ထားဝယ္ခရိုင္အတြင္း ႏုိင္ငံျခားသားမ်ား တည္းခိုမႈႏွင့္ ပတ္သက္၍ ၿမိဳ႕နယ္လ၀ကသို႔ အေၾကာင္းၾကားမႈ အားနည္း

ထားဝယ္ခရိုင္အတြင္း ႏုိင္ငံျခားသားမ်ား တည္းခိုမႈႏွင့္ ပတ္သက္၍ ၿမိဳ႕နယ္လ၀ကသို႔ အေၾကာင္းၾကားမႈ အားနည္း
အောက်တိုဘာ 3, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခရိုင္အတြင္း ဟုိတယ္မ်ားတြင္ ႏုိင္ငံျခားသားတည္းခုိမႈအား ၿမဳိ႕နယ္ လူ၀င္မႈႀကီးၾကပ္ေရးဌာနသုိ႔ အေၾကာင္းမႈအားနည္းသည္ဟု ထား၀ယ္ၿမိဳ႕နယ္ လူ၀င္မႈႀကီးၾကပ္ေရး ဦးစီးဌာနမွ သိရသည္။

ဟုိတယ္လုပ္ငန္းရွင္မ်ား အေနျဖင့္ ဟိုတယ္တြင္ လာေရာက္တည္းခိုသည့္ ႏုိင္ငံျခားသားမ်ားအတြက္ သက္ဆုိင္ရာ ၿမဳိ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနသုိ႔ အေၾကာင္းၾကားရမည္ျဖစ္ေသာ္လည္း လက္ရွိတြင္ တုိင္းရုံးသုိ႔သာ တုိက္ရုိက္အေၾကာင္းၾကားေနၾကေၾကာင္း ၎ထံမွ သိရသည္။

“ဒီကိစၥေတြက ၿမဳိ႕နယ္ကေနၿပီးမွ တုိင္းရုံးကုိတင္ျပရတဲ့ ကိစၥေတြေပါ့။ ဒါေပမဲ့ ဒီမွာက ခရုိင္၊ၿမဳိ႕နယ္ ၊ တုိင္းအားလုံးရွိတဲ့ တုိင္းၿမဳိ႕ဆုိေတာ့ တုိင္းရုံးကုိ တုိက္ရုိက္တင္ျပၾကတယ္။ အရင္ကတည္းကလည္း ဒီလုိလုပ္လာတာဆုိေတာ့ အမွန္ကေတာ့ ၿမဳိ႕နယ္ရုံးကုိလည္း အေၾကာင္းၾကားရတယ္။”ဟု ၿမဳိ႕နယ္ လ.၀.က ဦးစီးမွဴး ဦးမ်ဳိးေက်ာ္သူက ေျပာသည္။

လက္ရွိတြင္ ၿမဳိ႕နယ္ရုံးသုိ႔ ျပည္တြင္းတြင္ လာေရာက္အလုပ္ လုပ္ကုိင္သည့္ ႏုိင္ငံျခားလုပ္သားမ်ားအတြက္ အေၾကာင္းၾကားမႈမ်ားသာရိွေၾကာင္း သိရသည္။

“ျပည္ပခရီးသြားေတြ အေနနဲ႔ကေတာ့ ဟုိတယ္ခရီးက လုိင္စင္ရတဲ့ ဟုိတယ္ေတြမွာပဲ တည္းခုိခြင့္ရွိတယ္။ ေနအိမ္တုိ႔၊ စည္ပင္လုိင္စင္နဲ႔ လုပ္ကုိင္ေနတဲ့ တည္းခုိရိပ္သာေတြမွာ တည္းခုိခြင့္ မရွိပါဘူး” ဟု ထား၀ယ္ခရုိင္ ဟုိတယ္ႏွင့္ခရီးသြားညြန္႔ၾကားမႈ ဦးစီးဌာန တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

တည္းခုိခန္းမ်ားတြင္ ေနထုိင္သည့္ ႏုိင္ငံျခားသားမ်ား အေနျဖင့္ ဗီဇာစည္းကမ္းေဖာက္ဖ်က္မႈျဖင့္ အေရးယူေဆာင္ရြက္ႏုိင္ၿပီး အနိမ့္ဆုံးျပစ္ဒဏ္မွာ ေထာင္ဒဏ္္(၅)ႏွစ္ အထိခ်မွတ္ႏုိင္ၿပီး အိမ္ႏွင့္ဟုိတယ္မ်ားတြင္ ႏုိင္ငံျခားသားတည္းခုိေနထုိင္ပါက သက္ဆုိင္ရာၿမဳိ႕နယ္ လ.၀.ကရုံးသုိ႔ (၂၄)နာရီထက္ ေနာက္မက်ဘဲ အေၾကာင္းၾကားရန္ လိုအပ္ကာ အေၾကာင္းၾကားျခင္း မရွိပါက ႏုိင္ငံျခားသား မွတ္ပုံတင္ေရး အက္ဥပေဒအရ အိမ္ရွင္အားေငြဒဏ္နွင့္ အျမင့္ဆုံး ေထာင္ဒဏ္(၃)ႏွစ္အထိခ်မွတ္ႏုိင္ေၾကာင္း ၿမဳိ႕နယ္ လ.၀.က ဦးစီးဌာနမွ သိရသည္။

