ေဘာလခဲတြင္ အလႈရွင္တစ္ဦး၏ ေထာက္ပံ့မႈျဖင့္ က်ပ္သိန္း(၂၄၀၀)ကုန္က်သည့္ ေရနီေပါက္ ႀကိဳးတံတား ဖြင့္လွစ္

ေဘာလခဲတြင္ အလႈရွင္တစ္ဦး၏ ေထာက္ပံ့မႈျဖင့္ က်ပ္သိန္း(၂၄၀၀)ကုန္က်သည့္ ေရနီေပါက္ ႀကိဳးတံတား ဖြင့္လွစ္
အောက်တိုဘာ 14, 2016
By Tachileik News Agency

ကယားျပည္နယ္ ေဘာလခဲၿမိဳ႕နယ္ ေရနီေပါက္ေက်းရြာတြင္ ပုဂၢလိက အလွဴရွင္က က်ပ္သိန္းေပါင္း (၂၄၀၀) ေက်ာ္ အကုန္က်ခံတည္ေဆာက္ထားၿပီး JKT ဟု အမည္ေပးထားေသာ ပြန္ေခ်ာင္းကူး ႀကိဳးတံတားသစ္အား ေအာက္တိုဘာလအတြင္း ဖြင့္လွစ္လိုက္သည္။

"အခု ဒီႀကိဳးတံတားျဖစ္လာၿပီဆိုေတာ့ နံပါတ္တစ္ ပညာေရး၊ နံပတ္ႏွစ္ စားဝတ္ေနေရး၊ နံပတ္သုံးက ကၽြန္ေတာ္တို႔ အခ်ိန္တိုတိုနဲ႕သြားလာႏိုင္ဖို႔ဆိုတာ ေဒသခံေတြ ေရနီေပါက္ေက်းရြာပဲမဟုတ္ဘူး။ ပတ္ဝန္းက်င္မွာရွိတဲ႕ေက်းရြာ ေတြေရာ အကုန္သြားလာလို႔ လြယ္ကူသြားတယ္။ ကၽြန္ေတာ္တုိ႔ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ခဲ့ရတာ အခုျပည့္ျပီေပါ့"ဟု ေဒသခံတစ္ဦးျဖစ္သည့္ ဦးေအာင္ျမင့္ေအာင္က ေျပာသည္။

ၿပီးခဲ့သည့္ အစုိးရသက္တမ္းတေလွ်ာက္ အဆိုပါေဒသတြင္ တံတားေဆာက္ေပးရန္ တင္ျပခဲ့ေသာ္လည္း လုပ္ေဆာင္ေပးခဲ့ျခင္း မရိွဘဲ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ကယားျပည္နယ္ ေဘာ္လခဲေဒသ အမ်ဳိးသားလႊတ္ ေတာ္မဲဆႏၵနယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ယခင္ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးစိုးသိန္းက အဆိုပါ ေဒသတြင္ တံတားေဆာက္ေပးမည္ဟု မဲဆြယ္စည္းရံုးခဲ့ၿပီးေနာက္ တံတားေဆာက္လုပ္ေပးမည့္ အလွဴရွင္ကို ရွာေဖြေပးျခင္းျဖစ္သည္ဟု သိရသည္။

"ကၽြန္ေတာ္ ကိုယ္စားလွယ္တစ္ေယာက္ လစာ တစ္လ ဆယ္သိန္းပဲရတယ္။ ဒါေပမဲ့ ဒီမွာကၽြန္ေတာ္ လုပ္ေပးတာေတြ၊ ကၽြန္ေတာ္လွဴေနတာေတြက သိန္းေပါင္းမနည္းဘူး။ ကၽြန္ေတာ္က ကုသိုလ္ရခ်င္လို႔ ဖြံ႔ၿဖိဳးေစခ်င္လို႔ပဲ လုပ္ေပးတာဆိုတာကိုေတာ့ အသိေပးခ်င္ပါတယ္"ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးသိန္းက ေျပာသည္။

