ေက်ာက္မဲေစ်းအတြင္း ဖိနပ္ဆိုင္ေဖါက္ထြင္းသူက ဘီယာေသာက္ၿပီး ပစၥည္းမ်ားကို ေရြးခ်ယ္ ခိုးယူသြားဟုဆို

ေက်ာက္မဲေစ်းအတြင္း ဖိနပ္ဆိုင္ေဖါက္ထြင္းသူက ဘီယာေသာက္ၿပီး ပစၥည္းမ်ားကို ေရြးခ်ယ္ ခိုးယူသြားဟုဆို
အောက်တိုဘာ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းအတြင္းရွိ ဖိနပ္ဆိုင္တစ္ဆိုင္တြင္ ေအာက္တိုဘာလ ၂၁ ရက္ ညပိုင္းက ေဖာက္ထြင္းခိုးယူခံရမႈျဖစ္ပြားရာ ဆိုင္တြင္းရိွ ဓာတ္မီးျဖင့္ ပစၥည္းမ်ားအား ေရြးခ်ယ္ယူကာ ဘီယာေသာက္ထားသည့္ ဘူးခြံကိုလည္း ေတြ႔ရေၾကာင္း ဆုိင္ရွင္ထံမွ သိရသည္။

“ဖိနပ္တန္ဖိုးခ်ည္းပဲဆိုရင္ ဆယ္သိန္းဖိုးေလာက္ရွိတယ္ရွင့္။ စာရင္းေတာ့ ေသခ်ာျပန္ မစစ္ရေသးပါဘူး။ အလွကုန္ နည္းနည္း၊ ဓာတ္ခဲ၊ ဓာတ္မီးတခ်ိဳ႕ပါသြားတယ္။ ဆိုင္ေဖာက္သြားတဲ့သူေတြက ျမန္မာဘီယာ တစ္ဘူး ေသာက္သြားတာ ဘူးခြံေတာင္ က်န္ခ့ဲေသးတယ္။ ဆိုင္ခင္းထားတဲ့ ပစၥည္းေတြကို ကြ်န္မတို႔က မိုးကာနဲ႔ပဲအုပ္ၿပီး သိမ္းခဲ့တာ” ဟု ခိုးယူခံရသည့္ ဖိနပ္ဆိုင္ႏွင့္အလွကုန္ဆိုင္ပိုင္ရွင္ မယုဝါ ကေျပာသည္။

ဗဟိုေစ်းအတြင္းရွိ အဆိုပါ ဖိနပ္ဆိုင္အပါအဝင္ ဆိုင္ရွင္ႏွစ္ဦး၏ ဆိုင္သံုးဆိုင္ေဖာက္ထြင္းခံရျခင္းျဖစ္ၿပီး တိုင္ခ်က္ဖြင့္ထားျခင္း မရွိေသးေသာ္လည္း ေအာက္တိုဘာလ (၂၂) ရက္နံနက္ပိုင္းတြင္ ေက်ာက္မဲၿမိဳ႕မ ရဲစခန္းမွ တာဝန္ရိွသူမ်ား လာေရာက္စစ္ေဆးသြားေၾကာင္း သိရသည္။

“ကြ်န္မ ဆိုင္ဖြင့္လာတာေတာ့ (၈) ႏွစ္ေလာက္ရွိၿပီ။ ဒါမိ်ဳးေဖာက္ခံရတာ တစ္ခါမွမရွိဘူး။ ဗဟိုေစ်းတစ္ခုလံုး မွာ လည္း ညလံုၿခံဳေရးအေစာင့္က (၃) ေယာက္ပဲရွိတယ္တ့ဲ။ အဲဒါေၾကာင့္လည္း ခုလိုျဖစ္တာေနမယ္။” ဟု ဗဟိုေစ်းအတြင္းမွ အျခားဆိုင္ရွင္အမိ်ဳးသမီးႀကီးတစ္ဦးက ေျပာသည္။

ေစ်းအတြင္း ဆိုင္အခ်ိဳ႕မွာ ပစၥည္းမ်ားအား ဆိုင္ခန္းအတြင္း ေသာ့ပိတ္သိမ္းဆည္းျခင္းမျပဳဘဲ မိုးကာစျဖင့္ ဖံုးအုပ္သိမ္းဆည္းထားတတ္ရာ ယခုခိုးယူခံရသည့္ဆိုင္မ်ားမွာ မိုးကာစျဖင့္ဖံုး၍ သိမ္းခဲ့သည့္ ဆိုင္မ်ားျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔လည္း တတ္ႏိုင္သေလာက္ လိုက္စံုစမ္းေနပါတယ္။ ခုထိေတာ့ ထူးျခားတာ မရွိေသးဘူးဗ်။ ရဲေတြလည္း အဲဒီကိစၥအတြက္ လိုက္စံုစမ္းေနၾကပါၿပီ" ဟု ဗဟိုေစ်း ေစ်းေခါင္းရံုးမွ ေစ်းေခါင္း ကိုေဇာ္ဝင္းက ေျပာသည္။

