မံုရြာမွၾကက္ၿခံပိုင္ရွင္မ်ား တင္ျပသည့္အတိုင္း လုပ္ငန္းျပန္လည္ထူေထာင္ေရးေထာက္ပံ့ေငြပံ့ပိုး

မံုရြာမွၾကက္ၿခံပိုင္ရွင္မ်ား တင္ျပသည့္အတိုင္း လုပ္ငန္းျပန္လည္ထူေထာင္ေရးေထာက္ပံ့ေငြပံ့ပိုး
အောက်တိုဘာ 3, 2016
By Tachileik News Agency

ၾကက္ငွက္တုပ္ေကြး ေရာဂါျဖစ္ပြားမႈေၾကာင့္ ဆံုးရံႈးနစ္နာခဲ့ရသည့္ စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕ ၾကက္ငွက္ ေမြးျမဴေရးဇုန္မွ လုပ္ငန္းရွင္မ်ား တင္ျပေသာ ပမာဏအတိုင္း နိုင္ငံေတာ္သမၼတ၏ သီးသန္႔ရန္ပံုေငြျဖင့္ ေထာက္ပံ့လိုက္သျဖင့္ လုပ္ငန္းထူေထာင္ေရး အဆင္ေျပသြားေၾကာင္း လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"အရင္တုန္းက ေထာက္ပံ့ေၾကးကို အစိုးရက သတ္မွတ္ေပးတာ။ အခုေပးတာက ျခံပိုင္ရွင္ေတြ တင္ျပ ေတာင္းဆိုထားတဲ့ အတိုင္း အေကာင္အေရအတြက္နဲ႔ လိုအပ္တဲ့ ပမာဏအတိုင္း ေထာက္ပံ့ေပးတာပါ။ ကၽြန္ေတာ္တို႔ အေနနဲ႔ လိုခ်င္တဲ႔ ေထာက္ပံ့ေငြအတိုင္းရေတာ့ လုပ္ငန္းျပန္လည္ထူေထာင္ဖို႔ အဆင္ေျပသြားတယ္" ဟု ၾကက္ျခံပိုုင္ရွင္ ဦးၾကံက ေျပာသည္။

ယခင္က လုပ္ငန္းဆံုးရံႈး နစ္နာမႈမ်ားအတြက္ ေထာက္ပံ့ေငြမ်ား ေပးအပ္ရာတြင္ အစိုးရက သတ္မွတ္ေလ့ ရိွေသာ္လည္း စက္တင္ဘာ (၃၀)ရက္က ႏုိင္ငံေတာ္သမၼတ၏ သီးသန္႔ရန္ပံုေငြမွ ေထာက္ပံ့မႈတြင္ ယခင္ႏွင့္ မတူေတာ့ဘဲ ေျပာင္းလဲသြားေၾကာင္း တိုင္းေဒသႀကီး အစိုးရထံမွ သိရသည္။

"ဆံုးရံႈးနစ္နာခဲ့တဲ႔ ၾကက္ျခံပိုင္ရွင္ေတြကို စာနာေထာက္ထားတဲ႔အေနနဲ႔ နိုင္ငံေတာ္သမၼတႀကီးရဲ႕ သီးသန္႔ ရန္ပံုေငြထဲကေန ေပးတာပါ။ ဒါကလည္း ဒီေထာက္ပ့ံ ေငြနဲ႔ ျခံပိုင္ရွင္ေတြကို လုပ္ငန္း ျပန္လည္ ထူေထာင္နိုင္ဖို႔နဲ႔ ဇီဝလံုျခံဳေရးျမႇင့္တင္ နိုင္ဖို႔ရာ ရည္ရြယ္ခ်က္နဲ႔ ေထာက္ပံ့ေပးတာ ျဖစ္ပါတယ္ " ဟု စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္နိုင္က ေျပာသည္။

ၿခံပိုင္ရွင္မ်ား အေနျဖင့္ တင္ျပခဲ့သည့္ ေသဆံုးၾကက္ေကာင္ေရကို သက္တမ္းအလိုက္ ေစ်းႏႈန္းသတ္မွတ္ကာ ေထာက္ပံ့ျခင္းျဖစ္ၿပီး စုစုေပါင္း ေထာက္ပံ့ေၾကးေငြ က်ပ္သိန္းေပါင္း(၆,၆၂၉)ေက်ာ္ရိွေၾကာင္း သိရသည္။

မံုရြာၿမိဳ႕ ၾကက္ငွက္ေမြးျမဴေရးဇုန္တြင္ ၂၀၁၆ ခုႏွစ္ မတ္လ(၃၁)ရက္က ၾကက္ငွက္အေကာင္ေရ သာမန္ထက္ ေသဆံုးမႈ မ်ားျပားေနသည့္အတြက္ စစ္ေဆးရာတြင္ H5 ၊ H9 ၊ N2 ဗိုင္းရပ္စ္ အမ်ိဳးအစားမ်ားေၾကာင့္ ၾကက္ငွက္တုပ္ေကြးေရာဂါ ျဖစ္ပြားေနေၾကာင္း ေတြ႕ရိွရၿပီးေနာက္ ဧၿပီလ (၃ ) ရက္ေန႔မွ ေမလ (၁၉) ရက္အတြင္း ပိုင္ရွင္ (၉၈) ဦးတို႔၏ ျခံေပါင္း (၁၇၄) ျခံမွ ၾကက္အေကာင္ေရ (၈၈၆၂၂)အား သုတ္သင္ရွင္းလင္းခဲ႔ရျခင္းျဖစ္သည္။

