ခြင့္ျပဳခ်က္မရွိဘဲ ေငြေၾကးေကာက္ခံသူ ႏွစ္ဦးကို ေက်ာက္မဲစည္ပင္မွ ခံုရံုးဖြဲ႔စစ္ေဆး

ခြင့္ျပဳခ်က္မရွိဘဲ ေငြေၾကးေကာက္ခံသူ ႏွစ္ဦးကို ေက်ာက္မဲစည္ပင္မွ ခံုရံုးဖြဲ႔စစ္ေဆး
အောက်တိုဘာ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ စည္ပင္လူႀကီးမ်ားအား ကန္ေတာ့ရန္ဟုဆိုကာ ေစ်းသည္မ်ားထံမွ ေငြေၾကးေကာက္ခံ သူႏွစ္ဦးကို စည္ပင္သာယာေရးဌာနမွ ခံုရံုးဖြဲ႔စစ္ေဆးေနေၾကာင္း သိရသည္။

“သူတို႔က စည္ပင္ဝန္ထမ္းလည္း မဟုတ္ပါဘူး။ သူတို႔ေစတနာနဲ႔ လူႀကီးေတြကို ကန္ေတာ့ခ်င္လို႔ အဲဒီလိုလုပ္တယ္လို႔ ေျပာပါတယ္။ ကန္ေတာ့လည္း ကြ်န္ေတာ္တို႔က လက္မခံပါဘူး။ ဒါေၾကာင့္ ခံုရံုးဖြဲ႔ၿပီး စစ္ေဆးထားပါတယ္” ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၀င္ ဦးျမဝင္း က ေျပာသည္။

ညေနပိုင္း ေရာင္းခ်ေနသည့္ ေစ်းသည္မ်ားအား တစ္ဦးလွ်င္ က်ပ္(၁၀၀၀)စီ ေငြေၾကး လိုက္လံေကာက္ခံေနေၾကာင္း ေစ်းသည္မ်ားက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ျပန္လည္ျဖန္႔ေဝခဲ့ရာမွ စည္ပင္ဌာနက သိရွိသြားသျဖင့္ ေခၚယူစစ္ေဆးေနျခင္းျဖစ္ၿပီး ေကာက္ခံထားသည့္ေငြမ်ားကိုလည္း ေစ်းသည္မ်ားထံ ျပန္လည္ေပးအပ္ထားေစေၾကာင္း သိရသည္။

“အျပစ္ေပးတာကေတာ့ စစ္ေဆးလို႔ရတ့ဲရလဒ္ကို ၾကည့္ၿပီး စည္ပင္ကလူႀကီးေတြ ဆံုးျဖတ္ပါလိမ့္မယ္။ ေလာေလာဆယ္ လူႀကီးက ခရီးသြားေနတယ္။ အမွန္ေတာ့ဒီေန႔ ဆံုးျဖတ္ရမွာပါ။ ဒီေန႔ကလည္း ၿမိဳ႕နယ္လံုးကြ်တ္ ဘံုကထိန္အတြက္ ေဆြးေႏြးေနရလို႕ အဲဒီကိစၥက မၿပီးေသးတာပါ “ ဟု ေက်ာက္မဲဗဟိုေစ်းမွ ေစ်းေခါင္း ကိုေဇာ္ဝင္းက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းအနီးတြင္ ညေန ၃ နာရီမွစ၍ ညေစ်းတန္းေရာင္းခ်ခြင့္ ေပးထားၿပီး ဗဟိုေစ်းေတာင္ဘက္ႏွင့္ ေျမာက္ဘက္ ေစ်းတန္းႏွစ္ခုေပါင္းလ်ွင္ ညေနေစ်းသည္ဦးေရမွာ (၂၀၀) မွ (၃၀၀) ၾကားတြင္ရွိေၾကာင္း ဗဟိုေစ်း ေစ်းေခါင္းရံုးမွ သိရသည္။

ေအာက္တိုဘာလ (၁၅)ရက္ေန႔၌ ျဖစ္ပြားခ့ဲသည့္ အဆိုပါ ျဖစ္စဥ္တြင္ လာေရာက္တိုင္ၾကားသည့္ ေစ်းသည္ မရွိခ့ဲေသာ္လည္း ေစ်းတာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕နယ္စည္ပင္မွ တာဝန္ယူေျဖရွင္းေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် စည်ပင်လူကြီးများအား ကန်တော့ရန်ဟုဆိုကာ ဈေးသည်များထံမှ ငွေကြေးကောက်ခံ သူနှစ်ဦးကို စည်ပင်သာယာရေးဌာနမှ ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း သိရသည်။

“သူတို့က စည်ပင်ဝန်ထမ်းလည်း မဟုတ်ပါဘူး။ သူတို့စေတနာနဲ့ လူကြီးတွေကို ကန်တော့ချင်လို့ အဲဒီလိုလုပ်တယ်လို့ ပြောပါတယ်။ ကန်တော့လည်း ကျွန်တော်တို့က လက်မခံပါဘူး။ ဒါကြောင့် ခုံရုံးဖွဲ့ပြီး စစ်ဆေးထားပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးမြဝင်း က ပြောသည်။

ညနေပိုင်း ရောင်းချနေသည့် ဈေးသည်များအား တစ်ဦးလျှင် ကျပ်(၁၀၀၀)စီ ငွေကြေး လိုက်လံကောက်ခံနေကြောင်း ဈေးသည်များက လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ဖြန့်ဝေခဲ့ရာမှ စည်ပင်ဌာနက သိရှိသွားသဖြင့် ခေါ်ယူစစ်ဆေးနခြေင်းဖြစ်ပြီး ကောက်ခံထားသည့်ငွေများကိုလည်း ဈေးသည်များထံ ပြန်လည်ပေးအပ်ထားစေကြောင်း သိရသည်။

“အပြစ်ပေးတာကတော့ စစ်ဆေးလို့ရတဲ့ရလဒ်ကို ကြည့်ပြီး စည်ပင်ကလူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်။ လောလောဆယ် လူကြီးက ခရီးသွားနေတယ်။ အမှန်တော့ဒီနေ့ ဆုံးဖြတ်ရမှာပါ။ ဒီနေ့ကလည်း မြို့နယ်လုံးကျွတ် ဘုံကထိန်အတွက် ဆွေးနွေးနေရလို့ အဲဒီကိစ္စက မပြီးသေးတာပါ “ ဟု ကျောက်မဲဗဟိုဈေးမှ ဈေးခေါင်း ကိုဇော်ဝင်းက ပြောသည်။

ကျောက်မဲမြို့ ဗဟိုဈေးအနီးတွင် ညနေ ၃ နာရီမှစ၍ ညဈေးတန်းရောင်းချခွင့် ပေးထားပြီး ဗဟိုဈေးတောင်ဘက်နှင့် မြောက်ဘက် ဈေးတန်းနှစ်ခုပေါင်းလျှင် ညနေဈေးသည်ဦးရေမှာ (၂၀၀) မှ (၃၀၀) ကြားတွင်ရှိကြောင်း ဗဟိုဈေး ဈေးခေါင်းရုံးမှ သိရသည်။

အောက်တိုဘာလ (၁၅)ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် လာရောက်တိုင်ကြားသည့် ဈေးသည် မရှိခဲ့သော်လည်း ဈေးတာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်မှ တာဝန်ယူဖြေရှင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~