"ဝ"အဖြဲ႔မွ ဆည္ တည္ေဆာက္ထားမႈကို ပံုပါက်င္ ေဒသခံမ်ား ကန္႔ကြက္၍ တာဝန္ရိွသူမ်ား ကြင္းဆင္းစစ္ေဆး

"ဝ"အဖြဲ႔မွ ဆည္ တည္ေဆာက္ထားမႈကို ပံုပါက်င္ ေဒသခံမ်ား ကန္႔ကြက္၍ တာဝန္ရိွသူမ်ား ကြင္းဆင္းစစ္ေဆး
အောက်တိုဘာ 10, 2016
By Tachileik News Agency

မိုင္းဆတ္ခ႐ုိင္ မိုင္းတံုၿမိဳ႕နယ္၊ ပံုပါက်င္ၿမိဳ႕ရိွ နမ့္ဟူးေခ်ာင္းေရထြက္တြင္ (ဝ)အထူးေဒသ(၂)မွ ဆည္ တည္ေဆာက္ထားရိွမွဳေၾကာင့္ ေဒသခံလယ္သမားမ်ား ေရလံုေလာက္စြာ မရရိွႏွင့္ ပတ္သက္၍ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနသို႔ တင္ျပသျဖင့္ တာဝန္ရိွသူမ်ား ပူးေပါင္းကြင္းဆင္းစစ္ေဆးေနေၾကာင္း သိရသည္။

"နမ့္ဟူးေခ်ာင္း အခုဖိုင္ဘြန္းဆည္တည္ေဆာက္ထားတ့ဲေနရာမွာ သဘာဝေရထြက္ႏွစ္ခုရိွတယ္။ နမ့္ဖိုင္ေရထြက္လို႔ေခၚတယ၊္၊ ေရထြက္မ်ားတ့ဲေနရာကုိ ဆည္ေဆာက္ထားလိုက္ေတာ့ ကြၽန္ေတာ္တို႔ ေဒသခံေတြရဲ႕ လယ္ဧက(၁၂၀၀)ေလာက္ မိုးစပါးၿပီးခ်ိန္ ၾကက္သြန္ျဖဴစုိက္ရာသီမွာ ေရအလံုအေလာက္ မရႏိုင္ေတာ့တ့ဲအတြက္ ကန္႔ကြက္ခ့ဲၾကတာပါ။ ဆည္ေဆာက္ေနတုန္းကလည္း ေဒသခံေတြက မသြားရဲၾကဘူး။ အခက္အခဲျဖစ္လာလို႔ ပုံပါက်င္ ေထြ/အုပ္ကုိ တင္ျပၿပီး ကန္႔ကြက္ခ့ဲတာ"ဟု ေဒသခံေတာင္သူ ဦးစုိင္းဝဏၰက ေျပာသည္။

