မိုင္းလားနယ္ေျမအတြင္းမွ UWSA အဖြဲ႔ မူလေနရာသို႔ ျပန္လည္ဆုတ္ခြါေနဟုဆို

မိုင္းလားနယ္ေျမအတြင္းမွ UWSA အဖြဲ႔ မူလေနရာသို႔ ျပန္လည္ဆုတ္ခြါေနဟုဆို
အောက်တိုဘာ 25, 2016
By Tachileik News Agency

အထူးေဒသ(၄) မိုင္းလားနယ္ေျမအတြင္း ၀င္ေရာက္တပ္စြဲထားေသာ "၀"ျပည္ေသြးစည္းညီညႊတ္ေရး တပ္(UWSA)မွ ေအာက္တိုဘာလ (၂၅)ရက္ေန႔ ေန႔လယ္ပိုင္းမွစတင္၍ "၀"ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသသို႔ ျပန္လည္ဆုတ္ခြါေနၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရ အသိုင္းအ၀ိုင္းမွ သိရသည္။

"ကၽြန္ေတာ္ကို ေန႔လယ္က ဖုန္း၀င္လာတယ္ မိုင္းလားနယ္ေျမထဲမွာ တပ္စြဲထားတဲ့ တပ္ဖြဲ႕၀င္ေတြ အကုန္လံုး မူလေနရာကို ျပန္လည္ဆုတ္ခြါေနတယ္လို႔ သိရတယ္၊ အေျခအေနအားလံုး ေအးေဆးသြားပါၿပီ မၾကာခင္မွာ ပိတ္ထားတဲ့ ဂိတ္ေတြ ျပန္ဖြင့္ႏိုင္ေတာ့မွာပါ"ဟု ရွမ္းျပည္နယ္အစိုးရ အသိုင္းအ၀ိုင္းႏွင့္နီးသည့္ ခုိင္လံုသည့္သတင္းရင္းျမစ္မွ Tachileik News Agency သို႔ ေျပာသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ (၄) အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္တပ္ (NDAA) ေဒသ အတြင္း ‘ဝ’ျပည္ ေသြးစည္း ညီညြတ္ေရး တပ္(UWSA)က ဝင္ေရာက္ ေနရာယူထားသည့္ တပ္အင္အား (၁,၀၀၀)ခန္႔အား ေအာက္တိုဘာ (၂၄)ရက္ေန႔ ေနာက္ဆံုးထား၍ ျပန္လည္ ေနာက္ဆုတ္ ေပးေပးရန္ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္မွ ညႊန္ၾကားစာေပးပို႔ခဲ့ၿပီးေနာက္ ယေန႔ ေအာက္တိုဘာ(၂၅)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ျပန္လည္ ဆုတ္ခြါခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"၀"ျပည္ေသြးစည္ညီညႊတ္ေရးတပ္(UWSA)မွ စစ္အင္အား (၁၀၀)ခန္႔ျဖင့္ စက္တင္ဘာလ(၂၈) ရက္ေန႔က အထူးေဒသ(၄)မိုင္းလားအုပ္ခ်ဳပ္မႈနယ္ေျမ၏ လြယ္ဆမ္ဆုံစခန္း၊ လြယ္က်ဴဆိုင္း စခန္း၊ ဝမ့္ေနာင္ဟုတ္စခန္းအား က်ဴးေက်ာ္ တပ္စခန္းခ်ထားျခင္းျဖစ္ေၾကာင္း သိရၿပီး "၀"ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ တာ၀န္ရွိသူမ်ားမွ ခရီးလမ္းစစ္ေရးေလ့က်င္းမႈတြင္ တပ္ဖြဲ႕၀င္ အခ်င္းခ်င္း နားလည္မႈ လြဲမွားျခင္းသာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ ျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

အထူးဒေသ(၄) မိုင်းလားနယ်မြေအတွင်း ဝင်ရောက်တပ်စွဲထားသော "ဝ"ပြည်သွေးစည်းညီညွှတ်ရေး တပ်(UWSA)မှ အောက်တိုဘာလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းမှစတင်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ပြန်လည်ဆုတ်ခွာနပြေီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ အသိုင်းအဝိုင်းမှ သိရသည်။

"ကျွန်တော်ကို နေ့လယ်က ဖုန်းဝင်လာတယ် မိုင်းလားနယ်မြေထဲမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး မူလနေရာကို ပြန်လည်ဆုတ်ခွာနေတယ်လို့ သိရတယ်၊ အခြေအနေအားလုံး အေးဆေးသွားပါပြီ မကြာခင်မှာ ပိတ်ထားတဲ့ ဂိတ်တွေ ပြန်ဖွင့်နိုင်တော့မှာပါ"ဟု ရှမ်းပြည်နယ်အစိုးရ အသိုင်းအဝိုင်းနှင့်နီးသည့် ခိုင်လုံသည့်သတင်းရင်းမြစ်မှ Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (NDAA) ဒေသ အတွင်း ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်(UWSA)က ဝင်ရောက် နေရာယူထားသည့် တပ်အင်အား (၁,ဝဝဝ)ခန့်အား အောက်တိုဘာ (၂၄)ရက်နေ့ နောက်ဆုံးထား၍ ပြန်လည် နောက်ဆုတ် ပေးပေးရန် တြိဂံတိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားစာပေးပို့ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ(၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဝ"ပြည်သွေးစည်ညီညွှတ်ရေးတပ်(UWSA)မှ စစ်အင်အား (၁၀၀)ခန့်ဖြင့် စက်တင်ဘာလ(၂၈) ရက်နေ့က အထူးဒေသ(၄)မိုင်းလားအုပ်ချုပ်မှုနယ်မြေ၏ လွယ်ဆမ်ဆုံစခန်း၊ လွယ်ကျူဆိုင်း စခန်း၊ ဝမ့်နောင်ဟုတ်စခန်းအား ကျူးကျော် တပ်စခန်းချထားခြင်းဖြစ်ကြောင်း သိရပြီး "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တာဝန်ရှိသူများမှ ခရီးလမ်းစစ်ရေးလေ့ကျင်းမှုတွင် တပ်ဖွဲ့ဝင် အချင်းချင်း နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~