ထိုင္းဘုရင္ နတ္ရြာစံ၍ ဘူတန္ႏိုင္ငံမွ ၀မ္းနည္းျခင္း အထိမ္းအမွတ္ လုပ္ေဆာင္

ထိုင္းဘုရင္ နတ္ရြာစံ၍ ဘူတန္ႏိုင္ငံမွ ၀မ္းနည္းျခင္း အထိမ္းအမွတ္ လုပ္ေဆာင္
အောက်တိုဘာ 13, 2016
By Tachileik News Agency

ထိုင္းဘုရင္မင္းျမတ္ ဘူမိေဘာ အဒူလ်ာဒက္ ( Bhumibol Adulyadej ) နတ္ရြာစံသြားသည့္အတြက္ ၀မ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ ဆီမီးထြန္းဆုေတာင္းျခင္း ႏွင့္ ဘူတန္ႏိုင္ငံ၏ ႏိုင္ငံေတာ္အလံအား တ၀က္ေလွ်ာ့ခ်လႊင့္ထူရန္ ဘူတန္ဘုရင္ ဂ်စ္မီဂီ္ဆာ နမ္ဂ်ီယယ္လ္ ၀မ္ေခ်ာက္(Jigme Khesar Namgyel Wangchuck)က ညႊန္ၾကားထားေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံႏွင့္ ဘူတန္ႏိုင္ငံတို႔အၾကား ကာလရွည္ၾကာ ခ်စ္ခင္ရင္းႏွီးမႈ တည္ေဆာက္ႏိုင္ခဲ့ၾကၿပီး ထိုင္းဘုရင္နတ္ရြာစံျခင္းက ဆံုးရံႈးသြားရသည့္ ေတာ္ဝင္မိသားစုႏွင့္ ထိုင္းျပည္သူမ်ားႏွင့္ထပ္တူ ဘူတန္ေတာ္ဝင္မိသားစုႏွင့္ ဘူတန္ျပည္သူမ်ားကလည္း ဝမ္းနည္းေၾကကြဲရပါသည္ဟု ဘူတန္ဘုရင္၏ တရား၀င္ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

ထိုင္းဘုရင္မင္းျမတ္ ဘူမိေဘာ အဒူလ်ာဒက္ ( Bhumibol Adulyadej )သည္ ထိုင္းႏိုင္ငံ စီရိရတ္ေဆးရံုတြင္ ေဆး၀ါကုသမႈခံယူေနရာမွ ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ(၁၃)ရက္ေန ေန႔လယ္ (၃)နာရီ (၅၂)မိနစ္အခ်ိန္က နတ္ရြာစံသြားခဲ့ျခင္း ျဖစ္သည္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; Jigme Khesar Namgyel Wangchuck

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ( Bhumibol Adulyadej ) နတ်ရွာစံသွားသည့်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆီမီးထွန်းဆုတောင်းခြင်း နှင့် ဘူတန်နိုင်ငံ၏ နိုင်ငံတော်အလံအား တဝက်လျှော့ချလွှင့်ထူရန် ဘူတန်ဘုရင် ဂျစ်မီဂီ်ဆာ နမ်ဂျီယယ်လ် ဝမ်ချောက်(Jigme Khesar Namgyel Wangchuck)က ညွှန်ကြားထားကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား ကာလရှည်ကြာ ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့ကြပြီး ထိုင်းဘုရင်နတ်ရွာစံခြင်းက ဆုံးရှုံးသွားရသည့် တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူများနှင့်ထပ်တူ ဘူတန်တော်ဝင်မိသားစုနှင့် ဘူတန်ပြည်သူများကလည်း ဝမ်းနည်းကြေကွဲရပါသည်ဟု ဘူတန်ဘုရင်၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ( Bhumibol Adulyadej )သည် ထိုင်းနိုင်ငံ စီရိရတ်ဆေးရုံတွင် ဆေးဝါကုသမှုခံယူနေရာမှ ၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ နေ့လယ် (၃)နာရီ (၅၂)မိနစ်အချိန်က နတ်ရွာစံသွားခဲ့ခြင်း ဖြစ်သည်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; Jigme Khesar Namgyel Wangchuck

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~