အောက်တိုဘာလ(၂၉)ရက် အကူးပိုင်း ကာလတွင် မြန်မာနိုင်ငံအတွင်း ငလျင်(၃)ကြိမ် လှုပ်ခတ်သွား

အောက်တိုဘာလ(၂၉)ရက် အကူးပိုင်း ကာလတွင် မြန်မာနိုင်ငံအတွင်း ငလျင်(၃)ကြိမ် လှုပ်ခတ်သွား
အောကျတိုဘာ 29, 2016
By Tachileik News Agency

အောက်တိုဘာလ (၂၉)ရက်နေ့အကူးပိုင်း အချိန်အတွင်း မြန်မာနိုင်ငံ၌ ငလျင်(၃)ကြိမ်လှုပ်ခတ်သွားပြီး အသေးဆုံးအဆင့်မှာ (၁.၉)ရစ်ခ်ျတာစကေး နှင့် အများဆုံးမှာ (၄.၅)ရစ်ခ်ျတာစကေးအဆင့်ရှိကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးထုတ်ပြန်ချက်အရ  သိရသည်။

၂၀၁၆ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၀:၂၃)နာရီအချိန်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အနီးတွင် အင်အား (၄.၅)ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၀:၀၇)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အနီးတွင် အင်အား (၄.၃)ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားသည်။

ဆက်လက်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အကျော် မြန်မာ - ထိုင်း နယ်စပ်အနီး၊ မြန်မာဘက်တွင် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၁:၁၀)နာရီအချိန်မှာပင် အင်အား (၁.၈)ရစ်ခ်ျတာစကေးအဆင့်ရှိ အသေးငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
အောက်တိုဘာလ (၂၉)ရက်နေ့အကူးပိုင်း အချိန်အတွင်း မြန်မာနိုင်ငံ၌ ငလျင်(၃)ကြိမ်လှုပ်ခတ်သွားပြီး အသေးဆုံးအဆင့်မှာ (၁.၉)ရစ်ချ်တာစကေး နှင့် အများဆုံးမှာ (၄.၅)ရစ်ချ်တာစကေးအဆင့်ရှိကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (ဝ:၂၃)နာရီအချိန်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အနီးတွင် အင်အား (၄.၅)ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (ဝ:ဝ၇)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အနီးတွင် အင်အား (၄.၃)ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားသည်။

ဆက်လက်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အကျော် မြန်မာ - ထိုင်း နယ်စပ်အနီး၊ မြန်မာဘက်တွင် အောက်တိုဘာလ (၂၉)ရက်နေ့သို့အကူး (၁:၁၀)နာရီအချိန်မှာပင် အင်အား (၁.၈)ရစ်ချ်တာစကေးအဆင့်ရှိ အသေးငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~