၀မ္းတြင္း၌ ေနာက္ေက်ာမွ ယာဥ္ဝင္တိုက္မႈေၾကာင့္ လူနွစ္ဦးေသဆုံး ႏြားတစ္ေကာင္ေပါင္က်ိဳး

၀မ္းတြင္း၌ ေနာက္ေက်ာမွ ယာဥ္ဝင္တိုက္မႈေၾကာင့္ လူနွစ္ဦးေသဆုံး ႏြားတစ္ေကာင္ေပါင္က်ိဳး
အောက်တိုဘာ 2, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ေရႊေတာင္ေက်းရြာရိွ ရန္ကုန္ - မႏၱေလး လမ္းေဟာင္းတြင္ ယာခင္းမွ ႏြားဆြဲျပန္လာသူ အမ်ဳိးသားႏွစ္ဦးအား ေနာက္ေက်ာမွ ကားျဖင့္ မေတာ္တဆ ဝင္တိုက္မိသျဖင့္ လူႏွစ္ဦးလံုး ေသဆံုးၿပီး ႏြားတစ္ေကာင္ ေပါင္က်ိဳးသြားေၾကာင္း သိရသည္။

“ႏြားကေတာ့ ေပါင္က်ိဳးသြားတယ္။ လူနွစ္ဦးကေတာ့ ေနရာမွာ ပြဲခ်င္းၿပီး ေသဆုံးခ့ဲတယ္။ လူနွစ္ဦးကလည္း ေတာင္ဘက္ မ်က္နွာမူၿပီး ငရုတ္ခင္းက ျပန္လာတာ။ ကင္တာကားနဲ႔ လားရာဘက္ အတူတူပါပဲ။ အရွိန္ျပင္းလြန္းေတာ့ ေနရာမွာပဲ ႏွစ္ဦးလုံးေသသြားတယ္”ဟု ေရႊေတာင္ေက်းရြာေန ဦးၾကည္ျမင့္က ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈမွာ စက္တင္ဘာလ (၃၀) ရက္ ေန႔လယ္ (၁၂) နာရီက ျဖစ္ပြားခဲ့ၿပီး၊ ေရႊေတာင္ေက်းရြာမွ အသက္ (၃၅)ႏွစ္အရြယ္ ကုိဆန္းဝင္းႏွင့္ အသက္ (၄၇)ႏွစ္အရြယ္ ကိုေမာင္လြင္ (ခ)ရွင္ႀကီးတို႔ ေသဆံုးသြားေၾကာင္း သိရသည္။

"ကားေမာင္းလာတဲ့ အရွိန္က သိပ္ျမန္လြန္းေတာ့ ျဖစ္လုိက္တာ မ်က္စိတမွိတ္ပဲဗ်ာ၊ လူနွစ္ေယာက္လုံး ေသသြားတယ္၊ ျမင္မေကာင္းဖူး"ဟု ေဒသခံ ကိုအုန္းႀကိဳင္က ေျပာသည္။

ယာဥ္တုိက္မႈႏွင့္ ပတ္သက္၍ အသက္ (၄၁)ႏွစ္အရြယ္ ယာဥ္ေမာင္း ကုိေအာင္မင္းအား ေရႊေတာင္နယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၁၃/၂၀၁၆ ယာဥ္မဆင္မျခင္ ေမာင္းႏွင္၍ လူေသေစမႈ ပုဒ္မ ၃၀၄ (က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုလင္း(TNA)

~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာရှိ ရန်ကုန် - မန္တလေး လမ်းဟောင်းတွင် ယာခင်းမှ နွားဆွဲပြန်လာသူ အမျိုးသားနှစ်ဦးအား နောက်ကျောမှ ကားဖြင့် မတော်တဆ ဝင်တိုက်မိသဖြင့် လူနှစ်ဦးလုံး သေဆုံးပြီး နွားတစ်ကောင် ပေါင်ကျိုးသွားကြောင်း သိရသည်။

“နွားကတော့ ပေါင်ကျိုးသွားတယ်။ လူနှစ်ဦးကတော့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ လူနှစ်ဦးကလည်း တောင်ဘက် မျက်နှာမူပြီး ငရုတ်ခင်းက ပြန်လာတာ။ ကင်တာကားနဲ့ လားရာဘက် အတူတူပါပဲ။ အရှိန်ပြင်းလွန်းတော့ နေရာမှာပဲ နှစ်ဦးလုံးသေသွားတယ်”ဟု ရွှေတောင်ကျေးရွာနေ ဦးကြည်မြင့်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ စက်တင်ဘာလ (၃၀) ရက် နေ့လယ် (၁၂) နာရီက ဖြစ်ပွားခဲ့ပြီး၊ ရွှေတောင်ကျေးရွာမှ အသက် (၃၅)နှစ်အရွယ် ကိုဆန်းဝင်းနှင့် အသက် (၄၇)နှစ်အရွယ် ကိုမောင်လွင် (ခ)ရှင်ကြီးတို့ သေဆုံးသွားကြောင်း သိရသည်။

"ကားမောင်းလာတဲ့ အရှိန်က သိပ်မြန်လွန်းတော့ ဖြစ်လိုက်တာ မျက်စိတမှိတ်ပဲဗျာ၊ လူနှစ်ယောက်လုံး သေသွားတယ်၊ မြင်မကောင်းဖူး"ဟု ဒေသခံ ကိုအုန်းကြိုင်က ပြောသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အသက် (၄၁)နှစ်အရွယ် ယာဉ်မောင်း ကိုအောင်မင်းအား ရွှေတောင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁၃/၂၀၁၆ ယာဉ်မဆင်မခြင် မောင်းနှင်၍ လူသေစေမှု ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း(TNA) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~