ေက်ာက္မဲ၌ ပတၱေရာင္ရဲကားျဖင့္ ကင္းလွည့္ေနသျဖင့္ မႈခင္းငယ္က်ဆင္းလာ

ေက်ာက္မဲ၌ ပတၱေရာင္ရဲကားျဖင့္ ကင္းလွည့္ေနသျဖင့္ မႈခင္းငယ္က်ဆင္းလာ
အောက်တိုဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ ေက်ာက္မဲၿမိဳ႕တြင္ ပတၱေရာင္ရဲကားျဖင့္ လွည့္ကင္းျပဳလုပ္ေနျခင္းေၾကာင့္ ညပိုင္းမႈခင္းငယ္မ်ား သိသာစြာ ေလ်ာ့က်လာေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရသည္။

“လွည့္ကင္းလုပ္တာကေတာ့ ၾကာပါၿပီဗ်။ အရင္ကရိုးရိုးကားနဲ႔ပဲ လွည့္ကင္းလုပ္တာဆိုေတာ့ လူသိပ္သတိမထားမိၾကဘူး။ အခု ႏွစ္လေလာက္ရွိၿပီ။ ရဲတပ္ဖြဲ႔ကားနဲ႔လွည့္ကင္းလုပ္တယ္။ အဲဒီအခ်ိန္ကစၿပီး ညပိုင္းဆူညံေအာ္ဟစ္တဲ့ လူငယ္အုပ္စုေတြ ဆိုင္ကယ္ခ်င္းယွဥ္ၿပီး ပစၥည္းလုတာေတြ မရွိသေလာက္ ေလ်ာ့သြားတယ္”ဟု ေက်ာက္မဲရဲစခန္းမွ ရဲအုပ္မင္းမင္း (လွည့္ကင္းဦးေဆာင္သူ) က Tachileik News Agency သို႔ ေျပာသည္။

ရဲဌာနတံဆိပ္ႏွင့္ ဝါယာလက္ မီးပါဝင္သည့္ ကားျဖင့္ ညစဥ္လွည့္ကင္းႏွစ္ႀကိမ္ျပဳလုပ္လာသည့္ ေနာက္ပိုင္းတြင္ ညပိုင္းျဖစ္ပြားေလ့ရွိသည့္ ခိုးဆိုးလုမႈခင္းငယ္မ်ား သိသာစြာ ေလ်ာ့က်သြားျခင္းေတြ႕ရေၾကာင္း ၎ကဆိုသည္။

“ေန႔စဥ္ေဆာင္ရြက္ရင္ အင္မတန္ေကာင္းတဲ့ အစီအစဥ္ပါ။ အရင္ထက္စာရင္ အလုပ္ လုပ္လာတာလည္း ေတြ႕ရပါတယ္။ သို႔ေသာ္ ျပည္သူေတြက ပူးေပါင္းမႈ အားနည္းေနေသးတယ္လို႔ ျမင္ပါတယ္”ဟု ေက်ာက္မဲမွ အသက္ ၄၀ အရြယ္အမ်ိဳးသားတစ္ဦးက ေျပာသည္။

ရဲတပ္ဖြဲ႔လုပ္ထံုးလုပ္နည္းမ်ား ေျပာင္းလဲလာျခင္းကို ျပည္သူလူထုမွ မသိရွိသည့္အတြက္ ရဲတပ္ဖြဲ႔ႏွင့္ ၿမိဳ႕ေန လူထုပူးေပါင္းမႈအားနည္းေနျခင္းျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

“စံခ်ိန္မီ အင္အားမရွိေသးေတာ့ ၿမိဳ႕မွာရွိတဲ့လူထုနဲ႔ ၿမိဳ႕မွာရွိတဲ့ ရဲဝန္ထမ္းအေရအတြက္က အခ်ိဳးက်နဲ႔ တြက္မယ္ဆို ရဲဝန္ထမ္းက နည္းေနတာေပါ့ဗ်ာ။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ႀကိဳးစားေနပါတယ္။ ခုနလို အခ်ိဳးက်က် မမွ်တေတာ့ တစ္ခါတေလ မသိလိုက္တာေတာ့ ရွိတာေပါ့ဗ်ာ။ ျပည္သူလူထုရဲ႕ ပူးေပါင္းမႈ ပိုမ်ားလာမယ္ ဆိုရင္ေတာ့ အခုထက္ ပိုၿပီး လုပ္ေဆာင္ႏိုင္လာမွာပါ”ဟု အမည္မေဖာ္လိုသည့္ ရဲအရာရွိတစ္ဦးက ေျပာသည္။

