အျမန္ေရယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ေသဆံုးသူမ်ား၏ မိသားစုမ်ားကို တိုင္းေဒသႀကီးအစိုးရက ကူညီေထာက္ပံ့မည္

အျမန္ေရယာဥ္ တိမ္းေမွာက္မႈေၾကာင့္ ေသဆံုးသူမ်ား၏ မိသားစုမ်ားကို တိုင္းေဒသႀကီးအစိုးရက ကူညီေထာက္ပံ့မည္
အောက်တိုဘာ 19, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ခရိုင္၊ ကနီၿမိဳ႕နယ္ရိွ မိေက်ာင္းတြင္းေက်းရြာအနီး ခ်င္းတြင္းျမစ္တြင္ အျမန္ေရယာဥ္ တိမ္းေမွာက္နစ္ျမဳပ္မႈေၾကာင့္ ေသဆံုးသြားသူမ်ား၏ က်န္ရစ္သည့္ မိသားစုမ်ားကို တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ကူညီမႈမ်ား လုပ္ေဆာင္သြားမည္ဟု သိရသည္။

"ဒုကၡေရာက္ေနတဲ့  ျပည္သူေတြကို အစိုးရတစ္ရပ္အေနနဲ႔ ကူညီေဆာင္ရြက္ေပးရမွာ ကၽြန္ေတာ္တို႔ တာဝန္ပါ။ အခု တခ်ိဳ႕ဆို ေရယာဥ္တိမ္းေမွာက္ရာမွာ ပါသြားတဲ႔ မိမိ မိသားစုဝင္ အေလာင္းေတာင္ ရွာမေတြ႕ေသးပါဘူး ။ ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ ဗုဒၶဘာသာအရ ေသဆံုးသူမ်ားအတြက္ ေကာင္းရာမြန္ရာ ေရာက္ပါေစေၾကာင္း ရည္စူးၿပီး ကၽြန္ေတာ္တို႔ တိုင္းေဒသႀကီး အစိုးရ တစ္ရပ္ေနနဲ႔ ေဆာင္ရြက္ေပးတာပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး က်န္ရစ္သူ မိသားစုေတြ အတြက္လည္း ကူညီေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္" ဟု စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ျမင့္နိုင္က Tachileik News Agency (တာခ်ီလိတ္သတင္းအင္ဂ်င္စီ)သို႔ ေျပာသည္။

ေရယာဥ္တိမ္းေမွာက္မႈမွ ေသဆံုးသြားသူမ်ားအား ရည္စူး၍ တိုင္းေဒသႀကီးအစိုးရနွင့္ က်န္ရစ္သူ မိသားစုမ်ား ပူးေပါင္းကာ ေအာက္တိုဘာလ(၁၉)ရက္ေန႔က ရက္လည္ဆြမ္းကပ္ျခင္းကို ေရယာဥ္ တိမ္းေမွာက္ခဲ႔ရာ အနီးတြင္ တည္ရိွသည့္ မိေက်ာင္းတြင္းေက်းရြာ ဘုန္းႀကီးေက်ာင္း၌ ျပဳလုပ္ျခင္း ျဖစ္သည္။

"ကၽြန္ေတာ္တို႔အေနနဲ႔ ရက္လည္ဆြမ္းသြတ္ဖို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြဆီကို စာရင္းအတိက်နဲ႔ အသံုးႀကိဳထုတ္ ေပးထားခဲ့ပါတယ္။ ကုန္က်ေငြစာရင္းအတိုင္း အတိက်မွတ္တမ္းတင္ ထားရိွပါတယ္။ ေနာက္ၿပီး ေက်ာင္းက ဆရာေတာ္ကလည္း အနီးကပ္ ႀကီးၾကပ္ေပးပါတယ္" ဟု ကနီ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၿဖိဳးေအာင္ထြန္းက ေျပာသည္။

အျမန္ေရယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆံုးသူအခ်ိဳ႕၏ အေလာင္း ရွာမေတြ႕ေသးသျဖင့္ က်န္ရစ္သူ မိသားစုဝင္မ်ားမွာ  မိေက်ာင္းတြင္း ကမ္းပါးထိပ္ ေရယာဥ္ဆယ္ရာအနီးမွာ ေစာင့္ဆိုင္းေနၾကေၾကာင္း သိရသည္။

"အခုဆို ေရယာဥ္ေမွာက္တာ(၅)ရက္ေလာက္ရိွပါၿပီ ။ အေလာင္းကေတာ့ ရွာမေတြ႕ေသးဘူး ။ ဒါေပမဲ့ အခုလို ေသဆံုးခဲ႔ရင္ေတာင္ ကၽြန္မတို႔ ညီမေလး ေကာင္းရာဘံုဘဝေရာက္ေအာင္ အမွ်ေဝခဲ႔ပါတယ္။ ေပ်ာက္ဆံုးေနတဲ့ ကၽြန္မ ညီမေလးက မူလတန္း ေက်ာင္းဆရာမတစ္ေယာက္ပါ ။ အခုခ်ိန္ထိ ကၽြန္မ စိတ္ကေတာ့ မေျဖသာေသးဘူး"ဟု အရာေတာ္ၿမိဳ႕နယ္မွ မဇင္မာဝင္းက ေျပာသည္။

