တာခ်ီလိတ္ေလယာဥ္ကြင္းတိုးခ်ဲ႕စီမံကိန္းစြန္႔လႊတ္ေျမတြင္ တစ္ဧကမျပည့္သည့္ မူလပိုင္ရွင္မ်ား ေျမကြက္ျပန္မရ

တာခ်ီလိတ္ေလယာဥ္ကြင္းတိုးခ်ဲ႕စီမံကိန္းစြန္႔လႊတ္ေျမတြင္ တစ္ဧကမျပည့္သည့္ မူလပိုင္ရွင္မ်ား ေျမကြက္ျပန္မရ
အောက်တိုဘာ 21, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ေလယာဥ္ကြင္းတိုးခ်ဲ႕ရန္ သိမ္းဆည္းေျမမ်ားအနက္ ပိုလွ်ံေျမမ်ားအား ယခုအစိုးရလက္ထက္တြင္ တပ္မေတာ္က ျပန္လည္စြန္႔လႊတ္လိုိက္ေသာ္လည္း မူလပိုင္ရွင္အားလံုး ျပန္လည္ မရရိွေၾကာင္း သိရသည္။

"သူတို႔ ေျမကြက္ေတြျပန္ေပးေတာ့ သိမ္းဆည္းတုန္းက ေျမတစ္ဧကကို ေျမကြက္(၁)ကြက္ႏွဳန္းသေဘာမ်ိဳးနဲ႔ အခ်ိဳးခ်ၿပီးေပးတာ။ ဒါေၾကာင့္ တစ္ခ်ိဳ႕ တစ္ဧကမျပည့္တဲ့သူက်ေတာ့ ေျမကြက္လံုး၀ ျပန္ရျခင္းမရွိတဲ့ သူေတြပါတယ္။ "ဟု တာခ်ီလိတ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုးစံခတ္က ေျပာသည္။

ပိုလွ်ံေျမမ်ားအား ေျမကြက္ (၁၀၀)ေက်ာ္ရိုက္၍ မူလပိုင္ရွင္မ်ားအား ေျမတစ္ဧကလွ်င္ ေျမကြက္တစ္ကြက္ ႏႈန္းျဖင့္ ျပန္လည္ေပးအပ္ျခင္းျဖစ္ရာ ေျမတစ္ဧကမျပည့္သူမ်ားအေနျဖင့္ ေျမကြက္ျပန္လည္ မရေတာ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္မတို႔နားက သိမ္းသြားတဲ့ အဲဒီေျမကြက္ေတြမွာ ပိုင္ဆိုင္ပါတယ္ဆိုတဲ့သူေတြကလည္း လာေရာက္ ေနထိုင္တာလည္း မရွိဘူး။ လုပ္ကိုင္စားေသာက္တာလည္း မရွိဘူး။ အုတ္တံတိုင္းခတ္တာေတာင္မရွိဘူး။ သိမ္းဆည္းတုန္းကလည္း ေလ်ာ္ေၾကးေငြေပးခဲ့တာမရွိ။ ဒါေၾကာင့္ျပန္လိုခ်င္တာ"ဟု ေျမယာ သိမ္းဆည္းခံရသူ ေဒၚနန္းႏုက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္ေက်းရြာအုပ္စုအတြင္းရွိ ေဒသခံ(၆၆)ဦးထံမွ ဥယ်ာဥ္ၿခံေျမႏွင့္ လယ္ေျမမ်ားအား ၁၉၉၆ ခုႏွစ္၀န္းက်င္က တပ္မေတာ္မွ ေလယာဥ္ကြင္း ေျပးလမ္းတိုးခ်ဲ႕ရန္အတြက္ သိမ္းယူခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ဧၿပီလတြင္ စီမံကိန္းပိုလွ်ံေျမမ်ားအား တပ္မေတာ္မွ ျပန္လည္စြန္႔လႊတ္လိုက္ျခင္းျဖစ္သည္။

သတင္း - ကိုဇက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်လေယာဉ်ကွင်းတိုးချဲ့ရန် သိမ်းဆည်းမြေများအနက် ပိုလျှံမြေများအား ယခုအစိုးရလက်ထက်တွင် တပ်မတော်က ပြန်လည်စွန့်လွှတ်လိုက်သော်လည်း မူလပိုင်ရှင်အားလုံး ပြန်လည် မရရှိကြောင်း သိရသည်။

"သူတို့ မြေကွက်တွပြေန်ပေးတော့ သိမ်းဆည်းတုန်းက မြေတစ်ဧကကို မြေကွက်(၁)ကွက်နှုန်းသဘောမျိုးနဲ့ အချိုးချပြီးပေးတာ။ ဒါကြောင့် တစ်ချို့ တစ်ဧကမပြည့်တဲ့သူကျတော့ မြေကွက်လုံးဝ ပြန်ရခြင်းမရှိတဲ့ သူတွေပါတယ်။ "ဟု တာချီလိတ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးစံခတ်က ပြောသည်။

ပိုလျှံမြေများအား မြေကွက် (၁၀၀)ကျော်ရိုက်၍ မူလပိုင်ရှင်များအား မြေတစ်ဧကလျှင် မြေကွက်တစ်ကွက် နှုန်းဖြင့် ပြန်လည်ပေးအပ်ခြင်းဖြစ်ရာ မြေတစ်ဧကမပြည့်သူများအနဖြေင့် မြေကွက်ပြန်လည် မရတော့ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့နားက သိမ်းသွားတဲ့ အဲဒီမြေကွက်တွေမှာ ပိုင်ဆိုင်ပါတယ်ဆိုတဲ့သူတွေကလည်း လာရောက် နေထိုင်တာလည်း မရှိဘူး။ လုပ်ကိုင်စားသောက်တာလည်း မရှိဘူး။ အုတ်တံတိုင်းခတ်တာတောင်မရှိဘူး။ သိမ်းဆည်းတုန်းကလည်း လျော်ကြေးငွေပေးခဲ့တာမရှိ။ ဒါကြောင့်ပြန်လိုချင်တာ"ဟု မြေယာ သိမ်းဆည်းခံရသူ ဒေါ်နန်းနုက ပြောသည်။

တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ(၆၆)ဦးထံမှ ဥယျာဉ်ခြံမြေနှင့် လယ်မြေများအား ၁၉၉၆ ခုနှစ်ဝန်းကျင်က တပ်မတော်မှ လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ရန်အတွက် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် စီမံကိန်းပိုလျှံမြေများအား တပ်မတော်မှ ပြန်လည်စွန့်လွှတ်လိုက်ခြင်းဖြစ်သည်။

သတင်း - ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~