တာခ်ီလိတ္၌ (၂)ရက္တိုင္တိုင္ က်င္းပမည့္ သီတင္းကြ်တ္ပြဲေတာ္ အတြင္း ေစ်းသည္မ်ား စနစ္တက် ေနရာသတ္မွတ္၍ ေရာင္းခ်ႏိုင္ရန္ စာရင္းေပးသြင္းရန္ လိုအပ္

တာခ်ီလိတ္၌ (၂)ရက္တိုင္တိုင္ က်င္းပမည့္ သီတင္းကြ်တ္ပြဲေတာ္ အတြင္း ေစ်းသည္မ်ား စနစ္တက် ေနရာသတ္မွတ္၍ ေရာင္းခ်ႏိုင္ရန္ စာရင္းေပးသြင္းရန္ လိုအပ္
အောက်တိုဘာ 13, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ မွ ႀကီးမွဴးၿပီး ပထမအႀကိမ္အျဖစ္ သီတင္းကြ်တ္ ပြဲေတာ္ကို တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း အတြင္း၌  ျမန္မာ့ရိုးရာ ျခင္းလုံးအလွခတ္ပြဲ ႏွင့္ ျမန္မာ့ရိုးရာ အစားအစာ ေရာင္းခ်ျခင္းတို႔ျဖင့္ က်င္းပမည္ျဖစ္ရာ ေစ်းသည္မ်ား စနစ္တက် ေနရာသတ္မွတ္၍ ေရာင္းခ်ႏိုင္ရန္ အတြက္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ မွ အခမဲ့ စီစဥ္ေပးမွာ ျဖစ္ရာ ေအာက္တိုဘာလ (၁၄)ရက္ေန႔ ေနာက္ဆံုးထား၍ စာရင္းေပးသြင္းရန္ လိုေၾကာင္း သိရသည္။

"ပြဲေတာ္(၂)ရက္အတြင္းမွာ ေစ်းသည္ေတြအေနနဲ႔ စနစ္တက် ေရာင္းခ်ႏိုင္ေအာင္လို႔ ေနရာေတြကို ကြ်န္ေတာ္တို႔က စနစ္တက် သတ္မွတ္ေပးသြားမွာပါ၊ အဲ့ဒီအတြက္ ေငြေၾကးေကာက္ခံမႈလည္း မလုပ္ပါဘူး၊ ပြဲေတာ္မက်င္းပမီ ေအာက္တိုဘာလ(၁၄)ရက္ေန႔ ေနာက္ဆံုးထားၿပီး အမည္စာရင္း လာေပးဖို႔ေတာ့ လိုပါတယ္"ဟု ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔၏ နာယက တစ္ဦးျဖစ္သူ ဦးခင္ေမာင္ျမင့္က ေျပာသည္။

