တရုတ္ဝယ္လက္ ရပ္သျဖင့္ ပဲခူးမွ စပါးစိုက္ေတာင္သူမ်ား အရံႈးေပၚ

တရုတ္ဝယ္လက္ ရပ္သျဖင့္ ပဲခူးမွ စပါးစိုက္ေတာင္သူမ်ား အရံႈးေပၚ
အောက်တိုဘာ 20, 2016
By Tachileik News Agency

ပဲခူးတိုင္းေဒသႀကီးတြင္ တရုတ္၀ယ္လက္ ရပ္တန္႔ေနသျဖင့္ စပါးေစ်းမွာ ထက္၀က္ေက်ာ္ က်ဆင္းလာသျဖင့္ ေတာင္သူမ်ား အရွံဳးေပၚေနေၾကာင္း သိရသည္။

"အခုစပါးေစ်းနဲ႔ဆို စိုက္ပ်ိဳးစရိတ္သြင္းၿပီးရင္ ဘာမွ မက်န္ေတာ့ဘူး။ အေၾကြးထပ္တင္ဦးမွာ။ မႏွစ္က ေစ်းႏွဳန္းက ထက္၀က္က်လာတာ။ အဓိကေတာ့ တရုတ္က မ၀ယ္ေသးလို႔ စပါးေစ်းက်တယ္ေျပာတယ္။ ေနာက္တစ္ခုက ဆန္ပဲတင္ပို႔ရေတာ့မယ္ဆိုလို႔ တရုတ္ကလာမ၀ယ္တာတဲ့"ဟု ပဲခူးတိုင္းေဒသႀကီးအတြင္းမွ ဒိုက္ဦးၿမိဳ႕နယ္မွ ေတာင္သူ ေဒၚခင္စန္းက ေျပာသည္။

စပါးေစ်းမွာ တင္းတစ္ရာလွ်င္ စက္တင္ဘာလအတြင္း က်ပ္(၂၈၀,၀၀၀)အထိ ေစ်းေပါက္ခဲ့ေသာ္လည္း ေအာက္တိုဘာလအတြင္း က်ပ္(၂၃၀,၀၀၀)သို႔ က်ဆင္းသြားေၾကာင္း သိရသည္။

"စပါးအထြက္ႏွဳန္းက တစ္ဧကကို တင္း(၇၀)ေလာက္ ထြက္တယ္။ (၁၀)ဧကဆို တင္း(၇၀၀)ေပါ့။ စိုက္ပ်ိဳးစရိတ္က စပါးတင္း(၃၀၀)ဖိုးေလာက္ရွိေတာ့ စိုက္ဘဏ္ကို အေၾကြးနဲ႔ ေငြသြင္းရမွာ စပါးေစ်းကို တစ္ႏွစ္နဲ႔ တစ္ႏွစ္ မတူတာေတြကို တည္ၿငိမ္ေအာင္ လုပ္ေပးေစခ်င္တယ္"ဟု ဒိုက္ဦးၿမိဳ႕နယ္ ရွမ္းစုေက်းရြာအုပ္စုမွ စိုက္ေတာင္သူ ဦးျမင့္သိန္းက ေျပာသည္။

ျပည္တြင္း စပါးေစ်းကြက္မွာ တရုတ္ႏိုင္ငံမွ ၀ယ္လက္မ်ားေပၚတြင္မူတည္ၿပီး ေစ်းႏွဳန္းအတက္အက် တည္ၿငိမ္မႈမရွိသျဖင့္ စပါးစိုက္ေတာင္သူမ်ားမွာ အခက္အခဲမ်ားစြာျဖစ္ရေၾကာင္း သိရသည္။

ျပည္တြင္းမွ ထြက္ရွိေသာ စပါးအား တရုတ္ႏိုင္ငံသို႔ မူဆယ္(၁၀၅)မိုင္မွတဆင့္ တင္ပို႔ျခင္းျဖစ္ၿပီး တရုတ္ႏိုင္ငံတြင္ ျမန္မာႏိုင္ငံမွ စပါးႏွင့္ ဆန္မ်ားအား တရား၀င္တင္သြင္းခြင့္မရိွသျဖင့္ တရုတ္ႏိုင္ငံတြင္ အဖမ္းအဆီးမ်ားလွ်င္ အဝယ္ရပ္သျဖင့္ ေစ်းႏွဳန္းက်ဆင္းျခင္းျဖစ္ေၾကာင္း ဆန္ကုန္သည္မ်ားအသိုင္းအ၀ိုင္းမွ သိရသည္။