ခရီးသည္ (၃၀၀) ေက်ာ္ လိုက္ပါလာေသာ ေအာင္စိုးမိုးေက်ာ္ (၂) အျမန္ေရယာဥ္သည္ ေအာက္တိုဘာလ (၁၅) ရက္ေန႔ နံနက္ (၅) နာရီခန္႔က တိမ္းေမွာက္သြားရာ ခရီးသည္ (၁၅၈) ဦး ကယ္တင္နိုင္ခဲ့ၿပီး ေအာက္တိုဘာလ (၁၉) ရက္ေန႔အထိ ခ်င္းတြင္းျမစ္အတြင္း ရုပ္ေလာင္း (၅၀) ေက်ာ္ေတြ႕ရိွထားေၾကာင္း သိရသည္။

သတင္း / ဓါတ္ပံု - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ မိကျောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်တွင် အမြန်ရေယာဉ် တိမ်းမှောက်နစ်မြုပ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သည့် မိသားစုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

"ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အစိုးရတစ်ရပ်အနေနဲ့ ကူညီဆောင်ရွက်ပေးရမှာ ကျွန်တော်တို့ တာဝန်ပါ။ အခု တချို့ဆို ရေယာဉ်တိမ်းမှောက်ရာမှာ ပါသွားတဲ့ မိမိ မိသားစုဝင် အလောင်းတောင် ရှာမတွေ့သေးပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာအရ သေဆုံးသူများအတွက် ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ရည်စူးပြီး ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရ တစ်ရပ်နေနဲ့ ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျန်ရစ်သူ မိသားစုတွေ အတွက်လည်း ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က Tachileik News Agency (တာချီလိတ်သတင်းအင်ဂျင်စီ)သို့ ပြောသည်။

ရေယာဉ်တိမ်းမှောက်မှုမှ သေဆုံးသွားသူများအား ရည်စူး၍ တိုင်းဒေသကြီးအစိုးရနှင့် ကျန်ရစ်သူ မိသားစုများ ပူးပေါင်းကာ အောက်တိုဘာလ(၁၉)ရက်နေ့က ရက်လည်ဆွမ်းကပ်ခြင်းကို ရေယာဉ် တိမ်းမှောက်ခဲ့ရာ အနီးတွင် တည်ရှိသည့် မိကျောင်းတွင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ ရက်လည်ဆွမ်းသွတ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို စာရင်းအတိကျနဲ့ အသုံးကြိုထုတ် ပေးထားခဲ့ပါတယ်။ ကုန်ကျငွေစာရင်းအတိုင်း အတိကျမှတ်တမ်းတင် ထားရှိပါတယ်။ နောက်ပြီး ကျောင်းက ဆရာတော်ကလည်း အနီးကပ် ကြီးကြပ်ပေးပါတယ်" ဟု ကနီ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းက ပြောသည်။

အမြန်ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူအချို့၏ အလောင်း ရှာမတွေ့သေးသဖြင့် ကျန်ရစ်သူ မိသားစုဝင်များမှာ မိကျောင်းတွင်း ကမ်းပါးထိပ် ရေယာဉ်ဆယ်ရာအနီးမှာ စောင့်ဆိုင်းနကြေကြောင်း သိရသည်။

"အခုဆို ရေယာဉ်မှောက်တာ(၅)ရက်လောက်ရှိပါပြီ။ အလောင်းကတော့ ရှာမတွေ့သေးဘူး။ ဒါပေမဲ့ အခုလို သေဆုံးခဲ့ရင်တောင် ကျွန်မတို့ ညီမလေး ကောင်းရာဘုံဘဝရောက်အောင် အမျှဝေခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ကျွန်မ ညီမလေးက မူလတန်း ကျောင်းဆရာမတစ်ယောက်ပါ။ အခုချိန်ထိ ကျွန်မ စိတ်ကတော့ မဖြေသာသေးဘူး"ဟု အရာတော်မြို့နယ်မှ မဇင်မာဝင်းက ပြောသည်။

ခရီးသည် (၃၀၀) ကျော် လိုက်ပါလာသော အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်သည် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက် (၅) နာရီခန့်က တိမ်းမှောက်သွားရာ ခရီးသည် (၁၅၈) ဦး ကယ်တင်နိုင်ခဲ့ပြီး အောက်တိုဘာလ (၁၉) ရက်နေ့အထိ ချင်းတွင်းမြစ်အတွင်း ရုပ်လောင်း (၅၀) ကျော်တွေ့ရှိထားကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~