တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင်ကျေးရွာများအထိ လျှပ်စစ်မီး တစ်နေကုန် ဖြတ်မည်

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင်ကျေးရွာများအထိ လျှပ်စစ်မီး တစ်နေကုန် ဖြတ်မည်
အောကျတိုဘာ 10, 2016
By Tachileik News Agency


တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)အပိုင်းမှစ၍ မိုင်းဖုန်း၊ မိုင်းကိုးကျေးရွာအုပ်စုအထိ လျှပ်စစ်မီး တစ်နေကုန် ပျက်မည်ဖြစ်ပြီး မြို့တွင်းအပိုင်းဖြစ်သည့် ပုန်းထွန်ရပ်ကွက် မှ စ၍ ဆန်ဆိုင်း(ခ)ရပ်ကွက်အထိ ဗိုလ်ချုပ်လမ်းမ တစ်ကြော၊ ဆေးရုံနှင့် ရုံးများအား အရန်ပေးထားသော လျှပ်စစ်မီးကို မျှပေးထားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ထရန်စဖော်မာများကို လျှပ်စစ်မီးမနိုင်သည့်အတွက် ခေတ္တဖြတ်ထားမည်ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်ချိန်တွင် လျှပ်စစ်အန္တရာယ်များ ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို အောက်တိုဘာလ (၁၁)ရက်နေ့ နံနက်(၇း၃၀)နာရီ မှ  ညနေ(၄း၃၀)နာရီအချိန်ထိ ဖြတ်တောက်ထားမှာ ဖြစ်သည်။

ပုန်းထွန်ရပ်ကွက်မှ ဆန်ဆိုင်း(ခ)ရပ်ကွက်နှင့် သက်ဆိုင်သည့် မီးလင်းရေးရုံး(မကာဟိုခမ်း)မှ အဓိက နေရာများတွင်သာ လျှပ်စစ်ပြုပြင်နေချိန်အတွင်း အနည်းငယ်ရရှိထားသည့် လျှပ်စစ်မီးကို ခွဲဝေသုံးစွဲ သွားမှာဖြစ်ပြီး၊ ဆန်ဆိုင်း(က)ရပ်ကွက်မှ မြို့ပြင်အထိ သက်ဆိုင်သော မြို့မီးလင်းရေးရုံးခွဲ(ပုံလို့)အနေဖြင့် နံနက်(၇း၃၀)နာရီမှ ညနေ(၄း၃၀)နာရီအချိန်ထိ လုံးဝ ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲရုံး၏ ကြံ့ခိုင်ရေး နှင့် ပြု ပြင် ထိန်းသိမ်းရေး လုပ်ဆောင်ရန်ရှိသည့် အတွက် ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ တွင် တာချီလိတ်မြို့ အတွင်းပိုင်းမှလွဲ၍ ကျန်နေရာများတွင် တစ်နေကုန် လျှပ်စစ်မီး ဖြတ်တောက်မှာ ဖြစ်ကြောင်း တာချီလိတ်မီးလင်းရေးရုံးမှ သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)အပို်င်းမှစ၍ မိုင်းဖုန်း၊ မိုင်းကိုးကျေးရွာအုပ်စုအထိ လျှပ်စစ်မီး တစ်နေကုန် ပျက်မည်ဖြစ်ပြီး မြို့တွင်းအပိုင်းဖြစ်သည့် ပုန်းထွန်ရပ်ကွက် မှ စ၍ ဆန်ဆိုင်း(ခ)ရပ်ကွက်အထိ ဗိုလ်ချုပ်လမ်းမ တစ်ကြော၊ ဆေးရုံနှင့် ရုံးများအား အရန်ပေးထားသော လျှပ်စစ်မီးကို မျှပေးထားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ထရန်စဖော်မာများကို လျှပ်စစ်မီးမနိုင်သည့်အတွက် ခေတ္တဖြတ်ထားမည်ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်ချိန်တွင် လျှပ်စစ်အန္တရာယ်များ ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို အောက်တိုဘာလ (၁၁)ရက်နေ့ နံနက်(ရး၃၀)နာရီ မှ ညနေ(၄း၃၀)နာရီအချိန်ထိ ဖြတ်တောက်ထားမှာ ဖြစ်သည်။

ပုန်းထွန်ရပ်ကွက်မှ ဆန်ဆိုင်း(ခ)ရပ်ကွက်နှင့် သက်ဆိုင်သည့် မီးလင်းရေးရုံး(မကာဟိုခမ်း)မှ အဓိက နေရာများတွင်သာ လျှပ်စစ်ပြုပြင်နေချိန်အတွင်း အနည်းငယ်ရရှိထားသည့် လျှပ်စစ်မီးကို ခွေဲဝသုံးစွဲ သွားမှာဖြစ်ပြီး၊ ဆန်ဆိုင်း(က)ရပ်ကွက်မှ မြို့ပြင်အထိ သက်ဆိုင်သော မြို့မီးလင်းရေးရုံးခွဲ(ပုံလို့)အနဖြေင့် နံနက်(ရး၃၀)နာရီမှ ညနေ(၄း၃၀)နာရီအချိန်ထိ လုံးဝ ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~