ထိုင်းပြည်သူများ ပူဆွေးနေချိန်ဖြစ်၍ မယ်ဆိုင်သို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား CNCMC မှ အကြံပြု အသိပေး

ထိုင်းပြည်သူများ ပူဆွေးနေချိန်ဖြစ်၍ မယ်ဆိုင်သို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား CNCMC မှ အကြံပြု အသိပေး
အောက်တိုဘာ 13, 2016
By Tachileik News Agency

ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံသွားသည့်အတွက်  ထိုင်းပြည်သူများ ၀မ်းနည်းပူဆွေးနေသည့် ကာလအတွင်း တာချီလိတ်မှ မြန်မာနိုင်ငံသားများ မယ်ဆိုင်သို့ သွားရောက်ပါက သတိထား၍ သွားလာနေထိုင် ဆင်ခြင်ရန် အထူးလိုအပ်ကြောင်း ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)က အကြံပြုလိုက်သည်။

"ထိုင်းပြည်သူတွေ ၀မ်းနည်းကြေကွဲနေချိန်၊ မယ်ဆိုင်မြို့သို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ အနေဖြင့် အ၀တ်အစား တောက်တောက်ပပ ၀တ်ဆင်ခြင်း၊ အသံဆူညံခြင်း၊ ကား နှင့် သုံးဘီးဆိုင်ကယ်(ဆမ်လော့)များတွင် သီချင်းများ ဖွင့်၍ မူးယစ်အော်ဟစ်ဆူညံခြင်းများအား ရှောင်ရှားပေးကြမည်ဆိုပါက သင့်တော်မည်ဖြစ်ပါကြောင်း အကြံပြု အသိပေးအပ်ပါသည်"ဟု အသိပေးထားလိုက်ခြင်းဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံသွားသည့်အတွက် ထိုင်းပြည်သူများ ဝမ်းနည်းပူဆွေးနေသည့် ကာလအတွင်း တာချီလိတ်မှ မြန်မာနိုင်ငံသားများ မယ်ဆိုင်သို့ သွားရောက်ပါက သတိထား၍ သွားလာနေထိုင် ဆင်ခြင်ရန် အထူးလိုအပ်ကြောင်း ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)က အသိပေးလိုက်သည်။

"ထိုင်းပြည်သူတွေ ဝမ်းနည်းကြေကွဲနေချိန်၊ မယ်ဆိုင်မြို့သို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ အနဖြေင့် အဝတ်အစား တောက်တောက်ပပ ဝတ်ဆင်ခြင်း၊ အသံဆူညံခြင်း၊ ကား နှင့် သုံးဘီးဆိုင်ကယ်(ဆမ်လော့)များတွင် သီချင်းများ ဖွင့်၍ မူးယစ်အော်ဟစ်ဆူညံခြင်းများအား ရှောင်ရှားပေးကြမည်ဆိုပါက သင့်တော်မည်ဖြစ်ပါကြောင်း အကြံပြု အသိပေးအပ်ပါသည်"ဟု အသိပေးထားလိုက်ခြင်းဖြစ်သည်။

အဆိုပါ အသိပေးမှုကို ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)ဟု လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာလ(၁၃)ရက်နေ့ ညပိုင်းက ဖော်ပြထားခြင်း ဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ( Bhumibol Adulyadej )သည် ထိုင်းနိုင်ငံ စီရိရတ်ဆေးရုံတွင် ဆေးဝါကုသမှုခံယူနေရာမှ ၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ နေ့လယ် (၃)နာရီ (၅၂)မိနစ်အချိန်က နတ်ရွာစံသွားခဲ့ခြင်း ဖြစ်သည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~