဒီေန႔မနက္ခင္းမွာ ေရယာဥ္တြင္းမွာ (၈)ေလာင္း ထပ္ရတယ္။ ေရစႀကိဳၿမိဳ႕နယ္ဘက္မွာ (၅)ေလာင္းထပ္ေပၚတယ္။ ေရယာဥ္ေအာက္ထဲမွာလည္း က်န္ပါေသးတယ္ ။ ေနာက္ထပ္ အေလာင္းစာရင္း ထပ္တိုးဖြယ္ရိွပါတယ္။ ဆက္ျပီး ရွာေဖြေနဆဲပါ" ဟု ကနီၿမိဳ႕နယ္ တိုင္းေဒသၾကီး လႊတ္ေတာ္အမတ္ ဦးထြန္းထြန္းဝင္းက Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

ဆယ္ယူရရိွသည့္ ရုပ္အေလာင္းတခ်ိဳ႕ကို အေလာင္းနံပါတ္ႏွင့္အတူ ဓါတ္ပံု မွတ္တမ္းတင္ထားရိွကာ ေတြ႕ရိွရသည့္ လက္ဝတ္လက္စားမ်ားႏွင့္ ပစၥည္းမ်ားကို ကနီျမိဳ႕မရဲစခန္းမွ ထိန္းသိမ္းထားရိွေၾကာင္း သိရသည္။

တိမ္းေမွာက္ခဲ့သည့္ အဆိုပါ ေရယာဥ္ကို ေအာက္တိုဘာလ (၁၉)ရက္ေန႔ ညေန (၅)နာရီက ေရေပၚအထိ ျပန္လည္ ေဖာ္ယူနိုင္ခဲ့ျပီး အျမန္ေရယာဥ္အထူးခန္း (၂)ခန္းတြင္းမွ အေလာင္း (၉)ေလာင္း ေတြ႕ရိွခဲ့ျခင္းျဖစ္သည္။

"ကၽြန္မက လြတ္လာတာ ။ လိုက္တာေတာ့ ေရယာဥ္ အထူးခန္းက လိုက္လာတာပဲ ။ေရယာဥ္ေမွာက္ေတာ့ ၆ ပတ္ေလာက္ လိမ့္ထြက္သြားတာ ။ အစက ကေလးကို လက္ဆြဲထားတာ ေနာက္ပိုင္း လက္ျပဳတ္ထြတ္သြားတယ္။ အခုခ်ိန္ထိ မေတြ႕ရေသးဘူး"ဟု ေရယာဥ္တိမ္းေမွာက္ရာတြင္ ပါဝင္ ၾကံဳေတြ႕ခဲ့သူ ေက်ာင္းဆရာမ တစ္ဦးျဖစ္သည့္ ေဒၚျမခက္က ေျပာသည္။

ေရယာဥ္တြင္ အထူးခန္း (၁၁)ခန္းပါရိွျပီး လတ္တေလာတြင္ အထူးခန္း (၃)ခန္းအား ရွာေဖြၿပီး ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိမ္းေမွာက္ခဲ့သည့္ ေရယာဥ္သည္ ဟုမၼလင္းၿမိဳ႕မွ မံုရြာၿမိဳ႕သို႔ ေအာက္တိုဘာလ (၁၅)ရက္ေန႔က ဆန္တက္လာသည့္ ေအာင္စိုးမိုးေက်ာ္ (၂ ) ေရယာဥ္ျဖစ္သည္။

သတင္း/ဓာတ္ပံု - ရန္ႏိုင္စိုး


~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများအား ရှာဖွေဆယ်ယူနေရာ အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းအထိ ရုပ်အလောင်း (၆၈)လောင်း ဆယ်ယူပြီးဖြစ်ကြောင်း ကနီလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

"အခု မနက်ပိုင်းအထိ စာရင်းအရ စုစုပေါင်း အလောင်း (၆၈)လောင်း တွေ့ရှိရတယ်။ ဒီနေ့မနက်ခင်းမှာ ရေယာဉ်တွင်းမှာ (၈)လောင်း ထပ်ရတယ်။ ရေစကြိုမြို့နယ်ဘက်မှာ (၅)လောင်းထပ်ပေါ်တယ်။ ရေယာဉ်အောက်ထဲမှာလည်း ကျန်ပါသေးတယ်။ နောက်ထပ် အလောင်းစာရင်း ထပ်တိုးဖွယ်ရှိပါတယ်။ ဆက်ပြီး ရှာဖွေနေဆဲပါ" ဟု ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

ဆယ်ယူရရှိသည့် ရုပ်အလောင်းတချို့ကို အလောင်းနံပါတ်နှင့်အတူ ဓာတ်ပုံ မှတ်တမ်းတင်ထားရှိကာ တွေ့ရှိရသည့် လက်ဝတ်လက်စားများနှင့် ပစ္စည်းများကို ကနီမြို့မရဲစခန်းမှ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် အဆိုပါ ရေယာဉ်ကို အောက်တိုဘာလ (၁၉)ရက်နေ့ ညနေ (၅)နာရီက ရေပေါ်အထိ ပြန်လည် ဖော်ယူနိုင်ခဲ့ပြီး အမြန်ရေယာဉ်အထူးခန်း (၂)ခန်းတွင်းမှ အလောင်း (၉)လောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

"ကျွန်မက လွတ်လာတာ။ လိုက်တာတော့ ရေယာဉ် အထူးခန်းက လိုက်လာတာပဲ။ရေယာဉ်မှောက်တော့ ၆ ပတ်လောက် လိမ့်ထွက်သွားတာ။ အစက ကလေးကို လက်ဆွဲထားတာ နောက်ပိုင်း လက်ပြုတ်ထွတ်သွားတယ်။ အခုချိန်ထိ မတွေ့ရသေးဘူး"ဟု ရေယာဉ်တိမ်းမှောက်ရာတွင် ပါဝင် ကြုံတွေ့ခဲ့သူ ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်မြခက်က ပြောသည်။

ရေယာဉ်တွင် အထူးခန်း (၁၁)ခန်းပါရှိပြီး လတ်တလောတွင် အထူးခန်း (၃)ခန်းအား ရှာဖွပြေီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့် ရေယာဉ်သည် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ အောက်တိုဘာလ (၁၅)ရက်နေ့က ဆန်တက်လာသည့် အောင်စိုးမိုးကျော် (၂ ) ရေယာဉ်ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~