အဆိုပါ ပြဲေတာ္အတြင္း လာေရာက္ေရာင္းခ်မည့္ ေစ်းသည္မ်ားအား ဆိုင္ခန္းမ်ားကို စနစ္တက် သတ္မွတ္ေပးမွာ ျဖစ္သည့္အတြက္ ျမန္မာဖုန္း ၀၉၂၆၂၆၇၇၂၅၄, ၀၈၄၅၂၃၃၄ သို႔ျဖစ္ေစ၊ ေဒၚခင္သန္းမူ ( 0941006665 ) ႏွင့္ မာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔၀င္မ်ားထံတြင္လည္း စာရင္းေပးႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္ကို ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔မွ ေအာက္တိုဘာလ (၁၆)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ၿပီး ပြဲေတာ္အတြင္း မႏၱေလးၿမိဳ႕မွ ျခင္းပညာရွင္မ်ားျဖစ္သည့္ ကိုမင္းသူ ၊ စကၤာပူ Sea Game ျပန္ ကိုေနဇင္ျဖိဳး ၊ မႏၱေလးတိုင္း လက္ေရြးစင္ မသႏၱာေက်ာ္ တို႔ သုံးဦး လာေရာက္ ေဖ်ာ္ေျဖ တင္ဆက္ၾကျပီး။ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔၏ အဆိုအကျဖင့္ ေဖ်ာ္ေျဖမည့္ အျပင္ ဗမာယဥ္ေက်းမႈ ရိုးရာအစားအစာအဖြဲ႔မွ ျမန္မာ့ရိုးရာ အစားအစာမ်ားကို ေရာင္းခ်ၾကမည္ျဖစ္ရာ ရိုးရာအစား အစာမ်ားအား လက္မွတ္(၁)ေစာင္လွ်င္ ဘတ္(၃၀)ႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမွာ ျဖစ္ေၾကာင္း ႏွင့္  ရိုးရာအစားအစာမ်ားအတြက္ လက္မွတ္မ်ားအား ပြဲေတာ္အတြင္း ၀ယ္ယူႏိုင္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မှ ကြီးမှူးပြီး ပထမအကြိမ်အဖြစ် သီတင်းကျွတ် ပွဲတော်ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း အတွင်း၌ မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲ နှင့် မြန်မာ့ရိုးရာ အစားအစာ ရောင်းချခြင်းတို့ဖြင့် ကျင်းပမည်ဖြစ်ရာ ဈေးသည်များ စနစ်တကျ နေရာသတ်မှတ်၍ ရောင်းချနိုင်ရန် အတွက် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မှ အခမဲ့ စီစဉ်ပေးမှာ ဖြစ်ရာ အောက်တိုဘာလ (၁၄)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရန် လိုကြောင်း သိရသည်။

"ပွဲတော်(၂)ရက်အတွင်းမှာ ဈေးသည်တွေအနေနဲ့ စနစ်တကျ ရောင်းချနိုင်အောင်လို့ နေရာတွေကို ကျွန်တော်တို့က စနစ်တကျ သတ်မှတ်ပေးသွားမှာပါ၊ အဲ့ဒီအတွက် ငွေကြေးကောက်ခံမှုလည်း မလုပ်ပါဘူး၊ ပွဲတော်မကျင်းပမီ အောက်တိုဘာလ(၁၄)ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း လာပေးဖို့တော့ လိုပါတယ်"ဟု ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၏ နာယက တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။

အဆိုပါ ပွဲတော်အတွင်း လာရောက်ရောင်းချမည့် ဈေးသည်များအား ဆိုင်ခန်းများကို စနစ်တကျ သတ်မှတ်ပေးမှာ ဖြစ်သည့်အတွက် မြန်မာဖုန်း ဝ၉၂၆၂၆၇၇၂၅၄, ဝ၈၄၅၂၃၃၄ သို့ဖြစ်စေ၊ ဒေါ်ခင်သန်းမူ ( 0941006665 ) နှင့် မာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များထံတွင်လည်း စာရင်းပေးနိုင်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှ အောက်တိုဘာလ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲတော်အတွင်း မန္တလေးမြို့မှ ခြင်းပညာရှင်များဖြစ်သည့် ကိုမင်းသူ၊ စင်္ကာပူ Sea Game ပြန် ကိုနေဇင်ဖြိုး၊ မန္တလေးတိုင်း လက်ရွေးစင် မသန္တာကျော် တို့ သုံးဦး လာရောက် ဖျော်ဖြေ တင်ဆက်ကြပြီး။ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၏ အဆိုအကဖြင့် ဖျော်ဖြေမည့် အပြင် ဗမာယဉ်ကျေးမှု ရိုးရာအစားအစာအဖွဲ့မှ မြန်မာ့ရိုးရာ အစားအစာများကို ရောင်းချကြမည်ဖြစ်ရာ ရိုးရာအစား အစာများအား လက်မှတ်(၁)စောင်လျှင် ဘတ်(၃၀)နှုန်းဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း နှင့် ရိုးရာအစားအစာများအတွက် လက်မှတ်များအား ပွဲတော်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~