အဓမၼအလုပ္ခိုင္းေစမႈ ပေပ်ာက္ေရးဆိုင္ရာ နည္းပညာအလုပ္ရံုေဆြးေႏြးပြဲ နမ့္စန္၌ ျပဳလုပ္

အဓမၼအလုပ္ခိုင္းေစမႈ ပေပ်ာက္ေရးဆိုင္ရာ နည္းပညာအလုပ္ရံုေဆြးေႏြးပြဲ နမ့္စန္၌ ျပဳလုပ္
အောက်တိုဘာ 4, 2016
By Tachileik News Agency

အဓမၼအလုပ္ခိုင္းေစမႈ ပေပ်ာက္ေရးဆိုင္ရာ နည္းပညာအလုပ္ရံုေဆြးေႏြးမႈကို ပထမအႀကိမ္အျဖစ္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ နမ့္စန္ၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲကို နမ့္စန္ၿမိဳ႕ အမွတ္(၃)ရပ္ကြက္ရွိ ဧဒင္ခန္းမ၌ ေအာက္တိုဘာလ(၄)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး ILO ႏွင့္ ေတာင္တန္းလူငယ္အဖြဲ႔တို႔မွ ပူးေပါင္းကာ က်င္းပျပဳလုပ္တာ ျဖစ္ေၾကာင္း သိရသည္။

ေဆြးေႏြးပြဲတြင္ ILO မွ သင္တန္းဆရာ ဦးမိုးေက်ာ္က ဦးေဆာင္ေဆြးေႏြးၿပီး ေတာင္တန္းလူငယ္အဖြဲ႔၀င္မ်ား ႏွင့္ ဖိတ္ၾကားထားေသာ (အခမဲ့)နာေရးကူညီမူေမတၱာ႐ွင္အသင္း၊ ဂ႐ုဏာ႐ွင္အသင္း၊ ႐ွမ္းစာေပယဥ္ေက်းမႈအသင္း၊ ပအုိ၀့္စာေပယဥ္ေက်းမႈအသင္း၊ ပေလာင္စာေပယဥ္ေက်းမႈအသင္း စသည္တို႔မွ လူႀကီး၊လူငယ္မ်ားမွ ပါ၀င္ေဆြးေႏြးခဲဲ့ၾကေၾကာင္း သိရသည္။

ယင္းေဆြးေႏြးပြဲတြင္ အမ်ဳိးသား (၂၂)ဦးႏွင့္ အမ်ဳိးသမီး(၁၂)ဦး စုစုေပါင္း (၃၄)ဦး တက္ေရာက္ခဲ့ၾကၿပီး ေဆြးေႏြးပြဲကို တစ္ရက္တည္းသာ က်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးမှုကို ပထမအကြိမ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဧဒင်ခန်းမ၌ အောက်တိုဘာလ(၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ILO နှင့် တောင်တန်းလူငယ်အဖွဲ့တို့မှ ပူးပေါင်းကာ ကျင်းပပြုလုပ်တာ ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ILO မှ သင်တန်းဆရာ ဦးမိုးကျော်က ဦးဆောင်ဆွေးနွေးပြီး တောင်တန်းလူငယ်အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသော (အခမဲ့)နာရေးကူညီမူမေတ္တာရှင်အသင်း၊ ဂရုဏာရှင်အသင်း၊ ရှမ်းစာပေယဉ်ကျေးမှုအသင်း၊ ပအိုဝ့်စာပေယဉ်ကျေးမှုအသင်း၊ ပလောင်စာပေယဉ်ကျေးမှုအသင်း စသည်တို့မှ လူကြီး၊လူငယ်များမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် အမျိုးသား (၂၂)ဦးနှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို တစ်ရက်တည်းသာ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~