Drop Wire ဖုန္းႀကိဳးမ်ား ျဖတ္ေတာက္ခိုးယူမႈ ၿမိတ္ၿမိဳ႕တြင္ ျဖစ္ပြား

Drop Wire ဖုန္းႀကိဳးမ်ား ျဖတ္ေတာက္ခိုးယူမႈ ၿမိတ္ၿမိဳ႕တြင္ ျဖစ္ပြား
အောက်တိုဘာ 6, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ တပ္ဆင္ထားသည့္ Drop Wire ဖုန္းႀကိဳးမ်ားကို ေအာက္တိုဘာလ (၄) ရက္ေန႔ညက ျဖတ္ေတာက္ ခိုးယူမွဳတစ္ခု ျဖစ္ပြားေၾကာင္း ၿမိတ္ၿမိဳ႕မရဲစခန္းရံုးမွ သိရသည္။

ျမန္မာ႔ဆက္သြယ္ေရးမွ တပ္ဆင္အသံုးျပဳထားသည္႔ Drop Wire ဖုန္းႀကိဳးမ်ားကို အသက္ (၇၀) ႏွစ္ခန္႔ အမ်ိဳးသားတစ္ဦးက ျဖတ္ေတာက္ ခိုးယူခဲ႔ျခင္းျဖစ္ၿပီး ၿမိ္တ္ၿမိဳ႕မ ရဲစခန္းမွ အမွတ္ (၂) နယ္ေျမ ရဲကင္းမွဴး ဒုရဲအုပ္ ေက်ာ္ဆန္းဦးႏွင့္ အဖြဲ႔က လွည့္ကင္းတာဝန္မ်ား ထမ္းေဆာင္ေနစဥ္ ၿမိတ္ၿမိဳ႕ ဆိပ္ငယ္ရပ္ကြက္၊ ေရတြင္းလမ္းသြယ္ အေရာက္တြင္ မသကၤာဖြယ္ေတြ႕႐ွိရသျဖင့္ ေခၚယူ စစ္ေဆးေမးျမန္းရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။


အဆိုပါ အမ်ိဳးသားသည္၊ Drop Wire ဖုန္းႀကိဳး (၅၀) မီတာခန္႔မွန္း ႀကိဳးေခြ (၁) ခု၊ (၂၅) မီတာခန္႔ ႀကိဳးေခြ (၁) ခု၊ (၁၅) မီတာခန္႔ ႀကိဳးေခြ (၅) ခု၊ စုစုေပါင္း ဖုန္းႀကိဳးေခြ (၇) ခုနင့္ ဝါယာႀကိဳးျဖတ္ရာတြင္ အသုံးျပဳသည့္ ညႇပ္ပလာရာ (၁) ခုကို ေတြ႔႐ွိၿပီး ၎မွ ဖုန္းႀကိဳးမ်ားကို ျဖတ္ေတာက္ ခိုးယူလာေၾကာင္း ဝန္ခံထြက္ဆိုထားေၾကာင္း ရဲစခန္း၏ မွဳခင္းမွတ္တမ္းမ်ားအရ သိရသည္။


Drop Wire ဖုန္းႀကိဳးမ်ားကို ျဖတ္ေတာက္ခိုးယူသူ ဦးေနထြန္းအား ၿမိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၇၅၇/၂၀၁၆၊ ရာဇသတ္ႀကီး ပုဒ္မ ၃၈၀/ က်င့္ ၅၄ အရ အမွဳဖြင့္လွစ္ ထားေၾကာင္း သိရသည္။


သတင္း - ေဇာ္ေဇာ္(ၿမိတ္)
~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် တပ်ဆင်ထားသည့် Drop Wire ဖုန်းကြိုးများကို အောက်တိုဘာလ (၄) ရက်နေ့ညက ဖြတ်တောက် ခိုးယူမှုတစ်ခု ဖြစ်ပွားကြောင်း မြိတ်မြို့မရဲစခန်းရုံးမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ တပ်ဆင်အသုံးပြုထားသည့် Drop Wire ဖုန်းကြိုးများကို အသက် (၇၀) နှစ်ခန့် အမျိုးသားတစ်ဦးက ဖြတ်တောက် ခိုးယူခဲ့ခြင်းဖြစ်ပြီး မြိ်တ်မြို့မ ရဲစခန်းမှ အမှတ် (၂) နယ်မြေ ရဲကင်းမှူး ဒုရဲအုပ်​ ကျော်ဆန်းဦးနှင့် အဖွဲ့က လှည့်ကင်းတာဝန်များ ထမ်းဆောင်နေစဉ် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်၊ ရေတွင်းလမ်းသွယ် အရောက်တွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ခေါ်ယူ စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည်၊ Drop Wire ဖုန်းကြိုး (၅၀) မီတာခန့်မှန်း ကြိုးခွေ (၁) ခု၊ (၂၅) မီတာခန့် ကြိုးခွေ (၁) ခု၊ (၁၅) မီတာခန့် ကြိုးခွေ (၅) ခု၊ စုစုပေါင်း ဖုန်းကြိုးခွေ (၇) ခုနင့် ဝါယာကြိုးဖြတ်ရာတွင် အသုံးပြုသည့် ညှပ်ပလာရာ (၁) ခုကို တွေ့ရှိပြီး၎င်းမှ ဖုန်းကြိုးများကို ဖြတ်တောက် ခိုးယူလာကြောင်း ဝန်ခံထွက်ဆိုထားကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

Drop Wire ဖုန်းကြိုးများကို ဖြတ်တောက်ခိုးယူသူ ဦးနေထွန်းအား မြိတ်မြို့မရဲစခန်းတွင် (ပ) ၁၇၅၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အမှုဖွင့်လှစ် ထားကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~