ၿမိတ္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရး ကာတြန္းျပပြဲေနာက္ဆံုးေန႔အျဖစ္ ျပသေန

ၿမိတ္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရး ကာတြန္းျပပြဲေနာက္ဆံုးေန႔အျဖစ္ ျပသေန
အောက်တိုဘာ 9, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီးအတြင္း ၿမိဳ႕ေလးၿမိဳ႕တြင္ ျပသေနသည့္ ၿငိမ္းခ်မ္းေရးကာတြန္းျပပြဲကို  ၿမိတ္ၿမိဳ႕တြင္ ေနာက္ဆံုးေန႔ အျဖစ္ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ ဆက္လက္ျပသေနေၾကာင္း ကာတြန္းဆရာမ်ားထံမွ သိရသည္။

ကာတြန္းျပပြဲကို ၿမိတ္ကမ္းနားလမ္း၊ သာေကတရပ္ကြက္ရွိ ၿမိတ္ေရွာ႔ပင္းစင္တာတြင္ နံနက္ (၉) နာရီမွ ည (၉) နာရီ အခ်ိန္အထိ ျပသထားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကာတြန္းျပပြဲအား စက္တင္ဘာလ (၂၈) ရက္ကတည္းက ကံေပါက္ေဒသႏွင့္ ထားဝယ္ၿမိဳ႕မ်ားတြင္ စတင္ျပသခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့လေးမြို့တွင် ပြသနေသည့် ငြိမ်းချမ်းရေးကာတွန်းပြပွဲကို မြိတ်မြို့တွင် နောက်ဆုံးနေ့အဖြစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ဆက်လက်ပြသနေကြောင်း ကာတွန်းဆရာများထံမှ သိရသည်။

ကာတွန်းပြပွဲကို မြိတ်ကမ်းနားလမ်း၊ သာကေတရပ်ကွက်ရှိ မြိတ်ရှော့ပင်းစင်တာတွင် နံနက် (၉) နာရီမှ ည (၉) နာရီ အချိန်အထိ ပြသထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာတွန်းပြပွဲအား စက်တင်ဘာလ (၂၈) ရက်ကတည်းက ကံပေါက်ဒေသနှင့် ထားဝယ်မြို့များတွင် စတင်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~