ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေတာင္သူလယ္သမားညီလာခံသို႔ ကိုယ္စားလွယ္ သံုးေထာင္ခန္႔ တက္ေရာက္ေဆြးေႏြးေန

ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေတာင္သူလယ္သမားညီလာခံသို႔ ကိုယ္စားလွယ္ သံုးေထာင္ခန္႔ တက္ေရာက္ေဆြးေႏြးေန
အောက်တိုဘာ 23, 2016
By Tachileik News Agency

မႏၱေလးၿမိဳ႕နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕၊ ေတာင္ျမင့္ရပ္ကြက္တြင္ ျမန္မာနိုင္ငံလံုးဆိုင္ရာ "တံခြန္"ေတာင္သူလယ္သမား ညီလာခံကို ေအာက္တိုဘာလ (၂၃)႐က္ နံနက္(၁၀)နာရီခန္႔တြင္ က်င္းပရာ ေတာင္သူလယ္သမား (၃၀၀၀)ခန္႔ တက္ေရာက္ေနၾကသည္။

အဆိုပါ ညီလာခံက်င္းပရျခင္းမွာ ျမန္မာနိုင္ငံလံုးဆိုင္ရာ "တံခြန္"ေတာင္သူလယ္သမား အက်ိဳးကို အထူးႀကိဳးစား ေဆာင္ရြက္နိုင္ရန္ ညီညႊတ္ခိုင္မာေသာ အဖြဲ႔ႀကီး ေပၚေပါက္လာေစရန္ ျဖစ္ေၾကာင္း သိရသည္။

ညီလာခံတက္ေရာက္ေနသည့္ ေတာင္သူလယ္သမားကိုယ္စားလွယ္မ်ားမွာ ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင္႔ မႏၲေလးတိုင္းေဒသႀကီးမ်ားမွ ျဖစ္ေၾကာင္း သိရသည္။

ယင္းညီလာခံသို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဥပေဒပညာရွင္မ်ားလည္း တက္ေရာက္ေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - #ေရႊေဇာ္



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့၊ တောင်မြင့်ရပ်ကွက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ "တံခွန်"တောင်သူလယ်သမား ညီလာခံကို အောက်တိုဘာလ (၂၃)ရက် နံနက်(၁၀)နာရီခန့်တွင် ကျင်းပရာ တောင်သူလယ်သမား (၃၀၀၀)ခန့် တက်ရောက်နကြေသည်။

အဆိုပါ ညီလာခံကျင်းပရခြင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ "တံခွန်"တောင်သူလယ်သမား အကျိုးကို အထူးကြိုးစား ဆောင်ရွက်နိုင်ရန် ညီညွှတ်ခိုင်မာသော အဖွဲ့ကြီး ပေါ်ပေါက်လာစေရန် ဖြစ်ကြောင်း သိရသည်။

ညီလာခံတက်ရောက်နေသည့် တောင်သူလယ်သမားကိုယ်စားလှယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများမှ ဖြစ်ကြောင်း သိရသည်။

ယင်းညီလာခံသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေပညာရှင်များလည်း တက်ရောက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~