ဒုတိယကမၻာစစ္တိုက္ပြဲဝင္ C 47 ေလယာဥ္ မႏၱေလးၿမိဳ႕မွ ေအာက္တိုဘာလ ၁၅ ရက္တြင္ ပ်ံသန္းထြက္ခြာမည္

ဒုတိယကမၻာစစ္တိုက္ပြဲဝင္ C 47 ေလယာဥ္ မႏၱေလးၿမိဳ႕မွ ေအာက္တိုဘာလ ၁၅ ရက္တြင္ ပ်ံသန္းထြက္ခြာမည္
အောက်တိုဘာ 14, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံသို႔ေရာက္ရိွေနသည့္ ဒုတိယကမၻာစစ္အတြင္း တိုက္ပြဲ၀င္ခဲ့သည့္ (၇၂) ႏွစ္သက္တမ္းရွိ C 47 ေလယာဥ္သည္ မႏၱေလးၿမိဳ႕ တံတားဦး အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ေအာက္တိုဘာလ (၁၅) ရက္တြင္ ထြက္ခြာပ်ံသန္းမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေလယာဥ္မွာ တရုတ္ႏိုင္ငံ(Guilin) ၿမိဳ႕ရွိ Flying Tiger Heritage Museum တြင္ ျပသ ထားရွိမည္ျဖစ္ၿပီး မႏၱေလးၿမိဳ႕ တံတားဦးေလဆိပ္သို႔ ေအာက္တိုဘာလ (၁၄) ရက္ ေန႔လည္ (၃) နာရီခန္႔က ေရာက္ရွိလာျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံသို႔ လာေရာက္ရသည့္ ရည္ရြယ္ခ်က္မွာ ျမန္မာ - အေမရိကန္ ႏွစ္ႏိုင္ငံ၏ ခ်စ္ၾကည္ရင္းႏွီးမႈကို ျပသရန္ျဖစ္ေၾကာင္း သိရသည္။

ဒုတိယကမၻာစစ္အတြင္းက က်ဆံုးေလသူရဲမ်ားအား ဂုဏ္ျပဳပ်ံသန္းေနသည့္ C47 ေလယာဥ္သည္ ၾသစေတးလ်ႏိုင္ငံမွ ၾသဂုတ္လလယ္တြင္ စတင္ပ်ံသန္းလာခဲ့ၿပီး အင္ဒိုနီးရွား၊ စကၤာပူႏွင့္ ထိုင္းႏိုင္ငံတို႔ကို ျဖတ္သန္းကာ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ၿပီး အခ်ိန္တစ္လခြဲၾကာျမင့္ၿပီေၾကာင္း သိရသည္။

ပ်ံသန္းစဥ္အတြင္း အင္ဒိုနီးရွားႏိုင္ငံ ပိုလာဘာလီကၽြန္းတြင္ စက္ခ်ဳိ႕ယြင္းသျဖင့္ ရက္အတန္ၾကာျပင္ ဆင္ေနခဲ့ရၿပီး ၾသစေတးလ်ႏိုင္ငံမွ ျမန္မာႏိုင္ငံအေရာက္ ေမာင္းႏွင္ခ်ိန္မွာ နာရီ (၄၀)ၾကာျမင့္ေၾကာင္း ေလယာဥ္မွဴးတစ္ဦးထံမွ သိရသည္။

အဆိုပါေလယာဥ္တြင္ အသက္ (၆၀) ေက်ာ္မွ (၇၀) ေက်ာ္အရြယ္ ၀ါရင့္ေလယာဥ္မွဴး (၅) ဦးလိုက္ပါလာေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္
ဓာတ္ပံု - ကိုမင္းမင္လတ္

~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သည့် (၇၂) နှစ်သက်တမ်းရှိ C 47 လေယာဉ်သည် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အောက်တိုဘာလ (၁၅) ရက်တွင် ထွက်ခွာပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်မှာ တရုတ်နိုင်ငံ(Guilin) မြို့ရှိ Flying Tiger Heritage Museum တွင် ပြသ ထားရှိမည်ဖြစ်ပြီး မန္တလေးမြို့ တံတားဦးလေဆိပ်သို့ အောက်တိုဘာလ (၁၄) ရက် နေ့လည် (၃) နာရီခန့်က ရောက်ရှိလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ မြန်မာ - အမေရိကန် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ပြသရန်ဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးလေသူရဲများအား ဂုဏ်ပြုပျံသန်းနေသည့် C47 လေယာဉ်သည် သြစတေးလျနိုင်ငံမှ သြဂုတ်လလယ်တွင် စတင်ပျံသန်းလာခဲ့ပြီး အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အချိန်တစ်လခွဲကြာမြင့်ပြီကြောင်း သိရသည်။

ပျံသန်းစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ပိုလာဘာလီကျွန်းတွင် စက်ချို့ယွင်းသဖြင့် ရက်အတန်ကြာပြင် ဆင်နေခဲ့ရပြီး သြစတေးလျနိုင်ငံမှ မြန်မာနိုင်ငံအရောက် မောင်းနှင်ချိန်မှာ နာရီ (၄၀)ကြာမြင့်ကြောင်း လေယာဉ်မှူးတစ်ဦးထံမှ သိရသည်။

အဆိုပါလေယာဉ်တွင် အသက် (၆၀) ကျော်မှ (၇၀) ကျော်အရွယ် ဝါရင့်လေယာဉ်မှူး (၅) ဦးလိုက်ပါလာကြောင်း သိရသည်။

သတင်း - ရွှေဇော်
ဓာတ်ပုံ - ကိုမင်းမင်လတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~