ၿမိတ္ၿမိဳ႕၌ နယ္ေျမလွည္႔ကင္းေဆာင္ရြက္ေနစဥ္ မသကၤာဖြယ္ ဘဂၤ ါလီ အမ်ိဳးသား (၂) ဦး စစ္ေဆးေတြ႔ရွိ

ၿမိတ္ၿမိဳ႕၌ နယ္ေျမလွည္႔ကင္းေဆာင္ရြက္ေနစဥ္ မသကၤာဖြယ္ ဘဂၤ ါလီ အမ်ိဳးသား (၂) ဦး စစ္ေဆးေတြ႔ရွိ
အောက်တိုဘာ 17, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ နယ္ေျမအလိုက္ ရဲကင္းမွဴးမ်ား လွည္႔ကင္းေဆာင္ရြက္စဥ္ ေအာက္တိုဘာလ (၁၅) ရက္ေန႔ မြန္းလြဲ (၂) နာရီခြဲခန္႔က ကလြင္ေက်းရြာအုပ္စု ရွမ္းေခ်ာင္းရပ္ကြက္၊ စန္းပြင္႔လမ္းတြင္ မသကၤာဖြယ္ဘဂၤါလီအမ်ိဳးသား (၂) ဦးကို စစ္ေဆးေတြ႔ရွိေၾကာင္း သိရသည္။

ကလြင္ေက်းရြာအုပ္စု ရွမ္းေခ်ာင္းရပ္ကြက္၊ စန္းပြင္႔လမ္းထိပ္တြင္ ဘဂၤါလီ အမ်ိဳးသား (၂) ဦး လမ္းေပ်ာက္ေနစဥ္ နယ္ေျမကင္းလွည့္လာသည့္ အမွတ္ (၁) နယ္ေျမ ရဲကင္းမွဴးနွင့္ တပ္ဖဲြ႔၀င္မ်ားက ေတြ႔ရိွသျဖင့္ ေခၚယူစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဘဂၤါလီ အမ်ိဳးသား (၂) ဦးသည္ ရခိုင္ျပည္နယ္ ေျမာက္ဦး ၿမိဳ႕နယ္မွ တစ္ဆင့္ ၿမိတ္ၿမိဳ႕သို႔ ကားျဖင့္ ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ေရာက္လာသည့္ အေၾကာင္းရင္းႏွင့္ လမ္းေၾကာင္းတို႔ကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ ၿမိဳ႕မရဲစခန္းမွဴးနင့္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႔တို႔က စံုစမ္းစစ္ေဆး ေနဆဲျဖစ္ေၾကာင္း တာဝန္က်ရဲအရာရိွထံမွ သိရသည္။

မသကၤာဖြယ္ေတြ႔ရိွရသည့္ ေျမာက္ဦးၿမိဳ႕နယ္ ဘုတစ္လံုးရြာေဟာင္းမွ အသက္ (၂၅)ႏွစ္အရြယ္ ႏူရူလာမိန္ႏွင့္ အသက္ (၁၈)ႏွစ္အရြယ္ ဟာေဇာ္ေရွာ္ရွိတ္တို႔အား ျမန္မာနိုင္ငံအတြင္း ေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒ ပုဒ္မ ၆ (၂) ကို ေဖာက္ဖ်က္ က်ဴးလြန္သျဖင့္ ယင္း ဥပေဒပုဒ္မ ၆ (၃) အရ အမွဳဖြင့္ အေရးယူႏိုင္ေရး စီစဥ္ေဆာင္ရြက္လွ်က္႐ွိေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)
ဓါတ္ပံု -  ၿမိတ္ခရိုင္ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နယ်မြေအလိုက် ရဲကင်းမှူးများ လှည့်ကင်းဆောင်ရွက်စဉ် အောက်တိုဘာလ (၁၅) ရက်နေ့ မွန်းလွဲ (၂) နာရီခွဲခန့်က ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ်ကွက်၊ စန်းပွင့်လမ်းတွင် မသင်္ကာဖွယ်ဘင်္ဂါလီအမျိုးသား (၂) ဦးကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ်ကွက်၊ စန်းပွင့်လမ်းထိပ်တွင် ဘင်္ဂါလီ အမျိုးသား (၂) ဦး လမ်းပျောက်နေစဉ် နယ်မြေကင်းလှည့်လာသည့် အမှတ် (၁) နယ်မြေ ရဲကင်းမှူးနှင့် တပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ အမျိုးသား (၂) ဦးသည် ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်မှ တစ်ဆင့် မြိတ်မြို့သို့ ကားဖြင့် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရောက်လာသည့် အကြောင်းရင်းနှင့် လမ်းကြောင်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့တို့က စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း တာဝန်ကျရဲအရာရှိထံမှ သိရသည်။

မသင်္ကာဖွယ်တွေ့ရှိရသည့် မြောက်ဦးမြို့နယ် ဘုတစ်လုံးရွာဟောင်းမှ အသက် (၂၅)နှစ်အရွယ် နူရူလာမိန်နှင့် အသက် (၁၈)နှစ်အရွယ် ဟာဇော်ရှော်ရှိတ်တို့အား မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) ကို ဖောက်ဖျက် ကျူးလွန်သဖြင့် ယင်း ဥပဒေပုဒ်မ ၆ (၃) အရ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်)
ဓာတ်ပုံ - မြိတ်ခရိုင်ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~