တာခ်ီလိတ္၌ ေရႊ႕ေျပာင္းအိမ္ေထာင္စု ေလွ်ာက္ထားသူ မ်ားျပားေသာ္လည္း အနည္းငယ္သာ ရရွိေသး

တာခ်ီလိတ္၌ ေရႊ႕ေျပာင္းအိမ္ေထာင္စု ေလွ်ာက္ထားသူ မ်ားျပားေသာ္လည္း အနည္းငယ္သာ ရရွိေသး
အောက်တိုဘာ 30, 2016
By Tachileik News Agency

ေရႊ႕ေျပာင္းေနထုိင္သူမ်ားအား အိမ္ေထာင္စုစာရင္းႏွင့္ ႏိုင္ငံသားအသိအမွတ္ျပဳ ကတ္ထုတ္ေပးမည့္ သစၥာစီမံခ်က္မွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္တစ္ၿမိဳ႕နယ္လံုးတြင္ ေလွ်ာက္ထားသူ (၈၀၀၀) ေက်ာ္အနက္ ေအာက္တိုဘာလ ပထမပတ္အထိ အိမ္ေထာင္စု(၄၀၀)ေက်ာ္သာ ထုတ္ေပးႏိုင္ေသးေၾကာင္း သိရသည္။

"ပထမရက္ေပါင္း (၁၀၀)အေနနဲ႔ေတာ့ ၿပီးသြားၿပီ။ ဒါကို ေနာက္ဆက္တြဲအေနနဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြကို ေရႊ႕ေျပာင္းခ်င္တဲ့ အိမ္ေထာင္စုစာရင္းေတြကို ေပးပို႔ထားပါတယ္။ ဟိုဘက္ၿမိဳ႕နယ္က ျပန္လည္ေပးပို႔လာတာကိုေတာ့ ထုတ္ေပးေနပါတယ္။ တခ်ိဳ႕ၿမိဳ႕နယ္ေတြက ဆက္သြယ္ေရး ခက္ခဲလို႔ မရေသးပါဘူး။ တစ္ရက္ကို အိမ္ေထာင္စု (၅)စု စာေလာက္ ေန႔စဥ္ထုတ္ေပးေနပါတယ္"ဟု တာခ်ီလိတ္ခရိုင္ အမ်ိဳးသားမွတ္ပံုတင္ႏွင့္ ႏိုင္ငံသားဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးသိန္းထြန္းက ေျပာသည္။



အစိုးရ၏ ပထမရက္ (၁၀၀)စီမံခ်က္အတြင္း ျပည္တြင္း ေရႊ႕ေျပာင္းသြားလာ အလုပ္လုပ္ကိုင္သူမ်ားမွ အလုပ္ လုပ္ကိုင္ရာတြင္ လြယ္ကူေစရန္အတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ သစၥာစီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အခ်ိန္(၃)လေက်ာ္ကာလအတြင္း အျပည့္အ၀ ေဆာင္ရြက္ႏိုင္ခဲ့ျခင္း မရွိေသးေၾကာင္း သိရသည္။



"သူတို႔ေတြ စာရင္းေကာက္ဆိုတုန္းက လာလုပ္တဲ့သူ (၄၀၀)ေလာက္ရွိတယ္။ ဒါကၽြန္ေတာ္တို႔ ၀မ္ေကာင္းရပ္ကြက္ တစ္ခုတင္ေနာ္။ တကယ္ အိမ္ေထာင္စုစာရင္း ျပန္က်လာေတာ့ (၂၀)ေက်ာ္ပဲ ပါလာတယ္။ ေကာက္ထားၿပီး အိမ္ေထာင္စုစာရင္း မရရွိေသးတဲ့သူေတြကို ဘာေၾကာင့္မရလဲဆိုတာ ထုတ္ျပန္ေပးႏိုင္ရင္ ပိုေကာင္းမယ္။ အခုက သူတို႔က ရပ္ကြက္ရံုးကိုပဲ လာလာေမးေနေတာ့ ကၽြန္ေတာ္တုိ႔လည္း ျပန္ေျပာျပစရာ အေၾကာင္းျပခ်က္မရွိဘူး ျဖစ္ေနတယ္"ဟု ၀မ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက ေျပာသည္။



အိမ္ေထာင္စုစာရင္းမ်ား ျပန္လည္ထုတ္ေပးရန္ ၾကန္႔ၾကာေနျခင္းမွာ ေဖာ္ျပထားသည့္ လိပ္စာအတိအက် မရွိျခင္းနွင့္ ဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ ျဖစ္ေၾကာင္း အမ်ိဳးသားမွတ္ပံုတင္ႏွင့္ ႏိုင္ငံသားဦးစီးဌာနမွ စံုစမ္းသိရွိရသည္။



"သူတို႔က အေၾကာင္း အမ်ိဳးမ်ိဳးျပတာပဲ။ ကၽြန္ေတာ္တို႔ေျပာင္းေရႊ႕ခ်င္တဲ့အမ်ားစုက တစ္ဖက္ အိမ္ေထာင္စုစာရင္းရွိတဲ့ မိဘေဆြမ်ိဳးေတြကို ေျပာင္းေရႊ႕ဖို႔ကိစၥေျပာထားၿပီးပါၿပီ။ ဒါေပမဲ့ အဲဒီဖက္ ၿမိဳ႕နယ္က လ.၀.က ရံုးက လာေရာက္အေၾကာင္းၾကားတာကို မရွိတာတဲ့။ စာရင္းေပးေပးဆိုလို႔ မွတ္ပံုတင္မိတၱဴေတြ သူတို႔ရံုးက ေပးတဲ့စာရြက္ေတြ အကုန္ျဖည့္ၿပီး သြားေပးတာပဲ ရပ္ကြက္ရံုးကို။ ဒါေပမဲ့ အခုအခ်ိန္ထိ အေၾကာင္း တစ္စံုတစ္ခုမွ မျပန္ၾကားေပးေသးဘူး"ဟု ဧရာ၀တီတိုင္းေဒသႀကီး ဖ်ာပံုၿမိဳ႕နယ္အတြင္းမွ ေျပာင္းေရႊ႕ေနထုိင္လာသူတစ္ဦးက ေျပာသည္။



တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ၂၀၁၄ သန္းေခါင္စာရင္းစစ္တမ္းအရ လူဦးေရ တစ္သိန္းႏွစ္ေသာင္းေက်ာ္ ရွိသည့္အနက္ ေရႊ႕ေျပာင္းေနထုိင္သူ သံုးပံုႏွစ္ပံုခန္႔ရိွေၾကာင္း သိရသည္။

သတင္း - ကိုဇက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားအသိအမှတ်ပြု ကတ်ထုတ်ပေးမည့် သစ္စာစီမံချက်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်တစ်မြို့နယ်လုံးတွင် လျှောက်ထားသူ (၈၀၀၀) ကျော်အနက် အောက်တိုဘာလ ပထမပတ်အထိ အိမ်ထောင်စု(၄၀၀)ကျော်သာ ထုတ်ပေးနိုင်သေးကြောင်း သိရသည်။

"ပထမရက်ပေါင်း (၁၀၀)အနေနဲ့တော့ ပြီးသွားပြီ။ ဒါကို နောက်ဆက်တွဲအနေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေကို ရွှေ့ပြောင်းချင်တဲ့ အိမ်ထောင်စုစာရင်းတွေကို ပေးပို့ထားပါတယ်။ ဟိုဘက်မြို့နယ်က ပြန်လည်ပေးပို့လာတာကိုတော့ ထုတ်ပေးနေပါတယ်။ တချို့မြို့နယ်တွေက ဆက်သွယ်ရေး ခက်ခဲလို့ မရသေးပါဘူး။ တစ်ရက်ကို အိမ်ထောင်စု (၅)စု စာလောက် နေ့စဉ်ထုတ်ပေးနေပါတယ်"ဟု တာချီလိတ်ခရိုင် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ပြောသည်။

အစိုးရ၏ ပထမရက် (၁၀၀)စီမံချက်အတွင်း ပြည်တွင်း ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်သူများမှ အလုပ် လုပ်ကိုင်ရာတွင် လွယ်ကူစေရန်အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အချိန်(၃)လကျော်ကာလအတွင်း အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

"သူတို့တွေ စာရင်းကောက်ဆိုတုန်းက လာလုပ်တဲ့သူ (၄၀၀)လောက်ရှိတယ်။ ဒါကျွန်တော်တို့ ဝမ်ကောင်းရပ်ကွက် တစ်ခုတင်နော်။ တကယ် အိမ်ထောင်စုစာရင်း ပြန်ကျလာတော့ (၂၀)ကျော်ပဲ ပါလာတယ်။ ကောက်ထားပြီး အိမ်ထောင်စုစာရင်း မရရှိသေးတဲ့သူတွေကို ဘာကြောင့်မရလဲဆိုတာ ထုတ်ပြန်ပေးနိုင်ရင် ပိုကောင်းမယ်။ အခုက သူတို့က ရပ်ကွက်ရုံးကိုပဲ လာလာမေးနေတော့ ကျွန်တော်တို့လည်း ပြန်ပြောပြစရာ အကြောင်းပြချက်မရှိဘူး ဖြစ်နေတယ်"ဟု ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

အိမ်ထောင်စုစာရင်းများ ပြန်လည်ထုတ်ပေးရန် ကြန့်ကြာနခြေင်းမှာ ဖော်ပြထားသည့် လိပ်စာအတိအကျ မရှိခြင်းနှင့် ဆက်သွယ်ရေးအခက်အခဲများကြောင့် ဖြစ်ကြောင်း အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

"သူတို့က အကြောင်း အမျိုးမျိုးပြတာပဲ။ ကျွန်တော်တို့ပြောင်းရွှေ့ချင်တဲ့အများစုက တစ်ဖက် အိမ်ထောင်စုစာရင်းရှိတဲ့ မိဘဆွေမျိုးတွေကို ပြောင်းရွှေ့ဖို့ကိစ္စပြောထားပြီးပါပြီ။ ဒါပေမဲ့ အဲဒီဖက် မြို့နယ်က လ.ဝ.က ရုံးက လာရောက်အကြောင်းကြားတာကို မရှိတာတဲ့။ စာရင်းပေးပေးဆိုလို့ မှတ်ပုံတင်မိတ္တူတွေ သူတို့ရုံးက ပေးတဲ့စာရွက်တွေ အကုန်ဖြည့်ပြီး သွားပေးတာပဲ ရပ်ကွက်ရုံးကို။ ဒါပေမဲ့ အခုအချိန်ထိ အကြောင်း တစ်စုံတစ်ခုမှ မပြန်ကြားပေးသေးဘူး"ဟု ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းမှ ပြောင်းရွှေ့နေထိုင်လာသူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းစစ်တမ်းအရ လူဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိသည့်အနက် ရွှေ့ပြောင်းနေထိုင်သူ သုံးပုံနှစ်ပုံခန့်ရှိကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~