အဆိုပါ ဆည္မွာ"ဝ"အထူးေဒသ(၂)မွ နမ့္ဟူးေခ်ာင္းေရထြက္ေနရာတြင္၂၀၀၁ခုႏွစ္က ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္ေဇာ္ထံ တင္ျပခြင့္ျပဳခ်က္ရယူၿပီး အလ်ားေပ(၂၀၀)၊ အျမင့္(၃၀)ေပ သံကူကြန္ကရစ္ဆည္ႏွင့္ ေျမသားတာေပါင္တည္ေဆာက္ခ့ဲကာ က်ပ္သိန္း(၃၂၀၀)ခန္႔ကုန္က်ခ့ဲသျဖင့္ ၂၀၁၃ ခုႏွစ္တြင္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ သန္းထြန္းဦးကုိယ္တိုင္ တက္ေရာက္ ဖြင့္လွစ္ေပးခ့ဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆည္စတင္ေဆာက္လုပ္ခ်ိန္မွာေရာ ၿပီးစီးခ်ိန္ အထိန႔ဲ ဖြင့္ပြဲေဆာင္ရြက္ခ့ဲတ့ဲအခ်ိန္ထိ ဘယ္သူမွ ကန္႔ကြက္ခ့ဲၾကတာမရိွပါဘူး။ ဒီဆည္တည္ေဆာက္ရတာကလည္း ကြၽန္ေတာ္တို႔ေဒသ ဖြ႔ံၿဖိဳးေရးဧရိယာအတြင္းမွာ မိုးစပါးဆည္ေရေသာက္ဧက(၅၀၀)နဲ႔ လိေမၼာ္ျခံေတြအတြက္ပါ။ ပုိလ်ွံတ့ဲေရကလည္း ေခ်ာင္းထဲျပန္စီးသြားေအာင္ လုပ္ထားတာပါ။ ဆည္ကေနေဒသခံေတြအတြက္လည္း ေရထုတ္ေျမာင္းတစ္ခု ကြၽန္ေတာ္တို႔အတြက္ ေရထုတ္ေျမာင္းတစ္ခု ေဆာင္ရြက္ေပးထားတာပါ ။ ေဒသခံေတြဖက္ေပးထားတ့ဲ ေရေျမာင္းရဲ႕ေခ်ာင္း႐ုိးေပၚမွာလည္း ေရထြက္တစ္ခုရိွပါေသးတယ္ ။ ေရမလံုေလာက္တာကေတာ့ သူတို႔လုပ္ထားတ့ဲ ေရလႊဲယူတ့ဲ လက္႐ုိက္ဆည္ေတြကုိ အမိွဳက္ ႏုန္းေတြ ဆယ္ယူတူးေဖာ္႐ွင္းလင္းတာ ဘာမွမလုပ္ေတာ့ ေရကလ်ွံထြက္သြားတာေၾကာင့္ျဖစ္မယ္။ ကြၽန္ေတာ္တို႔ အေနန႔ဲ တတ္ႏိုင္သမ်ွ ေဒသခံကုိ ေဆာင္ရြက္ေပးထားပါတယ္"ဟု "ဝ"အထူးေဒသ(၂) ေဟြေအာ ဆက္ဆံေရး႐ုံးတာဝန္ခံ ဦးေနာ္မိန္းက  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဆည္ တည္ေဆာက္ထားရိွမွဳ ေရထြက္ႏွဳန္း ေရစီးဆင္းမွဳ ျဖန္႔ေဝထားရိွမွဳႏွင့္ စုိက္ပ်ိဳးဧရိယာအတြင္း ေရလံုေလာက္စြာ ရရိွမႈ ရိွ/မရိွတို႔အား စစ္ေဆးရာတြင္ မိုင္းဆတ္ခ႐ုိင္ဆည္ေျမာင္းဦးစီးအရာရ္ိွ ဦးေငြစုိးႏွင့္ ဒုဦးစီးမွဴး ဦးေဇာ္ဟန္၊ ပုံပါက်င္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးခိုင္ေဝလင္း၊ ေျမစာရင္းဌာနမွ ဒုဦးစီးမွဴး ဦးခင္ေမာင္ေထြး၊ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ဦးေဇာ္လတ္၊ မိုင္းတံုၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြ႔ဲခ်ဳပ္ ဒုဥကၠဌ ဦးသန္းစုိး၊ (ဝ)အထူးေဒသ(၂)ေဟြေအာဆက္ဆံေရး႐ုံးမွတာဝန္ခံ ဦးေနာ္မိန္းႏွင့္အဖြ႔ဲဝင္(၂)ဦး၊ ေဒသခံလယ္သမားဦးစုိင္းဝဏၰႏွင့္ အဖြ႔ဲဝင္(၂)ဦးတို႔ ပူးေပါင္း ကြင္းဆင္းစစ္္ေဆးခ့ဲၾကေၾကာင္း သိရသည္။

ကြင္းဆင္းစစ္ေဆး ေတြ႔ရိွခ်က္အရ ဖိုင္ဘြန္းဆည္(ခ)ပံုအ့ံဆည္အား ေရထြက္အားနည္းမွဳမရိွေစေရး အျမင့္(၃)ေပခန္႔ ေလ်ာ့ခ်ရန္ လိုအပ္ၿပီး ေဒသခံေတာင္သူမ်ား အေနျဖင့္လည္း ေရစီးေရလာေကာင္းမြန္ေစေရး ပိတ္ဆို႔ေနေသာ ကုိင္းပင္ျမက္ပင္မ်ား႐ွင္းလင္းျခင္း၊ လယ္ကန္သင္းမ်ား ခိုင္ခန္႔ေအာင္တည္ေဆာက္ျခင္း၊ ေရအလွည့္က်စနစ္ျဖင့္ ေရသြင္းျခင္းမ်ား လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း အစီရင္ခံစာကို မိုင္းတံုႏွင့္ ပုံပါက်င္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမ်ားသုိ႔ မိုင္းဆတ္ခ႐ုိင္ ဆည္ေျမာင္းဦးစီးဌာနမွ ေပးပို႔ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ရှိ နမ့်ဟူးချောင်းရေထွက်တွင် (ဝ)အထူးဒေသ(၂)မှ ဆည် တည်ဆောက်ထားရှိမှုကြောင့် ဒေသခံလယ်သမားများ ရေလုံလောက်စွာ မရရှိနှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြသဖြင့် တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

"နမ့်ဟူးချောင်း အခုဖိုင်ဘွန်းဆည်တည်ဆောက်ထားတဲ့နေရာမှာ သဘာဝရေထွက်နှစ်ခုရှိတယ်။ နမ့်ဖိုင်ရေထွက်လို့ခေါ်တယ၊်၊ ရေထွက်များတဲ့နေရာကို ဆည်ဆောက်ထားလိုက်တော့ ကျွန်တော်တို့ ဒေသခံတွေရဲ့ လယ်ဧက(၁၂၀၀)လောက် မိုးစပါးပြီးချိန် ကြက်သွန်ဖြူစိုက်ရာသီမှာ ရေအလုံအလောက် မရနိုင်တော့တဲ့အတွက် ကန့်ကွက်ခဲ့ကြတာပါ။ ဆည်ဆောက်နေတုန်းကလည်း ဒေသခံတွေက မသွားရဲကြဘူး။ အခက်အခဲဖြစ်လာလို့ ပုံပါကျင် ထွေ/အုပ်ကို တင်ပြပြီး ကန့်ကွက်ခဲ့တာ"ဟု ဒေသခံတောင်သူ ဦးစိုင်းဝဏ္ဏက ပြောသည်။