ထား၀ယ္ေဒသအတြင္းသုိ႔ ႏွစ္အလုိက္ ျပည္ပခရီးသြား၀င္ေရာက္မႈမွာ ၂၀၁၃ ခုႏွစ္ ခရီးသြားရာသီအတြင္း (၁၂,၀၂၅)ဦး၊ ၂၀၁၄ ခုႏွစ္ ခရီးသြားရာသီအတြင္း(၅၁,၆၉၈)ဦး၊ ၂၀၁၅ ခုႏွစ္ ခရီးသြားရာသီအတြင္း (၅၈,၈၅၃)ဦးနွင့္၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလအထိ ျပည္ပခရီးသြားအေရအတြက္ (၄,၉၄၈)ဦး ဝင္ေရာက္ေၾကာင္း သိရွိရသည္။

သတင္း - ေရႊေဇာ္
~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ဟိုတယ်များတွင် နိုင်ငံခြားသားတည်းခိုမှုအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနသို့ အကြောင်းမှုအားနည်းသည်ဟု ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ သိရသည်။

ဟိုတယ်လုပ်ငန်းရှင်များ အနဖြေင့် ဟိုတယ်တွင် လာရောက်တည်းခိုသည့် နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အကြောင်းကြားရမည်ဖြစ်သော်လည်း လက်ရှိတွင် တိုင်းရုံးသို့သာ တိုက်ရိုက်အကြောင်းကြားနကြေကြောင်း၎င်းထံမှ သိရသည်။

“ဒီကိစ္စတွေက မြို့နယ်ကနပြေီးမှ တိုင်းရုံးကိုတင်ပြရတဲ့ ကိစ္စတွေပေါ့။ ဒါပေမဲ့ ဒီမှာက ခရိုင်၊မြို့နယ်၊ တိုင်းအားလုံးရှိတဲ့ တိုင်းမြို့ဆိုတော့ တိုင်းရုံးကို တိုက်ရိုက်တင်ပြကြတယ်။ အရင်ကတည်းကလည်း ဒီလိုလုပ်လာတာဆိုတော့ အမှန်ကတော့ မြို့နယ်ရုံးကိုလည်း အကြောင်းကြားရတယ်။”ဟု မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးမျိုးကျော်သူက ပြောသည်။

လက်ရှိတွင် မြို့နယ်ရုံးသို့ ပြည်တွင်းတွင် လာရောက်အလုပ် လုပ်ကိုင်သည့် နိုင်ငံခြားလုပ်သားများအတွက် အကြောင်းကြားမှုများသာရှိကြောင်း သိရသည်။

“ပြည်ပခရီးသွားတွေ အနေနဲ့ကတော့ ဟိုတယ်ခရီးက လိုင်စင်ရတဲ့ ဟိုတယ်တွေမှာပဲ တည်းခိုခွင့်ရှိတယ်။ နေအိမ်တို့၊ စည်ပင်လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ တည်းခိုရိပ်သာတွေမှာ တည်းခိုခွင့် မရှိပါဘူး” ဟု ထားဝယ်ခရိုင် ဟိုတယ်နှင့်ခရီးသွားညွန့်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

တည်းခိုခန်းများတွင် နေထိုင်သည့် နိုင်ငံခြားသားများ အနဖြေင့် ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူဆောင်ရွက်နိုင်ပြီး အနိမ့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်(၅)နှစ် အထိချမှတ်နိုင်ပြီး အိမ်နှင့်ဟိုတယ်များတွင် နိုင်ငံခြားသားတည်းခိုနေထိုင်ပါက သက်ဆိုင်ရာမြို့နယ် လ.ဝ.ကရုံးသို့ (၂၄)နာရီထက် နောက်မကျဘဲ အကြောင်းကြားရန် လိုအပ်ကာ အကြောင်းကြားခြင်း မရှိပါက နိုင်ငံခြားသား မှတ်ပုံတင်ရေး အက်ဥပဒေအရ အိမ်ရှင်အားငွေဒဏ်နှင့် အမြင့်ဆုံး ထောင်ဒဏ်(၃)နှစ်အထိချမှတ်နိုင်ကြောင်း မြို့နယ် လ.ဝ.က ဦးစီးဌာနမှ သိရသည်။

ထားဝယ်ဒေသအတွင်းသို့ နှစ်အလိုက် ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၃ ခုနှစ် ခရီးသွားရာသီအတွင်း (၁၂,ဝ၂၅)ဦး၊ ၂၀၁၄ ခုနှစ် ခရီးသွားရာသီအတွင်း(၅၁,၆၉၈)ဦး၊ ၂၀၁၅ ခုနှစ် ခရီးသွားရာသီအတွင်း (၅၈,၈၅၃)ဦးနှင့်၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ ပြည်ပခရီးသွားအရေအတွက် (၄,၉၄၈)ဦး ဝင်ရောက်ကြောင်း သိရှိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~