အဆိုပါ ေမြးျမဴေရးဇုန္တြင္ ၾကက္ငွက္တုပ္ေကြးျဖစ္ပြားမႈေၾကာင့္ ၂၀၁၂ ခုႏွစ္ ေမလအတြင္း တစ္ႀကိမ္ ၊ ၂၀၁၅ ခုနွစ္ ေဖာ္ေဖာ္ဝါရီလ အတြင္း တစ္ႀကိမ္ ႏွင့္ ၂၀၁၆ ခုႏွစ္ မတ္လအတြင္းတစ္ႀကိမ္ ၾကက္ငွက္ေသဆံုးမႈ အမ်ားအျပား ရိွခဲ႔ျခင္းျဖစ္သည္။

သတင္း - ရန္ႏိုင္စိုး
~~~~~~~~⊰❂ unicode ~~~~~~~~

ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကြက်ငှက် မွေးမြူရေးဇုန်မှ လုပ်ငန်းရှင်များ တင်ပြသော ပမာဏအတိုင်း နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွဖြေင့် ထောက်ပံ့လိုက်သဖြင့် လုပ်ငန်းထူထောင်ရေး အဆင်ပြေသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

"အရင်တုန်းက ထောက်ပံ့ကြေးကို အစိုးရက သတ်မှတ်ပေးတာ။ အခုပေးတာက ခြံပိုင်ရှင်တွေ တင်ပြ တောင်းဆိုထားတဲ့ အတိုင်း အကောင်အရေအတွက်နဲ့ လိုအပ်တဲ့ ပမာဏအတိုင်း ထောက်ပံ့ပေးတာပါ။ ကျွန်တော်တို့ အနေနဲ့ လိုချင်တဲ့ ထောက်ပံ့ငွေအတိုင်းရတော့ လုပ်ငန်းပြန်လည်ထူထောင်ဖို့ အဆင်ပြေသွားတယ်" ဟု ကြက်ခြံပိုင်ရှင် ဦးကြံက ပြောသည်။

ယခင်က လုပ်ငန်းဆုံးရှုံး နစ်နာမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အစိုးရက သတ်မှတ်လေ့ ရှိသော်လည်း စက်တင်ဘာ (၃၀)ရက်က နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့မှုတွင် ယခင်နှင့် မတူတော့ဘဲ ပြောင်းလဲသွားကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

"ဆုံးရှုံးနစ်နာခဲ့တဲ့ ကြက်ခြံပိုင်ရှင်တွေကို စာနာထောက်ထားတဲ့အနေနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ သီးသန့် ရန်ပုံငွေထဲကနေ ပေးတာပါ။ ဒါကလည်း ဒီထောက်ပံ့ ငွေနဲ့ ခြံပိုင်ရှင်တွေကို လုပ်ငန်း ပြန်လည် ထူထောင်နိုင်ဖို့နဲ့ ဇီဝလုံခြုံရေးမြှင့်တင် နိုင်ဖို့ရာ ရည်ရွယ်ချက်နဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ် " ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ခြံပိုင်ရှင်များ အနဖြေင့် တင်ပြခဲ့သည့် သေဆုံးကြက်ကောင်ရေကို သက်တမ်းအလိုက် ဈေးနှုန်းသတ်မှတ်ကာ ထောက်ပံ့ခြင်းဖြစ်ပြီး စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ်သိန်းပေါင်း(၆,၆၂၉)ကျော်ရှိကြောင်း သိရသည်။

မုံရွာမြို့ ကြက်ငှက်မွေးမြူရေးဇုန်တွင် ၂၀၁၆ ခုနှစ် မတ်လ(၃၁)ရက်က ကြက်ငှက်အကောင်ရေ သာမန်ထက် သေဆုံးမှု များပြားနေသည့်အတွက် စစ်ဆေးရာတွင် H5၊ H9၊ N2 ဗိုင်းရပ်စ် အမျိုးအစားများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိရပြီးနောက် ဧပြီလ (၃ ) ရက်နေ့မှ မေလ (၁၉) ရက်အတွင်း ပိုင်ရှင် (၉၈) ဦးတို့၏ ခြံပေါင်း (၁၇၄) ခြံမှ ကြက်အကောင်ရေ (၈၈၆၂၂)အား သုတ်သင်ရှင်းလင်းခဲ့ရခြင်းဖြစ်သည်။

အဆိုပါ မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် ၂၀၁၂ ခုနှစ် မေလအတွင်း တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဖော်ဖော်ဝါရီလ အတွင်း တစ်ကြိမ် နှင့် ၂၀၁၆ ခုနှစ် မတ်လအတွင်းတစ်ကြိမ် ကြက်ငှက်သေဆုံးမှု အများအပြား ရှိခဲ့ခြင်းဖြစ်သည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~