အဆိုပါ ဆည်မှာ"ဝ"အထူးဒေသ(၂)မှ နမ့်ဟူးချောင်းရေထွက်နေရာတွင်၂၀၀၁ခုနှစ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ထံ တင်ပြခွင့်ပြုချက်ရယူပြီး အလျားပေ(၂၀၀)၊ အမြင့်(၃၀)ပေ သံကူကွန်ကရစ်ဆည်နှင့် မြေသားတာပေါင်တည်ဆောက်ခဲ့ကာ ကျပ်သိန်း(၃၂၀၀)ခန့်ကုန်ကျခဲ့သဖြင့် ၂၀၁၃ ခုနှစ်တွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆည်စတင်ဆောက်လုပ်ချိန်မှာရော ပြီးစီးချိန် အထိနဲ့ ဖွင့်ပွဲဆောင်ရွက်ခဲ့တဲ့အချိန်ထိ ဘယ်သူမှ ကန့်ကွက်ခဲ့ကြတာမရှိပါဘူး။ ဒီဆည်တည်ဆောက်ရတာကလည်း ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးရေးဧရိယာအတွင်းမှာ မိုးစပါးဆည်ရေသောက်ဧက(၅၀၀)နဲ့ လိမ္မော်ခြံတွေအတွက်ပါ။ ပိုလျှံတဲ့ရေကလည်း ချောင်းထဲပြန်စီးသွားအောင် လုပ်ထားတာပါ။ ဆည်ကနေဒေသခံတွေအတွက်လည်း ရေထုတ်မြောင်းတစ်ခု ကျွန်တော်တို့အတွက် ရေထုတ်မြောင်းတစ်ခု ဆောင်ရွက်ပေးထားတာပါ။ ဒေသခံတွေဖက်ပေးထားတဲ့ ရေမြောင်းရဲ့ချောင်းရိုးပေါ်မှာလည်း ရေထွက်တစ်ခုရှိပါသေးတယ်။ ရေမလုံလောက်တာကတော့ သူတို့လုပ်ထားတဲ့ ရေလွှဲယူတဲ့ လက်ရိုက်ဆည်တွေကို အမှိုက် နုန်းတွေ ဆယ်ယူတူးဖော်ရှင်းလင်းတာ ဘာမှမလုပ်တော့ ရေကလျှံထွက်သွားတာကြောင့်ဖြစ်မယ်။ ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ ဒေသခံကို ဆောင်ရွက်ပေးထားပါတယ်"ဟု "ဝ"အထူးဒေသ(၂) ဟွေအော ဆက်ဆံရေးရုံးတာဝန်ခံ ဦးနော်မိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆည် တည်ဆောက်ထားရှိမှု ရေထွက်နှုန်း ရေစီးဆင်းမှု ဖြန့်ဝေထားရှိမှုနှင့် စိုက်ပျိုးဧရိယာအတွင်း ရေလုံလောက်စွာ ရရှိမှု ရှိ/မရှိတို့အား စစ်ဆေးရာတွင် မိုင်းဆတ်ခရိုင်ဆည်မြောင်းဦးစီးအရာရှိ် ဦးငွေစိုးနှင့် ဒုဦးစီးမှူး ဦးဇော်ဟန်၊ ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်း၊ မြေစာရင်းဌာနမှ ဒုဦးစီးမှူး ဦးခင်မောင်ထွေး၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လတ်၊ မိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းစိုး၊ (ဝ)အထူးဒေသ(၂)ဟွေအောဆက်ဆံရေးရုံးမှတာဝန်ခံ ဦးနော်မိန်းနှင့်အဖွဲ့ဝင်(၂)ဦး၊ ဒေသခံလယ်သမားဦးစိုင်းဝဏ္ဏနှင့် အဖွဲ့ဝင်(၂)ဦးတို့ ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ ဖိုင်ဘွန်းဆည်(ခ)ပုံအံ့ဆည်အား ရေထွက်အားနည်းမှုမရှိစေရေး အမြင့်(၃)ပေခန့် လျော့ချရန် လိုအပ်ပြီး ဒေသခံတောင်သူများ အနဖြေင့်လည်း ရေစီးရေလာကောင်းမွန်စေရေး ပိတ်ဆို့နေသော ကိုင်းပင်မြက်ပင်များရှင်းလင်းခြင်း၊ လယ်ကန်သင်းများ ခိုင်ခန့်အောင်တည်ဆောက်ခြင်း၊ ရေအလှည့်ကျစနစ်ဖြင့် ရေသွင်းခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း အစီရင်ခံစာကို မိုင်းတုံနှင့် ပုံပါကျင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ မိုင်းဆတ်ခရိုင် ဆည်မြောင်းဦးစီးဌာနမှ ပေးပို့ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~