မိုင္းယု၌ ေရွာင္တခင္ စစ္ေဆးရာမွ စိတ္ၾကြေဆးျပား ဖမ္းမိ

မိုင္းယု၌ ေရွာင္တခင္ စစ္ေဆးရာမွ စိတ္ၾကြေဆးျပား ဖမ္းမိ
အောက်တိုဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕နယ္တြင္ ရဲတပ္ဖြဲ႔မွ ေရွာင္တခင္စစ္ေဆးရာမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိၿပီး မိုင္းယုရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕နယ္ ထပ္ပူးခမ္းဘုရားေတာင္အနီး၊ မိုင္းေယာင္း - မိုင္းယု သြား ကားလမ္းမေပၚတြင္ စက္တင္ဘာလ (၃၀)ရက္ေန႔ ညေန(၆)နာရီ ၀န္းက်င္အခ်ိန္က သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ ေရွာင္တခင္ စစ္ေဆးမႈမ်ားျပဳလုပ္စဥ္  ေမာင္အားထူႏွင့္ ေမာင္အတီတုိ႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာမွ ဖမ္းဆီးရမိတာ ျဖစ္ေၾကာင္း သိရသည္။

မိုင္းယုနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ စိုးျမင့္သူႏွင့္အဖြဲ႕တို႔သည္ အဆိုပါ ေမာ္ေတာ္ဆိုင္ကယ္အတြင္း ရွာေဖြရာတြင္ ေမာ္ေတာ္ဆိုင္ကယ္၏ တူးေဘာက္အတြင္းမွ စိတ္ၾကြေဆးျပား (၈၁၇)ျပားကို ရွာေဖြ ေတြ႕ရွိရတာျဖစ္ၿပီး အဆိုပါ စိတ္ၾကြေဆးျပားမ်ား၏ စုစုေပါင္း တန္ဖိုးေငြမွ က်ပ္(၁၂)သိန္းေက်ာ္ရွိေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရွိရေသာ ၎တို႔ ႏွစ္ဦးအား မိုင္းယုနယ္ေျမရဲစခန္းတြင္ မယ(ပ)၅/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမွဳဖြင့္ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုႏိုင္(မိုင္းယု)

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နယ်တွင် ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးရာမှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိပြီး မိုင်းယုရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

မိုင်းယုမြို့နယ် ထပ်ပူးခမ်းဘုရားတောင်အနီး၊ မိုင်းယောင်း - မိုင်းယု သွား ကားလမ်းမပေါ်တွင် စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ(၆)နာရီ ဝန်းကျင်အချိန်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုများပြုလုပ်စဉ် မောင်အားထူနှင့် မောင်အတီတို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိတာ ဖြစ်ကြောင်း သိရသည်။

မိုင်းယုနယ်မြေရဲစခန်းမှ ဒုရဲအုပ် စိုးမြင့်သူနှင့်အဖွဲ့တို့သည် အဆိုပါ မော်တော်ဆိုင်ကယ်အတွင်း ရှာဖွေရာတွင် မော်တော်ဆိုင်ကယ်၏ တူးဘောက်အတွင်းမှ စိတ်ကြွဆေးပြား (၈၁၇)ပြားကို ရှာဖွေ တွေ့ရှိရတာဖြစ်ပြီး အဆိုပါ စိတ်ကြွဆေးပြားများ၏ စုစုပေါင်း တန်ဖိုးငွေမှ ကျပ်(၁၂)သိန္းကျော်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသော၎င်းတို့ နှစ်ဦးအား မိုင်းယုနယ်မြေရဲစခန်းတွင် မယ(ပ)၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုနိုင်(မိုင်းယု) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~