ကား​ေမာင္း​စဥ္ ထိုင္ခံုခါး​ပတ္ မပတ္ပါက ႏိုဝင္ဘာလ (၁)ရက္​ေန႔မွစ၍ အ​ေရး​ယူမည္

ကား​ေမာင္း​စဥ္ ထိုင္ခံုခါး​ပတ္ မပတ္ပါက ႏိုဝင္ဘာလ (၁)ရက္​ေန႔မွစ၍ အ​ေရး​ယူမည္
အောက်တိုဘာ 31, 2016
By Tachileik News Agency

ကားထုိင္ခံု လံုျခံဳေရး ခါးပတ္မ်ား ေကာင္းမြန္စြာ အသံုးျပဳႏိုင္သည့္ ေမာ္ေတာ္ယာဥ္မ်ားကိုသာ ေမာ္ေတာ္ယာဥ္ လိုင္စင္ သက္တမ္းတိုးျခင္းအား ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

"ဒီညႊန္ၾကားခ်က္ကို တစ္ႏိုင္ငံလံုး ညႊန္ၾကားထားတာပါ။ အဓိကေတာ့ လံုၿခံဳေရးခါးပတ္ ေကာင္းေကာင္း အလုပ္ မလုပ္ေတာ့ရင္ လိုင္စင္သက္တမ္းတိုးတာကို ရပ္ထားၿပီး ျပန္လည္ျပဳျပင္ၿပီးမွ တျခားမွတ္ပံုတင္တဲ့ ကိစၥေတြကို လုပ္ေပးမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးေသာင္းညႊန္႔က Tachileik News Agency သို႔ ေျပာသည္။

ပညာေပးကာလကုန္ဆံုးၿပီ ျဖစ္သျဖင့္ ေမာ္ေတာ္ယာဥ္ေမာင္းသူမ်ား လံုျခံဳေရးခါးပတ္ တပ္ဆင္ျခင္းမရွိဘဲ ေမာင္းႏွင္ပါက ႏို၀င္ဘာ(၁)ရက္ေန႔မွ စတင္ကာ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္သည့္အျပင္ လိုင္စင္သက္တမ္းတိုးမည့္ ေမာ္ေတာ္ယာဥ္မ်ားအား အသက္ကယ္ထုိင္ခံု လံုျခံဳေရး ခါးပတ္ေကာင္းမြန္ျခင္း ရွိ/မရိွ စစ္ေဆးျခင္းအား ႏို၀င္ဘာ(၁)ရက္ေန႔တြင္ စတင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

"ယာဥ္ေမာင္းေတြက မေတာ္တဆ ယာဥ္တိုက္မႈျဖစ္ရင္ ေလအိတ္က မေသခ်ာဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ဆီေရာက္လာတဲ့ ယာဥ္ေတြက ဂ်ပန္ႏိုင္ငံအက်ေတြျဖစ္ေတာ့ ကားတုိင္းနီးပါး ေလအိတ္ေတြက မေကာင္းႏိုင္ဘူး။ ဒါေၾကာင့္ ခါးပတ္ပတ္ဖို႔ ေျပာေနတာပါ။ ဒီလိုပဲ သက္တမ္းတိုးမယ့္ ကားေတြမွာလည္း လံုျခံဳေရး ခါးပတ္ေကာင္းမြန္စြာ တပ္ဆင္ထားဖို႔(က.ည.န)က ထုတ္ျပန္ထားတယ္ၾကားတယ္"ဟု ယာဥ္ထိန္းရဲတစ္ဦးက ေျပာသည္။

အခ်ိဳ႕ယာဥ္ပိုင္ရွင္မ်ားက ထိုင္ခံုခါးပတ္မွ အခ်က္ေပးသံ မထြက္ရွိရန္ ဖ်က္ဆီးထားမႈမ်ားကို လုပ္ေဆာင္ထားေလ့ရိွေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း လိုင္စင္ရွိ ေမာ္ေတာ္ကား အေရအတြက္မွာ (၅,၄၅၃)စီးရွိၿပီး တစ္ရက္လွ်င္ ပ်မ္းမွ် ေမာ္ေတာ္ကား အစီးေရ(၂၀)ခန္႔ ပံုမွန္ သက္တမ္းတိုးမႈအား ျပဳလုပ္ေပးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~
ကားထိုင်ခုံ လုံခြုံရေး ခါးပတ်များ ကောင်းမွန်စွာ အသုံးပြုနိုင်သည့် မော်တော်ယာဉ်များကိုသာ မော်တော်ယာဉ် လိုင်စင် သက်တမ်းတိုးခြင်းအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

"ဒီညွှန်ကြားချက်ကို တစ်နိုင်ငံလုံး ညွှန်ကြားထားတာပါ။ အဓိကတော့ လုံခြုံရေးခါးပတ် ကောင်းကောင်း အလုပ် မလုပ်တော့ရင် လိုင်စင်သက်တမ်းတိုးတာကို ရပ်ထားပြီး ပြန်လည်ပြုပြင်ပြီးမှ တခြားမှတ်ပုံတင်တဲ့ ကိစ္စတွေကို လုပ်ပေးမှာပါ"ဟု တာချီလိတ်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က Tachileik News Agency သို့ ပြောသည်။

ပညာပေးကာလကုန်ဆုံးပြီ ဖြစ်သဖြင့် မော်တော်ယာဉ်မောင်းသူများ လုံခြုံရေးခါးပတ် တပ်ဆင်ခြင်းမရှိဘဲ မောင်းနှင်ပါက နိုဝင်ဘာ(၁)ရက်နေ့မှ စတင်ကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လိုင်စင်သက်တမ်းတိုးမည့် မော်တော်ယာဉ်များအား အသက်ကယ်ထိုင်ခုံ လုံခြုံရေး ခါးပတ်ကောင်းမွန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား နိုဝင်ဘာ(၁)ရက်နေ့တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

"ယာဉ်မောင်းတွေက မတော်တဆ ယာဉ်တိုက်မှုဖြစ်ရင် လေအိတ်က မသေချာဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆီရောက်လာတဲ့ ယာဉ်တွေက ဂျပန်နိုင်ငံအကျတွဖြေစ်တော့ ကားတိုင်းနီးပါး လေအိတ်တွေက မကောင်းနိုင်ဘူး။ ဒါကြောင့် ခါးပတ်ပတ်ဖို့ ပြောနေတာပါ။ ဒီလိုပဲ သက်တမ်းတိုးမယ့် ကားတွေမှာလည်း လုံခြုံရေး ခါးပတ်ကောင်းမွန်စွာ တပ်ဆင်ထားဖို့(က.ည.န)က ထုတ်ပြန်ထားတယ်ကြားတယ်"ဟု ယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။

အချို့ယာဉ်ပိုင်ရှင်များက ထိုင်ခုံခါးပတ်မှ အချက်ပေးသံ မထွက်ရှိရန် ဖျက်ဆီးထားမှုများကို လုပ်ဆောင်ထားလေ့ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း လိုင်စင်ရှိ မော်တော်ကား အရေအတွက်မှာ (၅,၄၅၃)စီးရှိပြီး တစ်ရက်လျှင် ပျမ်းမျှ မော်တော်ကား အစီးရေ(၂၀)ခန့် ပုံမှန် သက်တမ်းတိုးမှုအား ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~