ေရနီေပါက္ေက်းရြာသည္ ေဘာလခဲ - ဖားေဆာင္း ကားလမ္းမႀကီးေဘး ပြန္ေခ်ာင္းတစ္ဖက္ကမ္းတြင္ ရွိေနၿပီး ယခင္က ပြန္ေခ်ာင္းအား ေလွျဖင့္ကူးရျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ကဆို ေလွဆိုတာ ကိုယ့္ဘာသာလုပ္တဲ့ ေလွေတြ အရမ္းလူးတယ္။ အရင္က ေဆးဆရာမ တစ္ေယာက္ ဒီဖက္ကမ္းကူးဖို႔ လိုက္ပို႔ရင္း ေလွေမွာက္သြားဖူးတယ္။ ဆရာမ ဆုံးသြားတယ္။ ေနာက္ထပ္လည္း အမ်ားႀကီးရွိတယ္။ အသက္လုၿပီး သြားရတာေပါ့ ေရတက္တဲ့အခ်ိန္ဆို ပိုဆိုးတယ္ “ဟု ေဒသခံတစ္ဦးျဖစ္သည့္ ဦးျမင့္ေဆြက ေျပာသည္။

အဆိုပါ တံတားဖြင့္ပြဲသို႔ တံတားအလႈရွင္ရွာေပးသည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးသိန္း မွ ကိုယ္တိုင္ လာေရာက္ ဖြင့္လွစ္ေပးခဲ့ေၾကာငး္ သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာတွင် ပုဂ္ဂလိက အလှူရှင်က ကျပ်သိန်းပေါင်း (၂၄၀၀) ကျော် အကုန်ကျခံတည်ဆောက်ထားပြီး JKT ဟု အမည်ပေးထားသော ပွန်ချောင်းကူး ကြိုးတံတားသစ်အား အောက်တိုဘာလအတွင်း ဖွင့်လှစ်လိုက်သည်။

"အခု ဒီကြိုးတံတားဖြစ်လာပြီဆိုတော့ နံပါတ်တစ် ပညာရေး၊ နံပတ်နှစ် စားဝတ်နေရေး၊ နံပတ်သုံးက ကျွန်တော်တို့ အချိန်တိုတိုနဲ့သွားလာနိုင်ဖို့ဆိုတာ ဒေသခံတွေ ရေနီပေါက်ကျေးရွာပဲမဟုတ်ဘူး။ ပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာ တွေရော အကုန်သွားလာလို့ လွယ်ကူသွားတယ်။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာ အခုပြည့်ပြီပေါ့"ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးအောင်မြင့်အောင်က ပြောသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းတလျှောက် အဆိုပါဒေသတွင် တံတားဆောက်ပေးရန် တင်ပြခဲ့သော်လည်း လုပ်ဆောင်ပေးခဲ့ခြင်း မရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ဘော်လခဲဒေသ အမျိုးသားလွှတ် တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယခင်ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းက အဆိုပါ ဒေသတွင် တံတားဆောက်ပေးမည်ဟု မဲဆွယ်စည်းရုံးခဲ့ပြီးနောက် တံတားဆောက်လုပ်ပေးမည့် အလှူရှင်ကို ရှာဖွေပေးခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော် ကိုယ်စားလှယ်တစ်ယောက် လစာ တစ်လ ဆယ်သိန်းပဲရတယ်။ ဒါပေမဲ့ ဒီမှာကျွန်တော် လုပ်ပေးတာတွေ၊ ကျွန်တော်လှူနေတာတွေက သိန်းပေါင်းမနည်းဘူး။ ကျွန်တော်က ကုသိုလ်ရချင်လို့ ဖွံ့ဖြိုးစေချင်လို့ပဲ လုပ်ပေးတာဆိုတာကိုတော့ အသိပေးချင်ပါတယ်"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။

ရေနီပေါက်ကျေးရွာသည် ဘောလခဲ - ဖားဆောင်း ကားလမ်းမကြီးဘေး ပွန်ချောင်းတစ်ဖက်ကမ်းတွင် ရှိနပြေီး ယခင်က ပွန်ချောင်းအား လှဖြေင့်ကူးရခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကဆို လှေဆိုတာ ကိုယ့်ဘာသာလုပ်တဲ့ လှေတွေ အရမ်းလူးတယ်။ အရင်က ဆေးဆရာမ တစ်ယောက် ဒီဖက်ကမ်းကူးဖို့ လိုက်ပို့ရင်း လှေမှောက်သွားဖူးတယ်။ ဆရာမ ဆုံးသွားတယ်။ နောက်ထပ်လည်း အများကြီးရှိတယ်။ အသက်လုပြီး သွားရတာပေါ့ ရေတက်တဲ့အချိန်ဆို ပိုဆိုးတယ် “ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးမြင့်ဆွေက ပြောသည်။

အဆိုပါ တံတားဖွင့်ပွဲသို့ တံတားအလှုရှင်ရှာပေးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း မှ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့ကြောငး် သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~