တာခ်ီလိတ္၌ သီတင္းကြ်တ္ပြဲေတာ္ကို ပထမအႀကိမ္အျဖစ္ ရွမ္းရိုးမကြင္း၌ ဗမာရိုးရာျဖင့္ က်င္းပမည္

တာခ်ီလိတ္၌ သီတင္းကြ်တ္ပြဲေတာ္ကို ပထမအႀကိမ္အျဖစ္ ရွမ္းရိုးမကြင္း၌ ဗမာရိုးရာျဖင့္ က်င္းပမည္
အောက်တိုဘာ 11, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ မွ ႀကီးမွဴးၿပီး ပထမအႀကိမ္အျဖစ္ သီတင္း ကြ်တ္ပြဲေတာ္ကို တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း အတြင္း၌ က်င္းပမည္ ျဖစ္ၿပီး အဆိုပါ ပြဲဲေတာ္တြင္ ျမန္မာ့ရိုးရာ ျခင္းလုံးအလွခတ္ပြဲ ႏွင့္ ျမန္မာ့ရိုးရာ အစားအစာ ေရာင္းခ်ျခင္းတို႔ျဖင့္ က်င္းပသြားမွာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္ကို ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔မွ ေအာက္တိုဘာလ (၁၆)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ၿပီး ပြဲေတာ္အတြင္း မႏၱေလးၿမိဳ႕မွ ျခင္းပညာရွင္မ်ားျဖစ္သည့္ ကိုမင္းသူ ၊ စကၤာပူ Sea Game ျပန္ ကိုေနဇင္ျဖိဳး ၊ မႏၱေလးတိုင္း လက္ေရြးစင္ မသႏၱာေက်ာ္ တို႔ သုံးဦး လာေရာက္ ေဖ်ာ္ေျဖ တင္ဆက္ၾကျပီး။ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔၏ ဗမာယဥ္ေက်းမႈ ရိုးရာအစားအစာအဖြဲ႔မွ ျမန္မာ့ရိုးရာ အစားအစာမ်ားကို ေရာင္းခ်ၾကမည္ျဖစ္ရာ ရိုးရာအစား အစာမ်ားအား လက္မွတ္(၁)ေစာင္လွ်င္ ဘတ္(၃၀)ႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မှ ကြီးမှူးပြီး ပထမအကြိမ်အဖြစ် သီတင်း ကျွတ်ပွဲတော်ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း အတွင်း၌ ကျင်းပမည် ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲ နှင့် မြန်မာ့ရိုးရာ အစားအစာ ရောင်းချခြင်းတို့ဖြင့် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၁၆ခုနှစ်  အောက်တိုဘာလ (၁၅)ရက်နေ့မှ အောက်တိုဘာလ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲတော်အတွင်း မန္တလေးမြို့မှ ခြင်းပညာရှင်များဖြစ်သည့် ကိုမင်းသူ၊ စင်္ကာပူ Sea Game ပြန် ကိုနေဇင်ဖြိုး၊ မန္တလေးတိုင်း လက်ရွေးစင် မသန္တာကျော် တို့ သုံးဦး လာရောက် ဖျော်ဖြေ တင်ဆက်ကြပြီး။ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၏ ဗမာယဉ်ကျေးမှု ရိုးရာအစားအစာအဖွဲ့မှ မြန်မာ့ရိုးရာ အစားအစာများကို ရောင်းချကြမည်ဖြစ်ရာ ရိုးရာအစား အစာများအား လက်မှတ်(၁)စောင်လျှင် ဘတ်(၃၀)နှုန်းဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~