တာချီလိတ်မြို့ ရှင်းမန်ရွှေဆိုင်မှ ကျပ်သိန်းပေါင်း ၈၀၀ ကျော်တန်ဖိုးရှိ ရတနာများ ဖေါက်ထွင်းခံရ

တာချီလိတ်မြို့ ရှင်းမန်ရွှေဆိုင်မှ ကျပ်သိန်းပေါင်း ၈၀၀ ကျော်တန်ဖိုးရှိ ရတနာများ ဖေါက်ထွင်းခံရ
အောကျတိုဘာ 13, 2016
By Tachileik News Agency



ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူသည် မိသားစုဝင်များနှင့်အတူ အောက်တိုဘာလ (၁၁)ရက်နေ့ က စန်းလုရွာ ကောက်သစ်စားပွဲသို့  သွားရောက်နေစဉ် အောက်တိုဘာလ (၁၂)ရက်နေ့  နံနက်(၉)နာရီအချိန်ခန့်က အိမ်တွင်ကျန်ရစ်ခဲ့သည့် တူမဖြစ်သူက အိမ်အောက်ထပ်ရှိ ရွှေဆိုင်ရှိုးကေ့စ်အတွင်း ထည့်ထားသည့် ရွှေထည်များ ပျောက်ဆုံးနေကြောင်း ဖုန်းဆက် အကြောင်းကြားလာသဖြင့် နေအိမ်သို့  ပြန်လာပြီး စစ်ဆေးခဲ့ရာ ကျောက်စိမ်း၊ စိန်၊ ကျောက်နီ တို့ ပါဝင်သည့် ရွှေလက်စွပ် (၇)ကွင်း၊ ကျောက်နီ၊ ကျောက်စိမ်းနှင့် စိန်တို့ ပါဝင်သည့် ဆွဲသီး (၂)ခု၊ စိန်လက်ကောက် (၁)ကွင်း၊ ပလက်တီနမ်ဆွဲကြိုး (၅)ကုံးနှင့် ကျောက်စိမ်း (၁)လုံးတို့  ဖေါက်ထွင်းခံခဲ့ရသည်ဟု ရဲစခန်းတွင် တိုင်တန်းချက်အရ သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ထိုင်း - မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)အနီး မယ်ခေါင်ရပ်ကွက်ရှိ ရှင်းမန်ရွှေဆိုင်မှ ကျပ်သိန်းပေါင်း(၈၀၀)ကျော်တန်ဖိုးရှိသည့် ရွှေထည်၊ စိန်ထည် ရတနာပစ္စည်းများ အောက်တိုဘာလ (၁၂)ရက်နေ့က ဖောက်ထွင်းခံလိုက်ရသဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

"ဖောက်ထွင်းမှုက မနေ့ညက ဖြစ်သွားတာ။ ပစ္စည်းတွေပါသွားတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ချစ်ကြည်ရေးတံတားအမှတ်(၂)နားက ရှင်းမန်ရွှေဆိုင်မှာ ဖြစ်သွားတာပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက  Tachileik News Agency သို့ ပြောသည်။

ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူသည် မိသားစုဝင်များနှင့်အတူ အောက်တိုဘာလ (၁၁)ရက်နေ့က စန်းလုရွာ ကောက်သစ်စားပွဲသို့ သွားရောက်နေစဉ် အောက်တိုဘာလ (၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က အိမ်တွင်ကျန်ရစ်ခဲ့သည့် တူမဖြစ်သူက အိမ်အောက်ထပ်ရှိ ရွှေဆိုင်ရှိုးကေ့စ်အတွင်း ထည့်ထားသည့် ရွှေထည်များ ပျောက်ဆုံးနေကြောင်း ဖုန်းဆက် အကြောင်းကြားလာသဖြင့် နေအိမ်သို့ ပြန်လာပြီး စစ်ဆေးခဲ့ရာ ကျောက်စိမ်း၊ စိန်၊ ကျောက်နီ တို့ပါဝင်သည့် ရွှေလက်စွပ် (၇)ကွင်း၊ ကျောက်နီ၊ ကျောက်စိမ်းနှင့် စိန်တို့ပါဝင်သည့် ဆွဲသိီး (၂)ခု၊ စိန်လက်ကောက် (၁)ကွင်း၊ ပလက်တီနမ်ဆွဲကြိုး (၅)ကုံးနှင့် ကျောက်စိမ်း (၁)လုံးတို့ ဖောက်ထွင်းခံခဲ့ရသည်ဟု ရဲစခန်းတွင် တိုင်တန်းချက်အရ သိရသည်။

အဆိုပါ ဖောက်ထွင်းမှုနှင့် ပတ်သက်၍ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူမှ တရားလိုလုပ်၍ တိုင်တန်းခဲ့ရာ တာချီလိတ်မြို့မ ရဲစခန်းက (ပ)၁၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၈၀)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~