ေဒသတြင္းစပါးေပါက္ေစ်းမွာ ၂၀၁၅ ခုႏွစ္တြင္ တင္း(၁၀၀)လွ်င္ က်ပ္(၅)သိန္းႏွင့္အထက္ရွိၿပီး ၂၀၁၄ ခုႏွစ္တြင္ က်ပ္(၃)သိန္းခြဲေပါက္ေစ်းရွိခဲ့ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~
ပဲခူးတိုင်းဒေသကြီးတွင် တရုတ်ဝယ်လက် ရပ်တန့်နေသဖြင့် စပါးဈေးမှာ ထက်ဝက်ကျော် ကျဆင်းလာသဖြင့် တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

"အခုစပါးဈေးနဲ့ဆို စိုက်ပျိုးစရိတ်သွင်းပြီးရင် ဘာမှ မကျန်တော့ဘူး။ အကြွေးထပ်တင်ဦးမှာ။ မနှစ်က ဈေးနှုန်းက ထက်ဝက်ကျလာတာ။ အဓိကတော့ တရုတ်က မဝယ်သေးလို့ စပါးဈေးကျတယ်ပြောတယ်။ နောက်တစ်ခုက ဆန်ပဲတင်ပို့ရတော့မယ်ဆိုလို့ တရုတ်ကလာမဝယ်တာတဲ့"ဟု ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဒိုက်ဦးမြို့နယ်မှ တောင်သူ ဒေါ်ခင်စန်းက ပြောသည်။

စပါးဈေးမှာ တင်းတစ်ရာလျှင် စက်တင်ဘာလအတွင်း ကျပ်(၂၈၀,ဝဝဝ)အထိ ဈေးပေါက်ခဲ့သော်လည်း အောက်တိုဘာလအတွင်း ကျပ်(၂၃၀,ဝဝဝ)သို့ ကျဆင်းသွားကြောင်း သိရသည်။

"စပါးအထွက်နှုန်းက တစ်ဧကကို တင်း(၇၀)လောက် ထွက်တယ်။ (၁၀)ဧကဆို တင်း(၇၀၀)ပေါ့။ စိုက်ပျိုးစရိတ်က စပါးတင်း(၃၀၀)ဖိုးလောက်ရှိတော့ စိုက်ဘဏ်ကို အကြွေးနဲ့ ငွေသွင်းရမှာ စပါးဈေးကို တစ်နှစ်နဲ့ တစ်နှစ် မတူတာတွေကို တည်ငြိမ်အောင် လုပ်ပေးစေချင်တယ်"ဟု ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာအုပ်စုမှ စိုက်တောင်သူ ဦးမြင့်သိန်းက ပြောသည်။

ပြည်တွင်း စပါးဈေးကွက်မှာ တရုတ်နိုင်ငံမှ ဝယ်လက်များပေါ်တွင်မူတည်ပြီး ဈေးနှုန်းအတက်အကျ တည်ငြိမ်မှုမရှိသဖြင့် စပါးစိုက်တောင်သူများမှာ အခက်အခဲများစွာဖြစ်ရကြောင်း သိရသည်။

ပြည်တွင်းမှ ထွက်ရှိသော စပါးအား တရုတ်နိုင်ငံသို့ မူဆယ်(၁၀၅)မိုင်မှတဆင့် တင်ပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံမှ စပါးနှင့် ဆန်များအား တရားဝင်တင်သွင်းခွင့်မရှိသဖြင့် တရုတ်နိုင်ငံတွင် အဖမ်းအဆီးများလျှင် အဝယ်ရပ်သဖြင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များအသိုင်းအဝိုင်းမှ သိရသည်။

ဒေသတွင်းစပါးပေါက်ဈေးမှာ ၂၀၁၅ ခုနှစ်တွင် တင်း(၁၀၀)လျှင် ကျပ်(၅)သိန်းနှင့်အထက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ကျပ်(၃)သိန်းခွဲပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~