တာခ်ီလိတ္ၿမိဳ႕၏ ရွမ္းရိုးရာယဥ္ေက်းမႈအေမြအႏွစ္ သင္တန္းဆင္းပြဲ

တာခ်ီလိတ္ၿမိဳ႕၏ ရွမ္းရိုးရာယဥ္ေက်းမႈအေမြအႏွစ္ သင္တန္းဆင္းပြဲ
အောက်တိုဘာ 28, 2016
By Tachileik News Agency

ရွမ္းရိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ားအား ေဖာ္ထုတ္ ထိန္းသိမ္းေရးႏွင့္ျမွင့္တင္ေရးအဖြဲ႔ျဖစ္သည့္ ရွမ္းလူငယ္အဖြဲ႔ ( Shan Youth Organization - SYO) မွ ရွမ္းရိုးရာယဥ္ေက်းမႈ အေမြအႏွစ္မ်ားျဖစ္သည့္ ကိႏၷရီ ကိႏၷရာအက၊ တိုးနယားအက၊ အိုးစည္ဗံုေမာင္း၊ ရွမ္းသိုင္း ႏွင့္ ရိုးရာယဥ္ေက်းမွဳအကမ်ား သင္ၾကားေပးမႈ သင္တန္းကို ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ(၁၈)ရက္ေန႔မွ ေအာက္တိုဘာလ(၂၈)ရက္ေန႔အထိ တာခ်ီလိတ္၌ က်င္းပျပဳလုပ္ၿပီး သင္တန္းေအာင္ပြဲအျဖစ္ ေအာက္တိုဘာလ(၂၈)ရက္ေန႔ ညပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရွိ မယ္ေခါင္ဘုန္းႀကီးေက်ာင္းဝန္းအတြင္း က်င္းပျပဳလုပ္သည္။

သင္တန္းေအာင္ပြဲတြင္ သင္တန္း၌ သင္ၾကားခဲ့ေသာ ကိႏၷရီကိႏၷရာအက၊ တိုးနယားအက၊ အိုးစည္ဗံုေမာင္း၊ ရွမ္းသိုင္း ႏွင့္ ရိုးရာယဥ္ေက်းမွဳအကမ်ားျဖင့္ ျပန္လည္၍ ေဖ်ာ္ေျဖခဲ့ေၾကာင္း ႏွင့္ သင္တန္းတြင္ တက္ေရာက္ သင္ယူသူ ဦးေရ(၂၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။

ဓါတ္ပံု - #ကိုဇက္ ၊ #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းရိုးရာယဉ်ကျေးမှုအမွေအနှစ်များအား ဖော်ထုတ် ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေးအဖွဲ့ဖြစ်သည့် ရှမ်းလူငယ်အဖွဲ့ ( Shan Youth Organization - SYO) မှ ရှမ်းရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ကိန္နရီ ကိန္နရာအက၊ တိုးနယားအက၊ အိုးစည်ဗုံမောင်း၊ ရှမ်းသိုင်း နှင့် ရိုးရာယဉ်ကျေးမှုအကများ သင်ကြားပေးမှု သင်တန်းကို ၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၈)ရက်နေ့မှ အောက်တိုဘာလ(၂၈)ရက်နေ့အထိ တာချီလိတ်၌ ကျင်းပပြုလုပ်ပြီး သင်တန်းအောင်ပွဲအဖြစ် အောက်တိုဘာလ(၂၈)ရက်နေ့ ညပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ မယ်ခေါင်ဘုန်းကြီးကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။

သင်တန်းအောင်ပွဲတွင် သင်တန်း၌ သင်ကြားခဲ့သော ကိန္နရီကိန္နရာအက၊ တိုးနယားအက၊ အိုးစည်ဗုံမောင်း၊ ရှမ်းသိုင်း နှင့် ရိုးရာယဉ်ကျေးမှုအကများဖြင့် ပြန်လည်၍ ဖျော်ဖြေခဲ့ကြောင်း နှင့် သင်တန်းတွင် တက်ရောက် သင်ယူသူ ဦးရေ(၂၀၀)ကျော်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - #ကိုဇက်၊ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~