ေဖာက္ထြင္းခိုးယူခံရသည့္ ဆိုင္မ်ားမွ လူႀကီးစီးဖိနပ္အေကာင္းစားမ်ားႏွင့္ အမိ်ဳးသားမ်က္ႏွာသစ္ ဆပ္ျပာ၊ Roll On၊ မ်က္ႏွာလိမ္းခရင္မ္အခ်ိဳ႕ အျပင္ အျခားဆိုင္တစ္ဆိုင္မွ ေက်ာပိုးအိတ္ ႏွစ္လံုး ခိုးယူခံရၿပီး ဆိုင္တြင္းရွိ ဓာတ္မီးမ်ားအား အသံုးျပဳကာ တန္ဖိုးႀကီး ဖိနပ္အေကာင္းစားမ်ားအား ေရြးခ်ယ္ ခိုးယူသြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ဗဟိုဈေးအတွင်းရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် အောက်တိုဘာလ ၂၁ ရက် ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားရာ ဆိုင်တွင်းရှိ ဓာတ်မီးဖြင့် ပစ္စည်းများအား ရွေးချယ်ယူကာ ဘီယာသောက်ထားသည့် ဘူးခွံကိုလည်း တွေ့ရကြောင်း ဆိုင်ရှင်ထံမှ သိရသည်။

“ဖိနပ်တန်ဖိုးချည်းပဲဆိုရင် ဆယ်သိန်းဖိုးလောက်ရှိတယ်ရှင့်။ စာရင်းတော့ သေချာပြန် မစစ်ရသေးပါဘူး။ အလှကုန် နည်းနည်း၊ ဓာတ်ခဲ၊ ဓာတ်မီးတချို့ပါသွားတယ်။ ဆိုင်ဖောက်သွားတဲ့သူတွေက မြန်မာဘီယာ တစ်ဘူး သောက်သွားတာ ဘူးခွံတောင် ကျန်ခဲ့သေးတယ်။ ဆိုင်ခင်းထားတဲ့ ပစ္စည်းတွေကို ကျွန်မတို့က မိုးကာနဲ့ပဲအုပ်ပြီး သိမ်းခဲ့တာ” ဟု ခိုးယူခံရသည့် ဖိနပ်ဆိုင်နှင့်အလှကုန်ဆိုင်ပိုင်ရှင် မယုဝါ ကပြောသည်။

ဗဟိုဈေးအတွင်းရှိ အဆိုပါ ဖိနပ်ဆိုင်အပါအဝင် ဆိုင်ရှင်နှစ်ဦး၏ ဆိုင်သုံးဆိုင်ဖောက်ထွင်းခံရခြင်းဖြစ်ပြီး တိုင်ချက်ဖွင့်ထားခြင်း မရှိသေးသော်လည်း အောက်တိုဘာလ (၂၂) ရက်နံနက်ပိုင်းတွင် ကျောက်မဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးသွားကြောင်း သိရသည်။

“ကျွန်မ ဆိုင်ဖွင့်လာတာတော့ (၈) နှစ်လောက်ရှိပြီ။ ဒါမျိုးဖောက်ခံရတာ တစ်ခါမှမရှိဘူး။ ဗဟိုဈေးတစ်ခုလုံး မှာ လည်း ညလုံခြုံရေးအစောင့်က (၃) ယောက်ပဲရှိတယ်တဲ့။ အဲဒါကြောင့်လည်း ခုလိုဖြစ်တာနေမယ်။” ဟု ဗဟိုဈေးအတွင်းမှ အခြားဆိုင်ရှင်အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ဈေးအတွင်း ဆိုင်အချို့မှာ ပစ္စည်းများအား ဆိုင်ခန်းအတွင်း သော့ပိတ်သိမ်းဆည်းခြင်းမပြုဘဲ မိုးကာစဖြင့် ဖုံးအုပ်သိမ်းဆည်းထားတတ်ရာ ယခုခိုးယူခံရသည့်ဆိုင်များမှာ မိုးကာစဖြင့်ဖုံး၍ သိမ်းခဲ့သည့် ဆိုင်များဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း တတ်နိုင်သလောက် လိုက်စုံစမ်းနေပါတယ်။ ခုထိတော့ ထူးခြားတာ မရှိသေးဘူးဗျ။ ရဲတွေလည်း အဲဒီကိစ္စအတွက် လိုက်စုံစမ်းနကြေပါပြီ" ဟု ဗဟိုဈေး ဈေးခေါင်းရုံးမှ ဈေးခေါင်း ကိုဇော်ဝင်းက ပြောသည်။

ဖောက်ထွင်းခိုးယူခံရသည့် ဆိုင်များမှ လူကြီးစီးဖိနပ်အကောင်းစားများနှင့် အမျိုးသားမျက်နှာသစ် ဆပ်ပြာ၊ Roll On၊ မျက်နှာလိမ်းခရင်မ်အချို့ အပြင် အခြားဆိုင်တစ်ဆိုင်မှ ကျောပိုးအိတ် နှစ်လုံး ခိုးယူခံရပြီး ဆိုင်တွင်းရှိ ဓာတ်မီးများအား အသုံးပြုကာ တန်ဖိုးကြီး ဖိနပ်အကောင်းစားများအား ရွေးချယ် ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~