တာခ်ီလိတ္ၿမိဳ႕နယ္တြင္း လုပ္ငန္းရွင္မ်ားအား ယခုဘ႑ာႏွစ္အတြက္ အခြန္ေငြစတင္ စည္းၾကပ္ေန

တာခ်ီလိတ္ၿမိဳ႕နယ္တြင္း လုပ္ငန္းရွင္မ်ားအား ယခုဘ႑ာႏွစ္အတြက္ အခြန္ေငြစတင္ စည္းၾကပ္ေန
အောက်တိုဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ေဒသတြင္းမွ စီးပြားေရး လုပ္ငန္းရွင္မ်ားထံ ၂၀၁၆-၂၁၀၇ ဘ႑ာႏွစ္အတြက္ အခြန္ေတာင္းခံလႊာမ်ားအား ေအာက္တိုဘာလ တတိယပတ္မွ စတင္ကာေပးပို႔သြားမည္ ျဖစ္ေၾကာင္း သိရသည္။

"ၿမိဳ႕နယ္အတြင္းက စီးပြားေရးလုပ္ငန္းရွင္ေတြကို အခြန္စတင္ေကာက္ေနပါၿပီ။ လုပ္ငန္းရွင္ေတြကို ေခၚယူၾကားနာတယ္။ ၿပီးရင္ အခြန္ေျပစာေတြ၊ ခ်လန္ေတြကို အခြန္ေတာင္းခံလႊာနဲ ့ ပို ့တာေတြကို ဒီလ တတိယပတ္ကေနစၿပီးေတာ့ လုပ္ေဆာင္သြားမွာပါ။ အခြန္ေတာင္းခံလႊာရရိွၿပီဆိုရင္ သူတို ့အေနနဲ ့ ျမန္မာ့စီးပြားေရးဘဏ္မွာ သြားသြင္းရုံပါပဲ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလႈိင္က ေျပာသည္။

ယခုဘ႑ာႏွစ္အတြက္ အခြန္အမ်ိဳးအစား(၅)မ်ိဳးမွ ေကာက္ခံမည္ျဖစ္ရာ ကုန္သြယ္လုပ္ငန္းခြန္မွ က်ပ္သန္း(၆,၅၀၀)၊ ၀င္ေငြခြန္မွ က်ပ္သန္း (၄,၉၀၄ )၊ တံဆိပ္ေခါင္းခြန္မွ က်ပ္သန္း (၂၀၀)၊ ေအာင္ဘာေလသိန္း ဆုခြန္မွ က်ပ္ (၁၆) သန္းတို႔ အသီးသီးလ်ာထားၿပီးျဖစ္ေသာ္လည္း အထူးကုန္စည္ခြန္မွ လ်ာထားခ်က္ကို မတြက္ခ်က္ရေသးေၾကာင္း သိရသည္။

အထူးကုန္စည္ခြန္ ဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္မွ ၂၀၁၆ ဇန္န၀ါရီလ (၁၈)ရက္ေန႔တြင္ ဥပေဒသစ္ ျပ႒ာန္းခဲ့ျခင္းျဖစ္သည့္ အတြက္ အခြန္ႏႈန္းထား လ်ာထားတြက္ခ်က္ေနဆဲျဖစ္ေၾကာင္း သိရသည္။

"အရင္ႏွစ္က လ်ာထားခ်က္ထက္ ေကာက္ခံရရိွတာက နည္းနည္း ေလ်ာ့နည္းတယ္။ (၉၈)ရာခိုင္ႏႈန္းေလာက္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ရာႏႈန္းျပည့္လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္မွန္း ထားပါတယ္။ အဲဒါေၾကာင့္ မျဖစ္ျဖစ္ေအာင္ သတၱဳလုပ္ငန္းရွင္ေတြ ၊ စားေသာက္ကုန္ လုပ္ငန္းရွင္ေတြနဲ႔ေတြ႕တာတို႔၊ ေက်ာင္းေတြမွာ အခြန္ပညာေပးေဟာေျပာပြဲေတြလုပ္တာတို႔ ေဆာင္ရြက္ေနပါတယ္။"ဟု လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလႈိင္က ေျပာသည္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္က တာခ်ီလိတ္ၿမိဳ႕နယ္အခြန္ဦးစီးဌာနအေနျဖင့္ လ်ာထားခ်က္၏ (၉၈) ရာခိုင္ႏႈန္းကိုသာ ေကာက္ခံရရိွခဲ့ေသာ္လည္း ယခုဘ႑ာႏွစ္တြင္ ရာႏႈန္းျပည့္ ေကာက္ခံရရိွေရး လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"စက္တင္ဘာလအထိက ကၽြန္မတို႔ဆီကို လစဥ္ခြန္တို ့ဂိတ္ေတြကရတဲ့ (၂)ရာခိုင္ႏႈန္းတို ့ (၅)ရာခိုင္ႏႈန္းတုို ့ အဲဒီေလာက္ပဲ၀င္ေသးတယ္။ ဒါေၾကာင့္ ကၽြန္မတို ့က အခြန္ရရိွမႈက (၂၇)ရာခိုင္ႏႈန္းပဲ ရိွေသးတယ္။ တာခ်ီလိတ္မွာရိွတဲ့ လုပ္ငန္းရွင္ႀကီးေတြကိုက်ေတာ့ ေအာက္တိုဘာလမွ အခြန္စည္းၾကပ္မွာ ျဖစ္တဲ့အတြက္ ဒီလအတြင္းမွာ အခြန္ရရိွမႈ ရာခိုင္ႏႈန္းေတြ တက္လာမွာပါ။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ ဦးစီးအရာရိွ ေဒၚေက်ာ့မြန္၀င္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ၂၀၁၅ -၂၀၁၆ ဘ႑ာေရးႏွစ္ လ်ာထားခ်က္ က်ပ္သန္း(၁၀၂၁၀.၇၀၀)တြင္ က်ပ္သန္း(၉၈၀၆.၀၉၈)ကို ေကာက္ခံရရိွခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆-၂၁၀၇ ဘ႑ာႏွစ္အတြက္ လ်ာထားခ်က္ က်ပ္သန္း(၁၁၆၂၁ )ရိွသည့္အနက္ စက္တင္ဘာလအထိ က်ပ္သန္း(၃၁၁၂ ) ေကာက္ခံရရိွထားၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒေသတွင်းမှ စီးပွားရေး လုပ်ငန်းရှင်များထံ ၂၀၁၆-၂၁၀၇ ဘဏ္ဍာနှစ်အတွက် အခွန်တောင်းခံလွှာများအား အောက်တိုဘာလ တတိယပတ်မှ စတင်ကာပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

"မြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်စတင်ကောက်နေပါပြီ။ လုပ်ငန်းရှင်တွေကို ခေါ်ယူကြားနာတယ်။ ပြီးရင် အခွန်ပြေစာတွေ၊ ချလန်တွေကို အခွန်တောင်းခံလွှာနဲ့ ပို့တာတွေကို ဒီလ တတိယပတ်ကနေစပြီးတော့ လုပ်ဆောင်သွားမှာပါ။ အခွန်တောင်းခံလွှာရရှိပြီဆိုရင် သူတို့အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ သွားသွင်းရုံပါပဲ"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် အခွန်အမျိုးအစား(၅)မျိုးမှ ကောက်ခံမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်း(၆,၅၀၀)၊ ဝင်ငွေခွန်မှ ကျပ်သန်း (၄,၉၀၄ )၊ တံဆိပ်ခေါင်းခွန်မှ ကျပ်သန်း (၂၀၀)၊ အောင်ဘာလေသိန်း ဆုခွန်မှ ကျပ် (၁၆) သန်းတို့ အသီးသီးလျာထားပြီးဖြစ်သော်လည်း အထူးကုန်စည်ခွန်မှ လျာထားချက်ကို မတွက်ချက်ရသေးကြောင်း သိရသည်။

အထူးကုန်စည်ခွန် ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၆ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ဥပဒေသစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည့် အတွက် အခွန်နှုန်းထား လျာထားတွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။

"အရင်နှစ်က လျာထားချက်ထက် ကောက်ခံရရှိတာက နည်းနည်း လျော့နည်းတယ်။ (၉၈)ရာခိုင်နှုန်းလောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရာနှုန်းပြည့်လုပ်ဆောင်နိုင်ဖို့ မျှော်မှန်း ထားပါတယ်။ အဲဒါကြောင့် မဖြစ်ဖြစ်အောင် သတ္တုလုပ်ငန်းရှင်တွေ၊ စားသောက်ကုန် လုပ်ငန်းရှင်တွေနဲ့တွေ့တာတို့၊ ကျောင်းတွေမှာ အခွန်ပညာပေးဟောပြောပွဲတွေလုပ်တာတို့ ဆောင်ရွက်နေပါတယ်။"ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနအနဖြေင့် လျာထားချက်၏ (၉၈) ရာခိုင်နှုန်းကိုသာ ကောက်ခံရရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် ကောက်ခံရရှိရေး လုပ်ဆောင်နေကြောင်း သိရသည်။

"စက်တင်ဘာလအထိက ကျွန်မတို့ဆီကို လစဉ်ခွန်တို့ဂိတ်တွေကရတဲ့ (၂)ရာခိုင်နှုန်းတို့ (၅)ရာခိုင်နှုန်းတို့ အဲဒီလောက်ပဲဝင်သေးတယ်။ ဒါကြောင့် ကျွန်မတို့က အခွန်ရရှိမှုက (၂၇)ရာခိုင်နှုန်းပဲ ရှိသေးတယ်။ တာချီလိတ်မှာရှိတဲ့ လုပ်ငန်းရှင်ကြီးတွေကိုကျတော့ အောက်တိုဘာလမှ အခွန်စည်းကြပ်မှာ ဖြစ်တဲ့အတွက် ဒီလအတွင်းမှာ အခွန်ရရှိမှု ရာခိုင်နှုန်းတွေ တက်လာမှာပါ။"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျော့မွန်ဝင်းက ပြောသည်။

တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် လျာထားချက် ကျပ်သန်း(၁၀၂၁၀.၇၀၀)တွင် ကျပ်သန်း(၉၈၀၆.ဝ၉၈)ကို ကောက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၆-၂၁၀၇ ဘဏ္ဍာနှစ်အတွက် လျာထားချက် ကျပ်သန်း(၁၁၆၂၁ )ရှိသည့်အနက် စက်တင်ဘာလအထိ ကျပ်သန်း(၃၁၁၂ ) ကောက်ခံရရှိထားပြီဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~