ရဲတပ္ဖြဲ႔တံဆိပ္ပါ ပတၱေရာင္ကားျဖင့္ လွည့္ကင္းေဆာင္ရြက္ေနျခင္းအား ၿမိဳ႕ခံလူထုအမ်ားစုမွ အားေပးလွ်က္ရွိၿပီး ဆက္လက္ လုပ္ေဆာင္သြားေစလိုေၾကာင္းလည္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့တွင် ပတ္တရောင်ရဲကားဖြင့် လှည့်ကင်းပြုလုပ်နခြေင်းကြောင့် ညပိုင်းမှုခင်းငယ်များ သိသာစွာ လျော့ကျလာကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

“လှည့်ကင်းလုပ်တာကတော့ ကြာပါပြီဗျ။ အရင်ကရိုးရိုးကားနဲ့ပဲ လှည့်ကင်းလုပ်တာဆိုတော့ လူသိပ်သတိမထားမိကြဘူး။ အခု နှစ်လလောက်ရှိပြီ။ ရဲတပ်ဖွဲ့ကားနဲ့လှည့်ကင်းလုပ်တယ်။ အဲဒီအချိန်ကစပြီး ညပိုင်းဆူညံအော်ဟစ်တဲ့ လူငယ်အုပ်စုတွေ ဆိုင်ကယ်ချင်းယှဉ်ပြီး ပစ္စည်းလုတာတွေ မရှိသလောက် လျော့သွားတယ်”ဟု ကျောက်မဲရဲစခန်းမှ ရဲအုပ်မင်းမင်း (လှည့်ကင်းဦးဆောင်သူ) က Tachileik News Agency သို့ ပြောသည်။

ရဲဌာနတံဆိပ်နှင့် ဝါယာလက် မီးပါဝင်သည့် ကားဖြင့် ညစဉ်လှည့်ကင်းနှစ်ကြိမ်ပြုလုပ်လာသည့် နောက်ပိုင်းတွင် ညပိုင်းဖြစ်ပွားလေ့ရှိသည့် ခိုးဆိုးလုမှုခင်းငယ်များ သိသာစွာ လျော့ကျသွားခြင်းတွေ့ရကြောင်း၎င်းကဆိုသည်။

“နေ့စဉ်ဆောင်ရွက်ရင် အင်မတန်ကောင်းတဲ့ အစီအစဉ်ပါ။ အရင်ထက်စာရင် အလုပ် လုပ်လာတာလည်း တွေ့ရပါတယ်။ သို့သော် ပြည်သူတွေက ပူးပေါင်းမှု အားနည်းနေသေးတယ်လို့ မြင်ပါတယ်”ဟု ကျောက်မဲမှ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းများ ပြောင်းလဲလာခြင်းကို ပြည်သူလူထုမှ မသိရှိသည့်အတွက် ရဲတပ်ဖွဲ့နှင့် မြို့နေ လူထုပူးပေါင်းမှုအားနည်းနခြေင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

“စံချိန်မီ အင်အားမရှိသေးတော့ မြို့မှာရှိတဲ့လူထုနဲ့ မြို့မှာရှိတဲ့ ရဲဝန်ထမ်းအရေအတွက်က အချိုးကျနဲ့ တွက်မယ်ဆို ရဲဝန်ထမ်းက နည်းနေတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ခုနလို အချိုးကျကျ မမျှတတော့ တစ်ခါတလေ မသိလိုက်တာတော့ ရှိတာပေါ့ဗျာ။ ပြည်သူလူထုရဲ့ ပူးပေါင်းမှု ပိုများလာမယ် ဆိုရင်တော့ အခုထက် ပိုပြီး လုပ်ဆောင်နိုင်လာမှာပါ”ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့တံဆိပ်ပါ ပတ္တရောင်ကားဖြင့် လှည့်ကင်းဆောင်ရွက်နခြေင်းအား မြို့ခံလူထုအများစုမှ အားပေးလျှက်ရှိပြီး ဆက်လက် လုပ်ဆောင်သွားစေလိုကြောင်းလည်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~