မူဆယ္လမ္းပိုင္းတြင္ ေမာ္ေတာ္ယာဥ္မ်ားအား လက္နက္ကိုင္အဖြဲ႔မွ ေငြေၾကးေကာက္ခံေနမႈကို ရဲစခန္းသို႔ တုိင္ၾကားသူ မရိွဟုဆို

မူဆယ္လမ္းပိုင္းတြင္ ေမာ္ေတာ္ယာဥ္မ်ားအား လက္နက္ကိုင္အဖြဲ႔မွ ေငြေၾကးေကာက္ခံေနမႈကို ရဲစခန္းသို႔ တုိင္ၾကားသူ မရိွဟုဆို
အောက်တိုဘာ 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ႏွင့္ တံုေလာေက်းရြာၾကား အေဝးေျပးလမ္းတြင္ ျဖတ္သန္း သြားလာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ေအာက္တိုဘာလ (၇) ရက္က လက္နက္ကိုင္အဖြဲ႔တစ္ဖြဲ႔က ေငြေၾကးေကာက္ခံေနသည့္ ကိစၥႏွင့္ ပတ္သက္၍ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ တိုင္ၾကားသူမရိွေၾကာင္း သိရသည္။

 “ကြ်န္ေတာ္တို႔ မသိဘူးခင္ဗ်။ တိုင္တန္းအေၾကာင္းၾကားထားတာမိ်ဳးလည္း မရွိဘူးခင္ဗ် “ ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ တာဝန္က် ဒုရဲအုပ္တစ္ဦးက ေအာက္တိုဘာလ (၈) ရက္နံနက္ (၁၀)နာရီခန္႔တြင္က ေျပာသည္။

မူဆယ္ၿမိဳ႕ႏွင့္ တံုေလာေက်းရြာၾကား အေဝးေျပးလမ္းတြင္ ေမာ္ေတာ္ယာဥ္မ်ားအား လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕က ေအာက္တိုဘာလ (၇) ရက္ေန႔ ေန႔လယ္(၂) နာရီမွ ညေန (၅) နာရီအထိ ေငြေၾကးေကာက္ခံေနေၾကာင္း အဆိုပါ လမ္းပိုင္းမွျပန္လာသည့္ ကားသမားတစ္ဦးထံမွ သိရသည္။

“မူဆယ္လမ္းေပၚက ေမာ္ေတာင္း - ကြတ္ေခးလမ္းခြဲကေန ပါဂ်ယ္ရိုတစ္စီး၊ ဖိုးဝီွးတစ္စီးနဲ႕ ထြက္လာတယ္။ လူအင္အားေတာ့ မေျပာတတ္ဘူး။ ေတာင္ကုန္းေတြေပၚအထိ ကင္းခ်ထားတာေတြ႕တယ္” ဟု အဆိုပါ လမ္းပိုင္းမွ ျပန္လာသည့္ အမည္မေဖာ္လိုသူ ကားသမားက ဆိုသည္။

အဆိုပါ လမ္းပိုင္းတြင္ ခရီးသည္တင္ကားငယ္တစ္စီးလွ်င္ သံုးေသာင္းက်ပ္၊ ဆယ္ဘီးကားတစ္စီးလွ်င္ တစ္သိန္းက်ပ္၊ တြဲကားတစ္စီးလွ်င္ သံုးသိန္းက်ပ္ သတ္မွတ္ေကာက္ခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ကေတာ့ အဲဒီသတင္းၾကားလိုက္လို႔ မတက္ျဖစ္ဘူး။ မူဆယ္က ျပန္လာတ့ဲ မိတ္ေဆြ ကားသမားေတြကေတာ့ ေသခ်ာေပါက္ ေပးခ့ဲရတယ္။ ဒီလိုခဏခဏျဖစ္ေနတာ ဘယ္လိုလုပ္စား ရမလဲ မသိေတာ့ဘူး” ဟု လားရႈိးၿမိဳ႕မွ ခရီးသည္တင္ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

မူဆယ္လမ္းပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕မ်ားက မၾကာခဏ ေငြေၾကးေကာက္ခံမႈမ်ား လုပ္ေဆာင္ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္၍ မူဆယ္ၿမိဳ႕ရဲစခန္းသို႔ တိုင္ၾကားဖူးသူမရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် တုံလောကျေးရွာကြား အဝေးပြေးလမ်းတွင် ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များအား အောက်တိုဘာလ (၇) ရက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေကြေးကောက်ခံနေသည့် ကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းတွင် တိုင်ကြားသူမရှိကြောင်း သိရသည်။

 “ကျွန်တော်တို့ မသိဘူးခင်ဗျ။ တိုင်တန်းအကြောင်းကြားထားတာမျိုးလည်း မရှိဘူးခင်ဗျ “ ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တစ်ဦးက အောက်တိုဘာလ (၈) ရက်နံနက် (၁၀)နာရီခန့်တွင်က ပြောသည်။

မူဆယ်မြို့နှင့် တုံလောကျေးရွာကြား အဝေးပြေးလမ်းတွင် မော်တော်ယာဉ်များအား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့ နေ့လယ်(၂) နာရီမှ ညနေ (၅) နာရီအထိ ငွေကြေးကောက်ခံနေကြောင်း အဆိုပါ လမ်းပိုင်းမှပြန်လာသည့် ကားသမားတစ်ဦးထံမှ သိရသည်။

“မူဆယ်လမ်းပေါ်က မော်တောင်း - ကွတ်ခေးလမ်းခွဲကနေ ပါဂျယ်ရိုတစ်စီး၊ ဖိုးဝှီးတစ်စီးနဲ့ ထွက်လာတယ်။ လူအင်အားတော့ မပြောတတ်ဘူး။ တောင်ကုန်းတွေပေါ်အထိ ကင်းချထားတာတွေ့တယ်” ဟု အဆိုပါ လမ်းပိုင်းမှ ပြန်လာသည့် အမည်မဖော်လိုသူ ကားသမားက ဆိုသည်။

အဆိုပါ လမ်းပိုင်းတွင် ခရီးသည်တင်ကားငယ်တစ်စီးလျှင် သုံးသောင်းကျပ်၊ ဆယ်ဘီးကားတစ်စီးလျှင် တစ်သိန်းကျပ်၊ တွဲကားတစ်စီးလျှင် သုံးသိန်းကျပ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကတော့ အဲဒီသတင်းကြားလိုက်လို့ မတက်ဖြစ်ဘူး။ မူဆယ်က ပြန်လာတဲ့ မိတ်ဆွေ ကားသမားတွေကတော့ သေချာပေါက် ပေးခဲ့ရတယ်။ ဒီလိုခဏခဏဖြစ်နေတာ ဘယ်လိုလုပ်စား ရမလဲ မသိတော့ဘူး” ဟု လားရှိုးမြို့မှ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

မူဆယ်လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များက မကြာခဏ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မူဆယ်မြို့ရဲစခန်းသို့ တိုင်ကြားဖူးသူမရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~